Pages

Thursday, July 24, 2014

နယ်စည်းမခြားဆရာဝန်များအဖွဲ့ပြန်လာဖို့ ရခိုင်ပြည်နယ်အစိုးရဖိတ်ခေါ်

 ~




နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ကို လုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်ဖို့ ဖိတ်ခေါ်တဲ့သဘော ရခိုင်ပြည်နယ်အစိုးရက ဖိတ်ခေါ်ကြောင်း

ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၃ က ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ကြေညာချက်မှာ ဇူလိုင် ၂၃ လို့ ရက်စွဲ တပ်ပါတယ်။

"ရခိုင်တိုင်းရင်းသားများ၏ ဆန္ဒကို အလေးထားလျက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန်"  ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဖိတ်ခေါ်အပ်ပါသည် လို့ ကြေညာချက်မှာ ရေးပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ၂၄ ဖွဲ့ရှိတယ်။
အဲဒီအဖွဲ့တွေမှာ နိုင်ငံခြားသားဝန်ထမ်း ၇၂ ဦး၊ မြန်မာပြည်တွင်းဝန်ထမ်း ၁၁၃ ဦး လုပ်ကိုင်နေတယ်လို့ ကြေညာချက်မှာ တွေ့ရပါတယ်။

 ဒီအဖွဲ့တွေ ဆောင်ရွက်နေတဲ့ လုပ်ငန်းများနဲ့ ပတ်သက်ပြီး ကြေညာချက်မှာ ရေးထားတာကို ကောက်နုတ် ဖော်ပြရရင် ..


  • ကျန်းမာရေးပြုစုစောင့်ရှောက်ရေး၊
  • ရေကောင်းရေသန့်ရရှိရေး၊
  • အာဟာရဖွံ့ဖြိုးရေး၊
  • သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊
  • ပတ်ဝန်းကျင်သန့်ရှင်းရေး၊
  • အသက်မွေးဝမ်းကြောင်းဆိုင်ရာ ထောက်ပံ့ရေး၊
  • စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကိစ္စရပ်များ၊
  • ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊
  • GENDER (ကျား/မ)အခြေပြု ခွဲခြားဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များ

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က MSF ကို ပြည်နယ်တွင်း  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ  ရပ်ဆိုင်းဖို့ ပြောတဲ့အတွက် ဖေဖော်ဝါရီလကုန်ပိုင်းမှာ နားခဲ့ပါတယ်။

 MSF က ရခိုင်ပြည်နယ် မြို့နယ် ၉ ခုမှာ  ဆေးခန်းတွေ ပိတ်ခဲ့ပါတယ်။

ဒီကြေညာချက်ကြောင့် လုပ်ငန်းတွေ ပြန်လည် အစပြုဖို့ လမ်းပွင့်သွားတဲ့သဘောလို့ ဆိုရပါမယ်။
 MSF ကို စာပေးပို့အကြောင်းကြားတဲ့နည်းနဲ့ တရားဝင် ဖိတ်ခေါ်တာ မရှိသေးဘူးလို့ ဧရာဝတီက ဒီမနက် စုံစမ်း သိရှိရပါတယ်။

ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရအရာရှိ ဦးဝင်းမြိုင်ကို

ဧရာဝတီက ဒီမနက်  ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

သူတို့ဆီမှာ ဒီနေ့ထုတ် သတင်းစာ မရောက်သေးတဲ့အတွက် သတင်းစာမှာပါတဲ့

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး  တစုံတရာ ပြောနိုင်မယ်မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

အစိုးရသတင်းစာပါကြေညာချက် နဲ့ ဆက်စပ်သတင်းလင့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 
.

No comments:

Post a Comment