Pages

Thursday, July 24, 2014

အရေးပေါ်ဆင်းသက်ရာမှ ထိုင်ဝမ်တွင် လေယာဉ်တစ်စင်း ပျက်ကျ

ခရီးသည် ၅၄ ဦးနှင့် လေယာဉ်အမှုထမ်း ၄ ဦး ပါဝင်သော ထိုင်ဝမ် TranAsia လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတု ဆိုးရွာမှုကြောင့် Penghu ကျွန်းပေါ်ရှိ Mangong 
လေဆိပ် အနီးတွင် ဆင်းသက်မရဘဲ ပျက်ကျသွားမှုကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၄၇ ဦး သေဆုံးပြီ ၁၁ ဦး ဒဏ်ရာရသွားခဲ့သည်။ 


TransAsia flight GE222 ဟာ လူပေါင်း ၅၀ ကျော်ကို တင်ဆောင်ထားတဲ့ပြီး မာဂုန်လေဆိပ်အနီးမှာ အရေးပေါ် ဆင်းသက်စဉ်မှာ ပျက်ကျသွားခဲ့တာလို့ ထိုင်ဝမ်မီဒီယာတွေက ဆိုပြီး အေပီ သတင်းအဆိုအရ ၅၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိတယ်လို့လည်း ဆိုပါတယ်။ ဒဏ်ရာရသူတွေကိုတော့ အနီးဆုံး ဆေးရုံ ကို ပို့ထားတယ်လို့လည်း ဆိုပါတယ်။

အခု ပျက်ကျသွားတဲ့ လေယာဉ်ဟာ သက်တမ်း ၁၄ နှစ်ရှိပြီဖြစ်ပါတယ်။

ထိုင်ဝမ်ဒေသတဝိုက် မက်တ်မို တိုင်ဖုန်း မုန်တိုင်းက တနာရီကို ၈၅ မိုင်နှုန်း တိုက်ခိုက်နေရာ တိုင်ဝမ် အရှေ့ဘက်ကမ်းတလျှောက်လည်း မုန်းတိုင်းရိုက်ခတ်သွားတယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~

 










No comments:

Post a Comment