Pages

Thursday, October 23, 2014

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပမယ့် LGBT ရုပ်ရှင်ပွဲတော်

မြန်မာနိုင်ငံမှာ ပထမဆုံး  LGBT ရုပ်ရှင်ပွဲတော်တခု ရန်ကုန်မြို့ ပြင်သစ်သံရုံး၊ ယဉ်ကျေးမှု စင်တာမှာ ကျင်းပဖို့ ရှိပါတယ်။ 



အာဆီယံ နိုင်ငံများရဲ့ LGBT ရုပ်ရှင်ပွဲတော်မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းစတဲ့အာဆီယံ နိုင်ငံ
တွေက   ရုပ်ရှင် ဇာတ်ကားပေါင်း ၃၀ ကျော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့ ထိ ပြသမှာဖြစ်ပါတယ်။ 



အခုလို  ရုပ်ရှင်ပွဲတော် လုပ်လိုက်တာကြောင့် LGBT တွေအပေါ်  အမူအကျင့် အပြောင်းအလဲဖြစ်စေဖို့ အထောက်အပံ့ ဖြစ်မယ်လို့ စီစဉ်သူတွေက မျှော်လင့်ထားကြောင်း သိရပါတယ်။ 


  ရုပ်ရှင် ပွဲတော်မှာ   ဆွေးနွေးမှုတွေ၊ ငြင်းခုန်မှုတွေနဲ့ ပြပွဲတွေလည်း ရှိပါမယ်။ 


အိမ့်သံစဉ် ~
 

ပွဲဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်

ပထမအကြိမ် ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်
နိုဝင်ဘာ ၁၄၊ ၁၅ နှင့် ၁၆
ပြင်သစ်ယဉ်ကျေးမှုဌာန ၊ ရန်ကုန်မြို့၊ ပြည်လမ်း

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်ကျင်းပမည့် LGBT ရုပ်ရှင်ပွဲတော်သို့ ဂျာနယ်လစ်များနှင့် မီဒီယာကိုယ်စားလှယ်များအား &PROUD ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်မှ ဖိတ်ကြားပါသည်။

ယခုနှစ် ၂၀၁၄ ကို အစဦးအနေဖြင့် LGBT ရုပ်ရှင်ပွဲတော်ကို &PROUD မှ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ဤပွဲအား နိုဝင်ဘာ ၁၄၊ ၁၅ နှင့် ၁၆ ရက် များတွင် ကျင်းပမည်ဖြစ်ရာ Transgender Day of Remembrance နှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးနေ့တို့နှင့် တစ်ချိန်တည်းကျရောက်ရန် ရည်ရွယ်ပါသည်။

ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်သည် အာရှဒေသရှိ LGBT တို့၏ ကျယ်ပြန့်၍ ကွဲပြားသော ဘ၀များကို ထင်ဟပ်စေမည်ဖြစ်ပါသည်။ ဤရုပ်ရှင်ပွဲတော်သည် အရှေ့တောင်အာရှမှ ရုပ်ရှင်များကို အဓိကထားပြီး အခြားအာရှနိုင်ငံများမှ ရုပ်ရှင်များလည်း ပါဝင်မည်ဖြစ်၍ ရုပ်ရှင်ပြုလုပ်သူများ၊ သရုပ်ဆောင်များနှင့် ရုပ်ရှင်ထုတ်လုပ်သူများကို စုစည်း၍ သူတို့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ပြသဆွေးနွေးသွားရန် ရှိပါသည်။ ကျွန်ုပ်တို့၏ အဓိကရည်ရွယ်ချက်မှာ ASEAN နိုင်ငံအားလုံးနီးပါးနှင့် ရုပ်ရှင်များမှတဆင့် LGBT အသိုင်းအ၀ိုင်းကို အဓိကထားသော LGBT အတွေ့အကြုံများကို တင်ဆက်ပြသခြင်းဖြစ်ပါသည်။

ရုပ်ရှင်များတွင် လိုအပ်သလို မြန်မာစာတန်းထိုးထားမည်ဖြစ်ပြီး ရုပ်ရှင်ပြသချိန်တစ်ခုနှင့်တစ်ခု ကြားတွင် ဖိတ်ကြားထားသော ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ သရုပ်ဆောင်များနှင့် တက်ရောက်သူ ပရိတ်သတ်များအကြား ဆွေးနွေးချိန် ထားရှိပေးမည်ဖြစ်ပါသည်။
&PROUD ၏ ပထမဆန်ခါတင် ရွေးချယ်ခြင်းခံရသော ရုပ်ရှင်ကား အများစုအား ရန်ကုန်မြို့၊ ပြည်လမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန တွင် ပြသသွားမည် ဖြစ်ပါသည်။

PROUD ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်သည် အကျိုးအမြတ် ပဓာနမထားသော ပွဲဖြစ်၍ ပွဲကြည့်ခွင့် အခမဲ့ ဖြစ်ပါသည်။

ရုပ်ရှင်တင်ပြခွင့်ပိတ်သော စက်တင်ဘာလ ၄ ရက်နေ့အထိ ရုပ်ရှင်စုစုပေါင်း ၅၀ ခန့်အထိ တုန့်ပြန်တင်ပြမှုကို ရရှိခဲ့ပါသည်။ ရုပ်ရှင် ၂၇ ကားသည် ဆန်ခါတင် ရွေးချယ်ခံရပြီးဖြစ်ရာ သတင်း မှတ်တမ်းရုပ်ရှင်နှင့် စိတ်ကူးယဉ်ရုပ်ရှင် နှစ်မျိုးစလုံးပါဝင်ပါသည်။ ထိုရုပ်ရှင်များသည် နိုင်ငံ ၁၂ နိုင်ငံ အသီးသီးမှ ဖြစ်၍ ကြာမြင့်ချိန် အရှည်၊ အလယ်အလတ်နှင့် အတို ဟူ၍ ခွဲထားပါသည်။

မြန်မာနိုင်ငံတွင် LGBT အသိုင်းအ၀န်းတစ်ခု တည်ဆောက်ရန် ပွင့်လင်းမြင်သာမှု ပြရန်နှင့် ကွန်ယက်ဖွဲ့စည်းရန် ဤရုပ်ရှင်ပွဲတော်အပြင် အခြားပွဲများကိုလည်း &PROUD LGBT ရုပ်ရှင်ပွဲတော်မှ ပြင်ဆင်ချက်ရှိပါသည်။

ထပ်မံသိရှိလိုပါက ဤပွဲတော်၏ email ဖြစ်သည့် filmfestival@andproud.net(သို့) အောက်ပါ ပွဲစီစဉ်သူများ၏ ဖုန်း/email မှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ကိုလှမြတ်ထွန်း(Colors Rainbow)
0973022564
press.local@andproud.net
Jeewee van Rooij (YG Event)
09250248988
press.international@andproud.net
ဆန္ဒမွန်များစွာဖြင့်
ပွဲဖြစ်မြောက်ရေးကော်မတီ၊ ပထမအကြိမ် ရန်ကုန် LGBT ရုပ်ရှင်ပွဲတော်


ဆက်စပ်သတင်းများ


 











No comments:

Post a Comment