Pages

Monday, September 22, 2014

၂၀၁၅ ရွေးကောက်ပွဲ ရလဒ် ဘယ်သူတွေက ကြိုသိချင်နေလဲ

လာမယ့် ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ ရက်မကြေညာသေးပေမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေက ဘယ်ပါတီကို မဲထည့်မလဲဆိုတဲ့ ကိစ္စကို အသိချင်ဆုံးကတော့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါလိမ့်မယ်။

 

 ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲ ထည့်နေသော ပြည်သူတဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)  

ဘာကြောင့်လဲ ဆိုတော့ ကြံ့ခိုင်ရေးပါတီက ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူမှုတွေ လုပ်ဆောင်
နေပြီဖြစ်လို့ ပါဘဲ။ 

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူတွေ ဘယ်နိုင်ငံရေး ပါတီကို မဲထည့်မလဲဆိုတဲ့ စစ်တမ်းကို ပထမဆုံး စတင်လိုက်တာ က တော့ ဧရာဝတီတိုင်းမှာပါ။ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စက်တင်ဘာ ၉ ရက်နေ့မှ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ၂၀၁၅ ရွေးကောက်ပွဲတွင် ဘယ်နိုင်ငံရေး ပါတီကို မဲပေးမလဲ ဆိုတဲ့ မေးခွန်း အပါအ၀င် မေးခွန်း ပေါင်း ၁၁ ခု ပါဝင် သော စစ်တမ်းတရပ်ကို ကောက်ခံခဲ့ပါတယ်။ 

အဲဒီ စစ်တမ်းတွင် ဒေသခံတွေရဲ့ လိုအပ်ချက်၊ ဒေသအတွက် လုပ်ဆောင်စေလိုသော အရာတွေဆိုတဲ့ မေးခွန်းတွေကို လည်း ထည့်သွင်း ထားတယ်လို့ သိရပါတယ်။ 

အဲဒီလို စစ်တမ်း ကောက်ခံရာမှာ ကြံ့ခိုင်ရေးပါတီမှ တာဝန် ရှိသူများက တအိမ်တက်ဆင်း လိုက်လံ
ကောက်ခံတာဖြစ်ပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီသတင်းထောက် ဆလိုင်းသန့်စင်ရဲ့ ၂၀၁၅ တွင် ပြည်သူများ ဆန္ဒမဲ ပေးလိုသော နိုင်ငံရေး ပါတီစစ်တမ်း ကြံ့ခိုင်ရေး ကောက်ခံ ဆိုတဲ့  ဧရာဝတီ မြန်မာပိုင်း စာမျက်နှာ က သတင်းမှာ ဖော်ပြထားပါတယ်။ 

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နောက်နှစ် နိုဝင်ဘာလ လောက်မှာ ကျင်းပနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါ တယ်။ ဒါပေမယ့် ရက်အတိအကျကိုတော့ မပြောသွားခဲ့ပါဘူး။ 


အိမ့်သံစဉ် ~ 

 















No comments:

Post a Comment