Pages

Wednesday, July 23, 2014

ဂါဇာမှာ ဘီဘီစီ သတင်းသမားတဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရ

ဂါဇာ မှာ ဘီဘီစီ အာရေဗျ ဘာသာစကားနဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အခြေအနေတွေကို တီဗွီကနေ တိုက်ရိုက်သတင်းထုတ်လွှင့်နေစဉ်မှာ ဒေါသဖြစ်နေတဲ့ အစ္စရေး နိုင်ငံသား တဦးက သတင်း တင်ဆက်နေ သူ သတင်းထောက်ကို ရုတ်တရက် ဝင်ရောက် တိုက်ခိုက်ပါတယ်။ 




သတင်းတိုက်ရိုက်တင်ဆက်နေချိန်ဖြစ်လို့ အစ္စရေး လူမျိုး တဦးရဲ့ သတင်းသမားကို ဝင်တိုက်ခိုက်မှုဟာ အထင်အရှားမြင်လိုက်ကြပြီး သတင်းအဖွဲ့နဲ့ ပါလာသူတဦးက ဝင်ရောက်ဟန့်တား အကာအကွယ် ပေးခဲ့ရပါ တယ်။ 

အခုအချိန်မှာတော့ ဂါဇာ မှာ အစ္စရေးရဲ့ ပါလက်စတိုင်း ဟားမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထား အရှိန်မြင့် တိုက်ခိုက်မှုတွေ ရှိလာနေပြီး ပါလက်စတိုင်းဘက်က ကလေးငယ်တွေအပါအဝင် လူပေါင်း ၅ဝဝ လောက် သေဆုံးနေပြီလို့ သတင်းတွေက ဆိုပါတယ်။ 

အခုလို စစ်မက် တင်းမာမှုဖြစ်နေတဲ့ ဂါဇာ ဒေသမှာ သတင်းသမားတွေလည်း အသက်နဲ့ ရင်းပြီး သတင်းပို့နေကြရပါတယ်။

  


အိမ့်သံစဉ် ~ 


 








No comments:

Post a Comment