Pages

Saturday, September 27, 2014

ကိုရီးယားဇာတ်ကားအမည် ဂန္ထဝင်မမကြီးလို့ ပြောင်းလဲရခြင်း အကြောင်းရင်း


 ~






ဆရာအောင်ချိမ့်ရဲ့ "ဂန္ထဝင်မမ" က  မြန်မာစာပေလောက ကဗျာလောကမှာ ထင်ရှားတဲ့ ကဗျာစာအုပ်တအုပ် ဖြစ်ပါတယ်။

Channel 7 မှာ ထုတ်လွှင့်နေတဲ့  ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကလည်း ဒီစာအုပ်အမည်ကို ယူသုံးထားပါတယ် တဲ့။

ဒီလို အသုံးပြုမှုနဲ့ ပတ်သက်ပြီး   ကဗျာဆရာသမဂ္ဂက သဘောထား ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။

ဒီစကားလုံး ယူငင်သုံးစွဲတဲ့အတွက် ကာယကံရှင်နဲ့ ညှိနှိုင်းဖို့ တိုက်တွန်းထားတာပါ။

ဒီကြေညာချက်ကို ဖတ်ကြည့်ရင် ကိုရီးယားဇာတ်ကားအမည် ဘာကြောင့် အနည်းငယ် ပြောင်းလဲသွားမှန်း သဘောပေါက်နိုင်ပါလိမ့်မယ်။

နောက်ဆက်တွဲဖြစ်ရပ်တွေကိုတော့ မသိရသေးပါဘူး။

 Channel 7  ကို ပေးပို့ထားတယ် ဆိုတဲ့ ကဗျာဆရာသမဂ္ဂရဲ့ ကြေညာချက်ကို  ဧရာဝတီဘလော့  http://blog.irrawaddy.org လာရောက် ဖတ်ရှုသူများထဲက စိတ်ဝင်စားသူများအတွက် ကူးယူ ဖော်ပြပေးလိုက်ပါတယ်။


အပေါ်ပုံကတော့ အွန်လိုင်းမှာ တွေ့ရတဲ့ 

ဂန္ထဝင်မမ စာအုပ်အဖုံးပုံတွေ ဖြစ်ပါတယ်။ အဖုံးဖြူနဲ့စာအုပ်ကို   PDF ဖိုင်အဖြစ် အွန်လိုင်းမှာ တွေ့ရပါမယ်။ ၂ဝဝ၈ မှာ ထုတ်ပါတယ်။ ဘေးပုံကတော့ ၂ဝဝဝ ပြည့်နှစ် တတိယအကြိမ်ထုတ်မှာ သုံးတဲ့  မျက်နှာဖုံးပါ။

  


ဒါကတော့ ပထမအကြိမ်ထုတ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အောင်ချိမ့်ရဲ့ စာအုပ်များကို http://www.myanmarbookshop.com/all/BooksOfAuthor/2446 မှာ အကြမ်း လေ့လာနိုင်ပါတယ်။


 

 



.

No comments:

Post a Comment