Pages

Friday, July 25, 2014

အယ်ဂျီရီးယား လေယာဉ်ပျက်ကို တွေ့ပြီ

ကမ္ဘာတခွင် ၇ ရက်အတွင်း တတိယမြောက် ပျက်ကျသွားတဲ့ အယ်ဂျီးရီးယား လေယာဉ် အပျက်အစီးတွေ ကို တွေ့ရှိပြီလို့ Burkina Faso အာဏာပိုင်တွေက ပြောပါပြီ။



မနေ့တုန်းက Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ AH5017 လေယာဉ် အပျက်အစီးကို မာလီနိုင်ငံ Boulikessi ရွာအနီး၊ Burkina Faso နယ်စပ်နဲ့ ၃၁ မိုင် ( ၅ဝ ကီလိုမီတာ ) အကွာနေရာမှာ တွေ့ရ တာဖြစ်တယ်လို့ Burkina Faso အာဏာပိုင်တွေက ဒီကနေ့ အတည်ပြု ပြောပါတယ်။ 

မာလီအစိုးရနဲ့ သဘောတူညီမှု Burkina အာဏာပိုင်တွေက လေယာဉ်ပျက်ကျတယ်လို့ ယူဆတဲ့နေရာ ကို စေလွှတ်ခဲ့တာဖြစ်တယ်လို့ Burkina Faso သမ္မတရဲ့ လက်ထောက် က ဆက်ပြောထားပါတယ်။ 

" လေယာဉ်တစီးလုံးက တစစီ ပျက်စီး မီးလောင်သွားတာကို ကျနော်တို့ လူတွေက တွေ့ပါတယ်" လို့ သူက ဆက်ပြောပါတယ်။ 

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်ပြီး သူက ထုတ်ပြောတာမျိုး သတင်းမှာ မတွေ့ရပေ မယ့် အသက်ရှင်ကျန်ရစ်ဖို့ မလွယ်ပါဘူး။ 

လေယာဉ်ဟာ မိုးသက်မုန်တိုင်းဖြစ်နေချိန်မှာ ပျက်ကျခဲ့တာဖြစ်ပြီး ဘာကြောင့် လေယာဉ်ပျက်ကျခဲ့တယ် ဆိုတာတော့ သက်ဆိုင်ရာက စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

  


အိမ့်သံစဉ် ~ 


 












No comments:

Post a Comment