Pages

Wednesday, August 13, 2014

လေယာဉ်ကွင်းတခုက ရင်သိမ့်တုန်စရာ မြင်ကွင်း

ပင်လယ်ကမ်း စပ်လည်းဖြစ်၊ နိုင်ငံတကာ လေယာဉ်ကြီးတွေလည်း ဆင်းသက်လေ့ရှိတဲ့ ဂရိနိုင်ငံ ကျွန်းတခု
ပေါ်က Skiathos လေဆိပ်က လေယာဉ်အဆင်းအတက် မြင်ကွင်းပါ။ 


အဲဒီလေဆိပ်မှာ Air Italy လေယာဉ်ကြီးတစင်းကတော့ အတော်ကို နိမ့်နိမ့်လေး ပျံသန်းဆင်းသက်တာမှာ အလွန်ကံ ကောင်း ပြီး လေယာဉ်ဘီးနဲ့ မြေ ပြင်က ဆိုင်းဘုတ်နဲ့ လွတ်တယ်ဆိုရုံလေး လွတ်သွားပြီး 
အောင်မြင်စွာ ဆင်းသက်တာကို  ဗွီဒီယိုမှတ်တမ်းက ပြထားပါတယ်။ 

အဲဒီလို အတော်နိမ့်နိမ့်က လေယာဉ်ကို ဆင်းတဲ့တဲ့ ကိစ္စဟာ အလွန်လည်း အန္တရာယ်များတဲ့ အကြောင်း၊ 
လေယာဉ်မှူးကိုလည်း ဝေဖန်ထားတာတွေ တော်တော်များများတွေ့ရပါတယ်။ လေယာဉ်မှူးရဲ့ လက်ထဲမှာ လူ့အသက်တွေအများကြီးက တည်မီနေတာပါ။




ခရီးသည်တင်လေယာဉ်ပျံတွေ ခပ်နိမ့်နိမ့် လူအများအနီးကပ်မြင်နိုင်တဲ့နေရာကနေ ဆင်းသက်မှုဟာ အလွန်လည်း အန္တရာယ်များသလို ကြောက်စရာလည်း ကောင်းပါတယ်။ အထူးသဖြင့် လေတိုက်တာ ခပ် ကြမ်းကြမ်းဆိုရင် ပိုလို့တောင် ကြောက်စရာ ကောင်းပါလိမ့်မယ်။ 

လေယာဉ် ကျွမ်းကျင်သူတွေအဆိုအရ လေယာဉ်ဆင်းသက်မှုဟာ ပျံတက်တာနဲ့ မောင်းနှင်တာတွေထက် ပိုပြီး ပညာသား ပါ တယ်လို့ ဆိုကြပါတယ်။ 

 ဗွီဒီယိုကို ကြည့်သူတွေအတွက်တော့ အတော်ပဲ အသည်းယားစရာဖြစ်နိုင်ပါတယ်။ ဒီလေဆိပ်မှာ လေယာဉ်တွေဟာ ပျံတက်မယ်ဆိုရင် ပင်လယ်ဘက်ကို ပြေးလမ်းက ဦးတည်ထားပြီး ပျံတက်ကြလေ့ ရှိပါတယ်။

  


အိမ့်သံစဉ် ~ 













No comments:

Post a Comment