Pages

Thursday, October 16, 2014

အလံတခုကြောင့် ရန်ဖြစ်ပြီး ပွဲပျက်ခဲ့တဲ့ ဘောလုံးပွဲ မြင်ကွင်း ( ရုပ်/သံ)

ဥရောပဖလား ခြေစစ်ပွဲစဉ်ကို ဆာဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မှာ အောက်တိုဘာလ ၁၄ ရက် ညပိုင်းက ဆားဗီးယားနဲ့ အယ်ဘေးနီးယား နိုင်ငံ အသင်းတို့ ကစားခဲ့တာမှာ ဝါဒဖြန့် အလံတခုကြောင့် ရန်ပွဲနဲ့အတူ ပွဲပျက်သွားခဲ့ရပါတယ်။ 

ဓာတ်ပုံ- အေပီ

ဆားဗီးယားနဲ့ အယ်ဘေးနီးယား အသင်းတို့ ကစားနေစဉ်မှာပဲ အယ်ဘေးနီးယား လိုလားတဲ့ ဝါဒဖြန့် အလံတခုဟာ ကောင်းကင် ဗီဒီယိုရိုက်ကူးတာမှာ အသုံးပြုတဲ့ ရဟတ်ယာဉ်ငယ်က ချိတ်ဆွဲလာပြီး ကွင်းထဲ ရောက်လာတဲ့အခါ ဆားဆီးယား နောက်ခံလူ ကျောနံပတ် ၁၃ က ဖြုတ်ချခဲ့တာမှာ အယ်ဘေးနီးယားကစားသမားတွေက ဒေါသနဲ့ တုံ့ပြန်ရာက ရန်ပွဲက စတင်ခဲ့တော့တာပါဘဲ။ 



အဲဒီအလံဟာ စိတ်ကူးယဉ်နိုင်ငံ နယ်နိမတ်ပြ မြေပုံတခု ပါရှိပြီး အယ်ဘေးနီးယား အမျိုးသား ခေါင်းဆောင်
တွေ ရဲ့ ရုပ်ပုံလည်း ပါဝင်ပါတယ်။ 



ဒီအလံက ရေးဆွဲထားတဲ့ မြေပုံဟာ တချိန်က ခွဲမထွက်ခင် ရှိခဲ့ဖူးတဲ့နယ်နိမိတ်ပြ မြေပုံလို ရေးဆွဲထား တာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်က ဆိုပါတယ်။  



ဆားဗီးယားနဲ့ အယ်ဘေးနီးယားတို့ဟာ နိုင်ငံရေး ရာဇဝင်မှာ နာကျည်းမှုတွေ ရှိခဲ့ကြပါတယ်။



 နိုင်ငံရေး ရန်ငြိုး ရှိခဲ့ကြတဲ့ နိုင်ငံ ၂ ခုရဲ့ ဘောလုံး အသင်းတွေ ရင်ဆိုင် ကစားကြစဉ်မှာ တစုံတဦးက အယ်ဘေးနီးယား အသင်းကို အားပေးသလိုနဲ့ ပြဿနာကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း တွေ့ရပါတယ်။ 






 


အိမ့်သံစဉ် ~ 













No comments:

Post a Comment