Pages

Monday, June 16, 2014

အာဂျင်တီးနားက ဘော့စနီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်

ကမ္ဘာ့ဖလား အုပ်စု (F) ရဲ့ အာဂျင်တီးနား နဲ့ ဘော့စနီးယားပွဲစဉ်မှာ အာဂျင်တီးနားက ဘော့စနီးယားကို ၂ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။ 

 အာဂျင်တီးနားကို အနိုင်ဂိုးသွင်းခဲ့သူ တိုက်စစ်မှူး မက်ဆီ၊ ဓာတ်ပုံ- FIFA

ဒီပွဲမှာ နှစ်သင်းစလုံး ဖွင့်ပြီး အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြတဲ့ အတွက် ပွဲကောင်းတပွဲဆိုရင်လည်း မမှားပါ ဘူး။ 

ဒါပေမယ့် အာဂျင်တီးနားရဲ့ ကစားပုံဟာ အကောင်းဆုံးအဆင့်မှာတော့ရှိမနေသေးဘူးလို့ဆိုရမှာပါ။ 

ပထမပိုင်း ပွဲအစ ၃မိနစ်မှာပဲ အာဂျင်တီးနားက အလွတ်တည်ကန်ဘောရရှိ ကန်သွင်းရာမှာ ဘော့စနီးယား ကစား သမား ကိုလက်စီနက်နဲ့ ထိပြီး အဖွင့်ဂိုးရရှိသွားပါတယ်။ 

ဂိုးပေးလိုက်ရပြီးနောက်မှာ ဘော့စနီးယားအသင်းဟာ အာဂျင်တီးနားဘက်ကို ပိုမိုထိုးဖောက် ကစားခဲ့ပေ မယ့်၊ ဒုတိယပိုင်း ၆၅ မိနစ်မှာ အာဂျင်တီးနားရဲ့ ကမ္ဘာကျော် တိုက်စစ်မှူး မက်စီက ဘောစနီးယားအသင်း ဘက် ဘီးကုတ် ထိပ်ကနေ လှလှပပ ကန်သွင်းလိုက်တဲ့အတွက် အာဂျင်တီးနား ဒုတိယဂိုးရရှိသွားပါတယ်။ 

ဒါပေမယ့်လည်း တဖက်က ဘော့စနီးယား အသင်းကလည်း ပိုမိုထိုးဖောက်လာပြီး ဒုတိယပိုင်း ၈၄ မိနစ် မှာတော့ ဘော့စနီးယား ကစားသမား ကျောနံပါတ် ၉ ကနေ ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ 




 






No comments:

Post a Comment