Pages

Friday, July 25, 2014

လူစွန့်စားတို့ရဲ့ ခြေနင်းပျံ

လူတချို့ဟာ စွန့်စားရတာကို ဝါသနာ ထုံကြပါတယ်။ တချို့ စွန့်စားမှုတွေက အသက်နဲ့ ရင်းကြရတာပါ။ အခု ဒီဗွီဒီယိုမှာ  Skyboard ကို လူတဦးက စီးပြတာ ရင်သတ်ရှုမောစရာဖြစ် သလို အသက်အန္တရာယ်နဲ့ လည်း အရမ်း နီးတယ်လို့ ပြောလို့ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာတော့ ဒီလို ခြေနင်းပျံမျိုး မရှိသေးပါဘူး။


 ဒီလိုမျိုး ဘယ်သူ လုပ်ရဲပါ့မလဲ။ ဗွီဒီယိုထဲမှာ မြင်ရတဲ့ အတိုင်း ရေပြင်မှာ ရေတွန်းအား နဲ့ မောင်းနှင်တဲ့ 
ခြေနင်းပျံ (စကိုင်းဘုတ်) ကို လူတဦးက ပိုင်ပိုင်နိုင်နိုင် စွန့်စွန့်စားစား စီးပြနေတာပါ။ အခု စီးပြတဲ့ ခြေနင်းပျံ ဟာ အရင်က တီထွင်ထားခဲ့တဲ့ ခြေနင်းပျံနဲ့ မတူပါဘူး။

  

ဒါပေမယ့် အခု နောက်ဆုံး စီးနင်းပြသလိုက်တဲ့ ခြေနင်းပျံ စကိုင်း ဘုတ်က အဲဒီတုန်းကလို လက်ကိုင်ထိန်း မပါဘဲ ကိုယ်ဟန်ချက်နဲ့သာ ထိန်းသိမ်းရတဲ့ အမျိုးအစားဖြစ်ပါတယ်။

 စကိုင်းဘုတ်ကို ၂ဝ၁၁ ခုနှစ်ကလည်း သြစတြေးလျ ကမ်းခြေမှာ လူတဦးက စီးပြခဲ့ပါသေးတယ်။ အဲဒီ ခြေနင်းပျံ စကိုင်းဘုတ်ကို သူက လင်းပိုင်ငါး တကောင်လို ရေထဲ ဒိုက်ထိုးပြီး ခြေနင်းပျံ တွန်းအားနဲ့ ပျံတက်လာပြီး ရေပြင်ထက် စီးနင်းပြခဲ့ပါသေးတယ်။ 

စကိုင်းဘုတ် ခြေနင်းပျံဟာ အမေရိကန် ဒေါ်လာ ၁၂ဝဝဝ လောက် တန်ဘိုးရှိတယ်လို့ ဆိုပါတယ်။

  

၂ဝ၁၃ ခုနှစ်က ခြေနင်းပျံတွေကို အုပ်စုလိုက် စီးပြထားတာပါဘဲ။ ဒီဗွီဒီယို မှာတော့ စကိုင်းဘုတ်စီးသူတွေ ဟာ ရေထဲမှာလည်း ငါးတကောင်လို စီးပြသွားပြပါတယ်။

  


အိမ့်သံစဉ် ~ 


 









No comments:

Post a Comment