Pages

Wednesday, July 23, 2014

ဒီကားမျိုးကို ဘယ်လို လောင်စာနဲ့ မောင်းသလဲ

.

ကမ္ဘာကြီးမှာ ယဉ်ကျေးမှု တိုးတက်လာတာနဲ့အမျှ နည်းပညာတွေလည်း အဆင့်မြင့်လာခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာမှာ အလိုအပ်ဆုံးဖြစ်တဲ့ လောင်စာဆီနဲ့ပတ်သက်ပြီး လူသားတွေလည်း အမျိုးမျိုး သက်သာအောင် စဉ်း
စားတီထွင်လာကြပါတယ်။ 




မော်တော်ကားမှာ လောင်စာဆီဟာ အများက ဓာတ်ဆီ၊ ဒီဇယ်၊ သဘာဝ ဓာတ်ငွေ့၊ လျှပ်စစ် စတဲ့ 
လောင်စာ တွေနဲ့ သုံးကြတာများပါတယ်။ ဒါလည်း နည်းပညာ ဆန်းသစ်မှုတွေနဲ့ လောင်စာကို သက်သာ သည်ထက် သက်သာအောင် ဖန်တီးလာကြတာပါ။ 

အခု နောက်ဆုံး လောင်စာဆီနဲ့ပတ်သက်ပြီး ရယ်မောဖွယ်ရာ အကြောင်းအရာပါ။ 

ဒါ ကတော့ ကားကို မောင်းနှင်ဖို့ အသုံးပြုတဲ့ လောင်စာဆီက လူသားက ထုတ်လွှတ်တဲ့ သဘာဝ ဓာတ်ငွေ့ ဖြစ်ပါတယ်။ 

လူသားက ထုတ်လွှတ်တဲ့ ဓာတ်ငွေ့ဆိုတာ တခြားမဟုတ်ပါဘူး။ လေလည်ခြင်းကနေ လောင်စာ အဖြင့် ပြောင်း လဲ သုံးကာ မောင်းနှင်တဲ့ ကားအကြောင်း စိတ်ကူးယဉ် ဟာသ အတွေးတခုပါ။ ဒါကြောင့် ဒီကားကိုတော့ Fart Car လို့ ခေါ်ပါသတဲ့။

လက်တွေ့မှာ ဖြစ်နိုင်၊ မဖြစ်နိုင် ဆိုတာတော့ မပြောနိုင်ပေမယ့် အခု ဗွီဒီယိုမှတွေ့တဲ့အတိုင်း စုံတွဲ တတွဲဟာ သူတို့ လေလည်မှုတွေက တဆင့် လောင်စာပြည့်ပြီး ကားကို မောင်းနှင်ပြထားပါတယ်။ 

ကားကလည်း လေလည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝ ဓာတ်ငွေ့နဲ့ မောင်နှင်ပေမယ့် ခရီးဝေး
မောင်း နှင်ဖို့ လောင်စာက ကုန်လုနီးပါး ဖြစ်သွားပါတယ်။ 

ဒီလို လောင်စာကုန်သွားချိန်မှာ ကိုယ်ကလည်း လေမလည်နိုင်တော့ လမ်းခုလပ်မှာ လောင်စာ ဖြည့်ဖို့ ဓာတ်ဆီ ဆိုင် တွေလိုပဲ စွမ်းအား အဆင့်အမျိုးမျိုး ရှိတဲ့ လေလည်တတ်သူတွေက မတ်တတ်ရပ်လျက် အသင့်စောင့်ဆိုင်း နေပါတယ်။ 

ကိုယ်လိုချင်တဲ့ လူတယောက်ကို ရွေးပြီး သူ့ကို လေလည်ခိုင်းကာ လောင်စာပြန်ဖြည့်ပြီး စုံတွဲလည်း Fart Car နဲ့ ခရီးဆက်သွားပါတယ်။ 

Fart Car ဟာ တခြား လောင်စာတွေလို သဘာဝ ပတ်ဝန်းကျင်ကိုလည်း မထိခိုက်၊ ကုန်ကျစရိတ်လည်း အရမ်း သက်သာပြီး လိုရာခရီးကို မောင်နှင်သွားနိုင်တဲ့ သဘာဝ လူသားထုတ်လွှတ်တဲ့ လောင်စာ ကိုသာ သုံးစွဲပါသတဲ့။ 

သူပြောသလို ဒီ Fart Car ကို သုံးမယ်ဆိုရင် ပဲ များများ စားရမယ့် သဘော ရှိနေပါတယ်။ 

ဒီအတွေးဟာ တကယ်တော့ ရယ်စရာ တခုအဖြစ် ဖန်တီးထားတာဖြစ်ပါတယ်။ ဧရာဝတီ ပရိသတ်လည်း ဒီ ပို့စ် နဲ့ ဗွီဒီယိုလေး ကြည့်ပြီး ဘဝအမောတွေ ပြေလျော့နိုင်မယ်လို့ မျှော်လင့်ပါတယ်။ 




အိမ့်သံစဉ် ~ 








.



No comments:

Post a Comment