Pages

Thursday, July 24, 2014

တရုတ်မြန်မာနယ်စပ် မူဆယ်ရေကြီးမှုမှာ တဦးသေ၊ ငါးဦး ပျောက်ဆုံး

 ~





  .
တရုတ်မြန်မာနယ်စပ် မူဆယ်မြို့နယ်တွင် နမ့်ပေါ့ချောင်းရေလျှံမှုကြောင့်  လူ ၁ဦးသေဆုံးကာ ၅ဦးခန့်ပျောက်ဆုံးနေကြောင်း သိရသည်။

 ဇူလိုင် ၂၀ ရက်နေ့မှ စပြီး မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် နမ့်ပေါ့ချောင်း ရေလျှံကာ ဒေသခံများ ရေဘေးသင့်နေကြောင်း၊ ရေဘေးဒဏ်ကြောင့် လယ်ပျက်စီးမှုများဖြစ်နေကြောင်း ကိုလည်း  ဒေသခံ စိုင်းအောင်က ဧရာဝတီသို့ပြောသည်။


“နမ့်ပေါချောင်းရေတွေတက်လာတော့ ရွာတွေရေလျှံသွားတယ်။ ရေအားပြင်းတဲ့အတွက် ရွာသားတဦးကတော့ သေသွားတယ်။ ၅ဦးကတော့ ပျောက်နေတယ်” ဟု စိုင်းအောင်က ဆိုသည်။

  ပန်ခမ်း ကျေးရွာအုပ်စု ကျေးရွာများဖြစ်သည့်
 စွမ်စော် ၊
မန့်ဝိန်း၊
နောင်ယန်း၊
ဋ္ဌတင်းလုံ၊
နောင်ခို၊
စယ်လန့်တို့တွင် ရေဘေးဒဏ် အများဆုံး ခံရကြောင်း၊  သွားရေးလာရေးခက်ခဲနေကြောင်း၊ လယ်ဧက ၃၀၀ ခန့် ရေလွှမ်းမိုးမှုခံနေရကြောင်း သိရသည်။

ရေလွှမ်းမိုးမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို နှင့် နမ့်ခမ်းမြို့ ကားလမ်းကို ယာယီပိတ်ထားကြောင်းလည်း သိရသည်။
 






.

No comments:

Post a Comment