Pages

Monday, June 16, 2014

ထိုင်း ရောက် မြန်မာအလုပ်သမားတွေကို ပစ်မထားပါနဲ့ သမ္မတကြီး ( ပေးစာ)

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ တကိုယ်တော် ဆန္ဒပြမည့် သူတဦးက ဧရာဝတီကို ပေးစာ တစောင် ပို့ထားပါတယ်။ သူ ဆန္ဒပြမယ့်အကြောင်းက ထိုင်းနိုင်ငံမှာ ပါ့စ်ပို့ ( နိုင်ငံကူး)လက်မှတ် ရှိပေမယ့် ထိုင်း ရဲတွေရဲ့ ဖမ်းဆီးမှု ဆက်တိုက်ခံနေရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ကိုယ်စား မြန်မာသံရုံးက တာဝန် ကင်းမဲ့နေမှုကို ကန့်ကွက်ဆန္ဒပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။ 


"ယခု ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေနေများနှင့်အတူ ပါ့စပို့(စ်) အပါဝင် သက်သေ အထောက်အထားခိုင်လုံ စွာရှိနေသော မြန်မာအလုပ်သမားများသည် ယခင်ရောယခုပါ မတရားသဖြင့် ဖမ်းဆီးခံနေရမှုများကို ဘန်ကောက်မြန်မာသံရုံးမှ သိနေပါသောလည် မိမိတို့နှင့် မသက်ဆိုင်သလို တာဝန် ကင်းမဲ့စွာ နေသောကြောင့် ကျနော်များမှ မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်ချက်မပါပဲ မည်သည့် ပါတီ မည်သည့်အဖွဲ့ကိုမှ ကိုယ်စာပြုခြင်း မဟုတ်ပဲ မိမိနှင့်ဘ၀တူ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား၏ ခံစားတွေ့ကြုံနေ ရသော ပြဿနာများအတွက် မိမိတစ်ဦးတည် လာမည့်အင်္ဂါနေ့ နံနက် ၁၀ နာရီ၌ ထိုင်း
နိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့၌ တစ်ကိုယ်တော်ဆန္ဒပြမည်ဖြစ်ပါ၍ ဖြစ်ပေါ်လာမည် အကျိုးဆက် များ သည် မိမိတစ်ဦးတစ်ယောက်တည်၏ တာဝန်ဖြစ်ပါသည်။ "

လို့ ဆန္ဒပြမည့်သူက ပေးပို့တဲ့ ဓာတ်ပုံ ၂ ပုံနဲ့ စာမှာ ဖော်ပြထားပါတယ်။ 

 

ထိုင်း နိုင်ငံမှာ အခုတလော ဆက်တိုက်ဆိုသလို တရားမဝင် နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတာမှာ 
မြန်မာနိုင်ငံသားအများစုဖြစ်ပြီး တရားဝင် အထောက်အထားတွေ ရှိပေမယ့် ဖမ်းဆီး အနိုင်ကျင့်ခံရမှု တွေ ရှိနေတယ်လို့ ရွှေ့ပြောင်း မြန်မာအလုပ်သမား အသိုင်းအဝိုင်းတွေက ပြောနေပါတယ်။ 




အိမ့်သံစဉ် ~ 











1 comment:

  1. How many kinds of Passport in Myanmar? I have never seen it before, My passport is "Republic of the Union of Myanmar"....not "Union of Myanmar

    ReplyDelete