Pages

Thursday, October 2, 2014

လိပ်ကျွန်းလူသတ်မှု ရက်ပိုင်းအတွင်း တရားခံကို ဖမ်းမိမယ်ဟုဆို

စုံစမ်းစစ်ဆေးရေးသမားတွေက လိပ်ကျွန်းက ဗြိတိန် ၂ ဦးသတ်တဲ့ လူသတ်သမားရဲ့ DNA ကို ခြေရာခံမိ ထား ပြီးဖြစ်လို့ ၂ ရက် ၃ ရက်အတွင်း တရားခံကို ပထမဆုံး ဖမ်းဆီးမှု လုပ်တော့မယ်လို့ ရဲတပ်ဖွဲ့က ပြောပါ ပြီ။ 


 ထိုင်းတောင်ပိုင်း ဆူရပ်ဌာနီအရပ်က လိပ်ကျွန်းမြင်ကွင်း၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

အောက်တိုဘာလ ၁ ရက်နေ့ကပဲ အမျိုးသားရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ်ဖြစ်လာတဲ့ တောင်ပိုင်း ဒေသ အမှတ် ၈ ရဲ တပ် ရင်း အရာရှိကြီး Panya Mamen ဗုဒ္ဓဟူးနေ့က ပြောတာမှာ တာဝန်ရှိသူတွေဟာ ဖြစ်
နိုင်ခြေ ရှိတဲ့သံသယဖြစ်ခံရသူ ၁ဝ ဦး စာရင်းလည်း ရှိနေပြီး ဖမ်းဝရမ်း ရတာနဲ့ တပြိုင်နဲ့ ၂ ရက်၊ ၃ ရက် အတွင်းမှာ ပထမဆုံး သံသယဖြစ်ခံရသူကို ဖမ်းဆီးတော့ မှာဖြစ်တယ်လို့ ပြောတာကို ထိုင်းအခြေစိုက် ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

သေဆုံးသူ ဗြိတိန် ၂ ဦးရဲ့ ခန္ဓာကိုယ်ကနေ ရရှိတဲ့ သဲလွန်စတွေကို ရဲမှုခင်း ကျွမ်းကျင်သူတဦးက ခြေရာခံ ရှာဖွေခဲ့ရာ အခင်းဖြစ်နေရာ အနီး စွန့်ပစ်ပစ္စည်း တခုရဲ့ DNA သဲလွန်စဟာ သံသယဖြစ်သူတဦးဆီက ရတဲ့ DNA နဲ့ တိုက်ဆိုင်စစ်ဆေး မှုအရ တရားခံကို ခြေရာခံမိပြီလို့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး ဘန်ကောက်ပို့စ်က ဆိုပါတယ်။ 

စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသူ အသက် ၂၃ နှစ်အရွယ် မစ္စ Hannah Witheridge မုဒိန်း ကျင့်ခံရပြီး သတ် ဖြတ်ခံရတာနဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား David Miller တို့ အသတ်ခံ ရတာနဲ့ပတ်သက်ပြီး အမြန်ဆုံး တရားခံကို ဖမ်းမိရေး ရဲတပ်ဖွဲ့လည်း ဖိအားတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရာ တာပါ။ 

လွန်ခဲ့တဲ့ ၂ ပတ်လောက်အတွင်းမှာ သံသယဖြစ်တဲ့ သူတွေ၊ အမှုနဲ့ ပတ်သက်မယ်ထင်တဲ့လူတွေ ကို ခေါ် ယူမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တရားမစွဲပဲ လူတိုင်းကို ပြန်လွှတ်ပေးခဲ့တာပါတဲ့။ 

လိပ်ကျွန်းပေါ်က အေစီ ဘားဆိုင်က လူ ၁ဝ အပါအဝင် ကျွန်းပေါ်က ထိုင်း၊ မြန်မာစတဲ့ လူပေါင်း ၃ဝဝ 
လောက်ကို ခေါ်ယူ စစ်ဆေး မေးမြန်း တာတွေ လုပ်ခဲ့တာဟာ အမှုနဲ့ပတ်သက်ပြီး မျက်မြင်သက်သေ အထောက်အထားရဖို့အတွက်ပဲလို့ ရဲ အရာရှိ Panya က ဆိုပါတယ်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ထိုင်းရဲတွေရဲ့ သံသယဖြစ်ခံရတဲ့စာရင်းမှာ ပါဝင်ခဲ့ပြီး DNA ရယူစဉ်တုန်းက ရိုက် နှက်တာတွေ ခံခဲ့ရတယ်လို့ ကာယကံရှင်တွေကလည်း ပြောပါတယ်။ 

ဘန်ကောက် မြန်မာသံရုံးက မြန်မာသံအမတ်ကတော့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအနေနဲ့ သံသယနဲ့ ရိုက်နှက်ခံ ရတာတွေ ရှိတယ်ဆိုရင် ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ရှိတယ်လို့ လည်း ပြောထားပါတယ်။ 

အိမ့်သံစဉ် ~ 

 










No comments:

Post a Comment