Pages
Wednesday, July 23, 2014
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲ ဂျိုကိုဝီ အနိုင်ရ
.
အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ မစ္စတာ ဂျိုကို ဝီဒိုဒိုကို အင်ဒိုနီးရှား အထွေထွေ ရွေးကောက်ပွဲ 
ကော်မရှင် က အနိုင်ရ သူအဖြစ် ယမန်နေ့က ကြေညာလိုက်ပါတယ်။ 
 ရွေးကောက်ပွဲ အပြီး အနိုင်ရမယ်လို့ ယုံကြည်ထားခဲ့သူ ဂျိုကိုဝီ၊ ဓာတ်ပုံ​​- ရိုက်တာ
ဂျိုကိုဝီ ဟာ သမ္မတ ရွေးကောက်ပွဲမှာ မဲပေးသူများရဲ့ ထောက်ခံမှု ၅၃.၁၅ ရာခိုင်နှုန်း ရရှိပြီး ပြိုင်ဘက် မစ္စတာ ပရာဘိုဝိုက တော့ ၄၆. ၈၅ ရာခိုင်နှုန်းသာ ရရှိခဲ့တယ်လို့ အထွေထွေရွေးကောက်ပွဲ ကော်မရှင် က ဇူလိုင်လ ၂၂ ရက်နေ့က ကြေညာပါတယ်။ 
ဒီလို ကြေညာလိုက်ချိန်မှာ မစ္စတာ ပရာဘိုဝိုက သမ္မတရွေးကောက်ပွဲက ဒီမိုကရေစီ နည်းလမ်းမကျတာ
တွေကြောင့်  ကော်မရှင် က ဂျိုကိုဝီကို အနိုင်ရသူအဖြစ် မကြေညာခင် နာရီပိုင်း အလိုမှာပဲ သူ နုတ်ထွက် တယ်လို့ကြေညာခဲ့ပါတယ်။
ကမ္ဘာ့ စတ္တုတ္ထမြောက် လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ မစ္စတာ ဂျိုကိုဝီဟာ အခြေခံ လူတန်းစားကနေ သမ္မတအထိ ဖြစ်လာခဲ့တာကြောင့် တချိန်က ဆူဟာတိုခေတ်ကုန်သွားပြီလို့ ဆိုရမှာပါ။ 
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ သမ္မတရွေးကောက်ပွဲ ကျင်းပစဉ်က အင်ဒိုနီးရှား ပြည်သူ
တွေ ဟာ ၁ဝ နှစ် တာ ကာလအတွင်း သူတို့ လိုလားတဲ့ နှစ်ခြိုက်သဘောကျတဲ့ သူကို သမ္မတ အဖြစ် 
တိုက်ရိုက် ရွေးကောက်တင်မြှောက်နိုင်လိုက်တာ ဖြစ်ပါတယ်။ 
သမ္မတရွေးကောက်ပွဲအပြီး ကော်မရှင်က အခုလို မကြေညာခင်တုန်းက သမ္မတောင်းတွေ ဖြစ်ကြတဲ့ ဂျိုကိုဝီနဲ့ ပြိုင်ဘက် ပရာဘိုဝို တို့ ၂ ဦးလုံးက အနိုင်ရသူ တွေအဖြစ် ကြွေးကြော်ခဲ့ကြပြီး အငြင်းပွားဖွယ်
ဖြစ်ခဲ့ကြပါသေးတယ်။ 
အခုလို ကော်မရှင်က မစ္စတာ ဂျိုကိုဝီကို သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူ သမ္မတလောင်းအဖြစ် အတည်ပြု ကြေညာ လိုက်ပြီးနောက် ဂျိုကိုဝီအနေနဲ့ လာမယ့် အောက်တိုဘာလ ၂ဝ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ သမ္မတအဖြစ် ကျမ်း သစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။ 
အခုအခါမှာတော့ ဂျိုကိုဝီကို ထောက်ခံသူတွေက အောင်ပွဲ ကျင်းပဖို့ တချို့ဆို ခေါင်းမှာ ကတုံးတွေ တုံးပြီး 
ပြင်ဆင်နေတာ တွေ ရှိနေပါတယ်။ 
အသက် ၅၃ နှစ်ရှိ သမ္မတဖြစ်လာမယ့် ဂျိုကိုဝီ ဆိုတာ ဂျာဗား အလယ်ပိုင်း ဆိုလိုမြို့နေ လူ ဆင်းရဲတဲ့ မိသားစုက ဆင်းသက် လာသူဖြစ်ပြီး လူထု ဆက်ဆံရေးလည်း အလွန်ပြေပြစ်တဲ့အတွက် လူထု ထောက်ခံမှု ကြီးကြီးမားမား ရရှိထားသူပါ။ 
ဂျိုကိုဝီဟာ ဆိုလို မြို့တော်ဝန်ဘ၀နဲ့ သူ့နိုင်ငံရေးဘ၀ကို စတင်ခဲ့တယ်လို့ ပြောလို့ရပြီး အင်ဒိုနီးရှားနိုင်ငံမှာ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့အစိုးရဖြစ်ပေါ်လာရေး အစဉ်တစိုက် တိုက်တွန်းပြောကြားနေလေ့ ရှိသူတဦးဖြစ်ပါတယ်။ 
သူဟာ အရင် အင်ဒိုနီးရှား အစိုးရတွေရဲ့ မဟုတ်မမှန် လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်
လေ့ရှိပြီး ဆိုလို မြို့တော်ဝန် ဘ၀ က ကမ္ဘာ့အကောင်းဆုံး မြို့တော်ဝန်ရယ်လို့ အသိအမှတ်ပြု ခံရသူပါ။ 
မွတ်စလင် အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဂျွန်ဂျိုဝီ ဟာ တရုတ်နွယ်ဖွား ခရစ်ယာန်နိုင်ငံရေးသမားတွေနဲ့ လည်း ဆက်ဆံရေး အလွန်ပြေပြစ်တာကြောင့် တဖက် ပြိုင်ဘက်က ထိုးနှက်ချက်တွေလည်း သမ္မတ
ရွေးကောက်ပွဲအကြို အတော်ရင်ဆိုင်ဖြတ် သန်းခဲ့ရတာပါ။ 
ဒါကြောင့်လည်း သူ့ကို အင်ဒိုနီးရှားရဲ့ အိုဘားမားရယ်လို့ အများက ခေါ်ဝေါ်သတ်မှတ်ကြတာပါ။ 
လက်ရှိသမ္မတ ဆူဆီလို ဘန်ဘန်း ယူဒို ယိုနိုအနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တတိယအကြိမ် သမ္မတ 
ဖြစ်ခွင့် မရှိ လို့ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့တာကြောင့် သူ့နေရာမှာ ဂျွန်ဂျိုဝီကို အင်ဒိုနီးရှား လူထုက လိုလားကြတာပါဘဲ။ 
 ဂျိုကိုဝီဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အနာဂတ်ကို နိုင်ငံသား အားလုံး ပူးပေါင်းပါဝင်ပုံဖော်နိုင်ဖို့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ လူ့အခွင့် အရေး လေးစားရေး၊ တရား မျှတမှုတွေအတွက် တိုက်ပွဲ ၀င်ရေး၊ ငြိမ်းချမ်းရေးနဲ့ ငြိမ်းချမ်းစွာ မတူကွဲပြားသူများအတူ ယှဉ်တွဲနေထိုင်ရေး ကိစ္စ တွေကို အစဉ်ပဲ အလေးပေး ပြောဆိုပါတယ်။
လင်းသန့် ~
ဆက်စပ်
အမှားပြင်ဆင်ချက် ။ ။ ဇူလိုင်လ ၂၃ ရက်နေ့မနက် ၁၁ နာရီတွင် အောက်ပါအတိုင်း ပြန်လည် ပြင်ဆင်ရေး သားလိုက်သည်။
မွတ်စလင် အများစုရှိတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဂျွန်ဂျိုဝီ ဟာ တရုတ်နွယ်ဖွား ခရစ်ယာန်နိုင်ငံရေးသမားတွေနဲ့ လည်း ဆက်ဆံရေး အလွန်ပြေပြစ်တာကြောင့် တဖက် ပြိုင်ဘက်က ထိုးနှက်ချက်တွေလည်း သမ္မတ
ရွေးကောက်ပွဲအကြို အတော်ရင်ဆိုင်ဖြတ် သန်းခဲ့ရတာပါ။
.
1 comment:
  1. ဧရာဝတီ အယ်​ဒီတာ ခင်​ဗျား
    အင်​ဒိုနီးရှား၌ပညာဆည်းပူး​နေသူတစ်​ဦး
    ReplyDelete