Pages

Wednesday, August 13, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပြည်သူ့ဆန္ဒလက်မှတ် လွှတ်တော် ဥက္ကဋ္ဌများထံ စာပို့

ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဟန့်အတားဖြစ်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ရဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြတဲ့ ပြည်သူလူထုလက်မှတ်ရေးထိုးထားတဲ့ ရလာဒ်ကို အကောင်အထည်ဖော်ရေး လုပ်
ဆောင်ပါပြီ။ 

 ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးဆန္ဒပြု ရလာဒ် အကောင်အထည်ဖော်ရေး ကြေညာချက် ပူးတွဲ လက်မှတ်ရေးထိုးနေကြတဲ့ ဦးဥာဏ်ဝင်းနဲ့ ဦးကိုကိုကြီး၊ ဓာတ်ပုံ - NLD

ပူးပေါင်း ကော်မတီအနေနဲ့ ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ ဆီကို စာတွေပေးပို့ကာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ ဖော်ထုတ် လက်မှတ်ရေးထိုးမှု တွေကို လွှတ်တော်ရဲ့ ဆောင်ပုဒ်တွေနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေက ဆက်လက်ဆောင်ရွက်ကြရေး တိုက်တွန်းထားပါတယ်။ 

 ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မြန်မာနိုင်ငံ အနှံ့အပြားက ပြည်သူတွေအနေနဲ့ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ ကနေ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း လက်မှတ်စုစုပေါင်း ၅ သန်းလောက် စုဆောင်ရရှိခဲ့ကြတာပါ။ 

ဒါပေမယ့် ထူးခြားတာက ၂၉ မြို့နယ်က ပြည်သူတွေရဲ့ လက်မှတ်တွေတော့ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ခဲ့ပါဘူး။ 

ထုတ်ပြန်ချက် အပြည့်အစုံကို အောက်မှာဖတ်နိုင်ပါတယ်။ 

အိမ့်သံစဉ် ~














 

No comments:

Post a Comment