Pages

Thursday, October 2, 2014

ဒိုင်ဆုံးဖြတ်ချက်မကျေနပ်လို့ အိန္ဒိယ လက်ဝှေ့မယ် ဆု လက်မခံ

တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ အိန္ဒိယနိုင်ငံ ကိုယ်စား ပြု အမျိုးသမီး လက်ဝှေ့သမား အယ်လ်ဆာရီတာ ဒေ၀ီက ဒိုင်လူကြီးရဲ့ မျက်နှာလိုက်မှုနဲ့ မှားယွင်း ဆုံးဖြတ် မှုကို မကျေနပ်လို့ ရရှိတဲ့ ကြေးတံဆိပ်ဆုကို လက်မခံငြင်းဆိုခဲ့ပါတယ်။ 




 ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲမှာ အယ်လ်ဆာရီတာ ဒေ၀ီက L Sarita Devi က အငြင်းပွားဖွယ်ဖြစ်နေ အကြိုဗိုလ်လုပွဲရလာဒ်ကို မကျေနပ်လို့ ဆုကို လက်မခံဘဲ ကိုရီးယား လက်ဝှေ့ သမား ကို သွား ပေးလိုက်ပါတယ်။ 


လက်ဝှေ့သမား ဒေ၀ီက တောင်ကိုရီယား အင်ချွန် အာရှ အားကစားပြိုင်ပွဲမှာ ကီလို ၆၀ Light Weight တန်း ရွှေတံဆိပ်ဆု ခိုးယူခံလိုက်ရတယ်လို့ ခံစားခဲ့ရတဲ့အကြောင်း အိန္ဒိယသတင်းတွေ မှာ ဖော်ပြထား ပါတယ်။ 

သူဟာ ဒိုင်လူကြီးရဲ့ မမျှမတဆုံးဖြတ်မှု၊ ဘက်လိုက်မှုကြောင့် ရှုံးခဲ့ရတဲ့အပေါ် အိန္ဒိယတာဝန်ရှိ သူတွေက လည်း လျစ်လျူရှုခဲ့လို့ ကန့်ကွက်ဆန္ဒပြသွားမယ်လို့လည်း သူက ပြောထားပါတယ်။




  



အိမ့်သံစဉ် ~ 












No comments:

Post a Comment