Pages

Wednesday, October 15, 2014

ကျောင်းသူ ဖြူနှင်းထွေး လွတ်ပြီ

လက်ပံတောင်း ကြေးနီစီမံကိန်းက တရုတ်နိုင်ငံသား ၂ ဦးကို ပြန်ပေးဆွဲမှုနဲ့ စွပ်စွဲ ဖမ်းဆီခံထားရသူ 
ကျောင်းသူ မဖြူနှင်းထွေးဟာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပါပြီ။ 



တရားလို ၀မ်ပေါင်ကုမ္မဏီ စီမံကိန်း ဒီကနေ့ ယင်းမာပင် ခရိုင်တရားရုံး၊ ရုံးချိန်းမှာ အမှုကို ရုပ်သိမ်းသွားတဲ့ အတွက် တရားရှင် ပြန်လွှတ်ပေးတာဖြစ်တယ်လို့ ဗကသ က ပြောပါတယ်။ 

မန္တလေးတက္ကသိုလ် အဝေးသင် ပထမနှစ် မြန်မာစာဘာသာရပ် အထူးပြု ကျောင်းသူ မဖြူနှင်းထွေး ဟာ အခုလို လွတ်မြောက်လာချိန်မှာ ကျန်းမာရေး ကောင်းမွန်တယ်လို့ သိရပြီး သူ့လွှတ်မြောက်ရေး ၀ိုင်းဝန်း ကြိုးစားပေး ခဲ့ကြသူ အားလုံးကို အထူးကျေးဇူးတင်ကြောင်းလည်း ပြောတယ်လို့ သိရပါတယ်။ 

မဖြူနှင်းထွေးဟာ ဒီအမှုနဲ့ ဖမ်းဆီးခံထားရစဉ် မုံရွာ အကျဉ်းထောင်မှာ နေခဲ့ရသူဖြစ်ပါတယ်။ 

မဖြူနှင်းထွေးဖမ်းဆီးထိန်းသိမ်းခံရစဉ်ကာလတလျှောက် ကျောင်းသား သမဂ္ဂတွေ၊ လူမှု အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ မြန်မာနိုင်ငံတွင်းမှာလည်း မဖြူနှင်းထွေး လွတ်မြောက်ရေး ဆန္ဒဖော်ထုတ် မှု တွေလုပ်ခဲ့ကြသလို နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကလည်း ဆန္ဒဖော်ထုတ် ခဲ့ကြပါတယ်။ 



အိမ့်သံစဉ် ~ 








No comments:

Post a Comment