Pages

Thursday, July 24, 2014

MH 17 ရုပ်အလောင်းအများအပြား နယ်သာလန်ကို ရောက်ရှိ

 ~




 .
ယူကရိန်းမှာ တိုက်ခိုက်ခံရတဲ့မလေးရှားလေယာဉ် ပျက်ကျမှုကနေ ရရှိတဲ့ ရုပ်အလောင်းတွေ ဗုဒ္ဓဟူးနေ့မှာ နယ်သာလန်နိုင်ငံ ရောက်သွားပါတယ်။

သေဆုံးသူတွေထဲက ၁၉၃ ဦးဟာ ဒီနိုင်ငံသားတွေပါ။


ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာ Dutch Mourn as First MH17 Bodies Arrive in Netherlands ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားပါတယ်။
http://www.irrawaddy.org/asia/dutch-mourn-first-mh17-bodies-arrive-netherlands.html မှာ ဖတ်နိုင်ပါတယ်။

လေတပ်စခန်းတခုကို ရောက်လာတဲ့ ရုပ်အလောင်းတွေကို နယ်သာလန်မှာ  ဘုရင်၊ ၀န်ကြီးချုပ်အပါအ၀င် ပြည်သူ အများအပြားက ၀မ်းနည်းပူဆွေးစွာနဲ့ ကြိုဆိုကြပါတယ်။
သွားရောက်ကြိုဆိုသူတွေမှာ သေဆုံးသူတွေရဲ့မိသားစုဆွေမျိုးများလည်း ပါဝင်ပါတယ်။

ပထမဆုံး သယ်လာတဲ့ ဒီအသုပ်မှာ ရုပ်အလောင်း ၄၀ ပါဝင်ပါတယ်။

လာမယ့်နေ့များမှာလည်း ဒီလို ထပ်ပြီး ရောက်ရှိလာဦးမှာပါ။

ရုပ်အလောင်းတွေကို မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးခြင်းက လပေါင်းများစွာ ကြာနိုင်မယ်လို့ ဆိုပါတယ်။
တချို့ ရုပ်အလောင်းတွေကိုတော့ ချက်ချင်း အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ ဝန်ကြီးချုပ်က ပြောထားပါတယ်။

သူပုန်တွေက ရုရှားနိုင်ငံကနေရတဲ့  ဒုံးကျည်နဲ့ လေယာဉ်ကို ပစ်ချလိုက်တာဖြစ်ကြောင်း အမေရိကန်က ပြောပါတယ်။
 နယ်သာလန်မှာတော့ ပြည်သူအများအပြားက သူတို့နစ်နာနိုင်ပေမယ့်လည်း ရုရှကို စီးပွားရေးပိတ်ဆို့ဖို့ ဆန္ဒရှိနေကြကြောင်း စစ်တမ်းတွေက ဆိုပါတယ်။


မူရင်းသတင်း  -

http://www.irrawaddy.org/asia/dutch-mourn-first-mh17-bodies-arrive-netherlands.html



 
 

 



.

No comments:

Post a Comment