Pages

Friday, September 26, 2014

UPWC နဲ့ NCCT တို့ ဆွေးနွေးပွဲအပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ကျင်းပနေတဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း 
ကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ NCCT တို့ရဲ့ ဆွေးနွေးပွဲကို ဒီကနေ့ စက်တင်ဘာလ ၂၆ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီး ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ 

 UPWC နှင့် NCCT တို့၏ ပဉ္စမအကြိမ်တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့အပြီးတွင် သတင်းစာရှင်းလင်းနေ သည်ကို (Myanmar Peace Center ) တွင်တွေ့ရစဉ်၊ ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ

 ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက် 

၂၀၁၄၊ စက်တင်ဘာလ (၂၆) ရက် 
ရန်ကုန်မြို့ 

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ဆိုင်ရာညှိနှိုင်းရေးအဖွဲ့ တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်း အပေါ် ညှိနှိုင်းဆွေးနွေး
ခြင်းကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့ထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာ
နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန တွင် ပြုလုပ်ခဲ့ပါသည်။ 

၂။ နှစ်ဘက်ကိုယ်စားလှယ်များသည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့မှ (၁၇) ရက်နေ့အထိ ယခင်ပြု လုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ ကျန်ရှိနေသည့် အချက်များကို ဆက်လက်ဆွေးနွေးညှိနှိုင်းရာတွင် တစ် ဖက် နှင့် တစ်ဖက်အကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုများ နှင့် သဘောတူညီမှုများ ပိုမိုရရှိခဲ့ပါ သည်။ 

ဤဆွေးနွေးပွဲမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (စတုတ္ထမူကြမ်း) ကို အတည်
ပြုနိုင်ခဲ့ပါသည်။ 

 ၃။ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို အောက်တိုဘာလအတွင်းထပ်မံ ကျင်းပရန်နှင့် ကျင်းပ မည့်ရက်ကို နှစ် ဘက်ခေါင်းဆောင်များမှ ညှိနှိုင်းရန်သဘောတူကြပါသည်။ 

၎။ ဤဆွေးနွေးပွဲသို့တက်ရောက်ကြသည့်နှစ်ဘက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 



 




No comments:

Post a Comment