Pages

Thursday, July 24, 2014

ကလေးတို့ အကြိုက် လူသား Transformer

ရုပ်ရှင်လောကမှာ နာမည်ကြီးလူကြိုက်များတဲ့ Transformer ဆို လူအတော်များများ သိကြပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းကို ကလေးတွေကလည်း အရမ်း စိတ်ဝင်စားကြတော့ အခုဆို လူသား Transformer ကနေ လမ်းဘေးမှာ ကလေးငယ်တွေကို လိုက်ပြီး ဖျော်ဖြေမှု မြင်ကွင်း တခုပါ။ 


အနောက်နိုင်ငံတွေမှာ အထူးသဖြင့် ကလေးငယ်တွေနဲ့ပတ်သက်ပြီး ဦးစားပေး စဉ်းစားလုပ်ကိုင်ကြတာ အများလည်းသိကြမယ် ထင်ပါတယ်။ 

လွန်ခဲ့တဲ့ မေလ က ယူကျုပေါ် တင်ထားခဲ့တဲ့ ကလေးတွေအကြိုက် လူသား Transformer က ဖျော်ဖြေ စဉ်မှာ သူဟာ ကားလား၊ လူလားလို့ မေးခွန်းထုတ်ရအောင် ဖန်တီးထားပါတယ်။ 

မိန်းကလေးငယ်လေး တဦးကတော့ လူသား Transformer ကို မင်းဟာ အလွန်ပါရမီထူးတယ်လို့ မှတ်ချက်ပေးတယ်။ 

Human Transformer ဟာ လမ်းဘေး ဖျော်ဖြေမှုမှာပါ အောင်မြင်တာဖြစ်ပါတယ်။ 

သူက အ၀တ်အစားကို ကားလို ၀တ်ဆင်ပြီး မြေပြင်မှာလည်း အလျားမှောက် ကာ ကားလို မောင်းပြတော့ ကလေးတွေက ပိုပြီး နှစ်ခြိုက် ကြတာဖြစ်ပါတယ်။

  

အိမ့်သံစဉ် ~













No comments:

Post a Comment