Pages

Thursday, October 23, 2014

ကနေဒါ နိုင်ငံ အော်တဝါ ပစ်ခတ်မှု နောက်ဆက်တွဲ

ကနေဒါနိုင်ငံ အော်တဝါမြို့က ပါလီမန်အနီးတဝိုက် ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး သံသယရှိသူ Michael Zehaf-Bibeau ဆိုသူကို ကနေဒါ တာဝန်ရှိသူတွေက စတင်စစ်ဆေးနေပါပြီ။ 

 အော်တဝါ ပစ်ခတ်မှု သံသယရှိသူ၊ ဓာတ်ပုံ- တွစ်တာ

ပစ်ခတ်မှုတွေမှာတော့ ကနေဒါ စစ်သားတဦး ကျဆုံးခဲ့ရပြီး သေနတ်သမား ၁ ဦး အသေမိတယ်လို့ သိရပါ တယ်။ 

မနေ့က မနက်ပိုင်းမှာ ကနေဒါ စစ်သမိုင်းပြတိုက်၊ အညတရစစ်သည် ဗိမာန်မှာ ပစ်ခတ်မှု စတင်ဖြစ်ခဲ့ တာပါ။ 

ကုတ် အနက်ဝတ်ထားပြီး ဆံပင်အရှည်နဲ့ သေနတ်သမားတဦးက စစ်သည်ဗိမာန်မှာ စောင့်နေတဲ့ စစ်သား ၁ ဦး ကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အဲဒီစစ်သား အသက်ဆုံးပါးသွားခဲ့ရတယ်လို့ ရိုက်တာ သတင်းမှာရေးပါ တယ်။ 

အဲဒီသေနတ်သမားဟာ စစ်သမိုင်းပြတိုက်မှာ ပစ်ခတ်ပြီး ကားတစီးပေါ် တက်သွားကာ ကနေဒါ ပါလီမန်ဆီ ဆက် သွားခဲ့ပါတယ်။ 


ပါလီမန် အဝင်မှာပဲ လွှတ်တော် လုံခြုံရေး အစောင့်က ပစ်ခတ်ခဲ့လို့ အဲဒီ သေနတ် သမား သေဆုံးသွား တယ် လို့ သိရပါတယ်။ 

ကနေဒါ လုံခြုံရေးတပ်ဖွဲ့တွေကတော့ သေနတ်သမား ၂ ဦး ဒါမှ မဟုတ် ၃ ဦးဟာ လွတ်မြောက်နေဆဲဖြစ်လို့ ပါလီမန်နားက အဆောက်အအုံတွေကို ပိတ်ပြီး ရှာဖွေမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ 

မွန်ထရီယယ်မြို့နားမှာ အစ္စလမ်ဘာသာ ကူးပြောင်းထားသူတဦးက ကနေဒါ စစ်သား ၂ ဦးကို ကားနဲ့ တိုက် လိုက် လို့ စစ်သား ၁ ဦး သေဆုံးမှုလည်း တနင်္လာနေ့က ဖြစ်သွားခဲ့ပါသေးတယ်။ 

အခုတော့ ကနေဒါမှာ လုံခြုံရေး သတိပေးချက်တွေ၊ လုံခြုံရေးတင်းကြပ်မှုတွေနဲ့ လူတွေလည်း သတိနဲ့ သွားလာ နေထိုင်နေရတယ်လို့ ကနေဒါရောက်မြန်မာ တချို့က ပြောထားပါတယ်။ 

အိမ့်သံစဉ် ~ 










 

No comments:

Post a Comment