Pages

Friday, October 24, 2014

မြန်မာပြည်က အိမ်အလုံးလိုက် နေရာရွှေ့ပြောင်းနည်း

.

 
 
 


ကျေးလက်ဒေသတခုမှာ အိမ်ပြောင်းရွှေ့တဲ့ရုပ်သံတခု အွန်လိုင်းထဲ ရောက်လာပါတယ်။

အမျိုးသမီး၊ အမျိုးသား အများအပြား အိမ်ကို ထမ်းပြီး နေရာရွှေ့နေကြပုံဖြစ်ပါတယ်။

ဒေါတနောကျေးရွာသူကျေးရွာသားများ အိမ်ရွေ့နေသည်။
၁၀ ဘီးကားလည်း ရှောင်ပေးရသည်
လို့

Wi Zin Nyo Zinnyo ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။
ကယားပြည်နယ် ရှားတောမြို့နယ် ဒေါတနော ကျေးရွာ လို့ ယူဆရပါတယ်။

ပြောင်းတဲ့အိမ်က
ခြေတံတိုအိမ်ပါ။ လိုအပ်တဲ့အခါ ရွှေ့ပြောင်းရ ပိုအဆင်ပြေအောင် ခြေတံတိုအိမ် ဆောက်ထားကြတာလည်း ဖြစ်နိုင်ပါတယ်။  
ဘာကြောင့် ပြောင်းသလဲ၊ သူတို့မြေအသိမ်းခံရလို့ ပြောင်းပြေးရတာလား ဆိုတာတော့ မသိရပါဘူး။

 


ဝါးလုံးကြီးတွေကို လျှိုပြီး ရှေ့နောက် ထမ်းကြတာ၊ အိမ်အောက်ဝင်ပြီး ထမ်းကြတာ တွေ့ရပါတယ်။
အပြေးအလွှား တပျောက်တပါး ရွှေ့ကြ သယ်ကြတာပါ။

မြန်မာပြည် ဒေသအများအပြားမှာ ဒီလို လူအင်အားသုံးပြီး ပြောင်းရွှေ့တာမျိုး ရှိတတ်ပါတယ်။

အစိုးရဆောက်ပေးတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်စိုးရဲ့အိမ်မျိုး ဆိုရင်တော့ ဒီလို ရွှေ့နိုင်မယ် မထင်ဘူး။ လမ်းတဝက်မှာတင် ပြိုကျမယ့်သဘောရှိလို့ပါ။ ဒီဘလော့ လာဖတ်သူများကတော့ သူ့အိမ်အကြောင်း

http://blog.irrawaddy.org/2014/10/blog-post_232.html မှာ ဖတ်ပြီးဖြစ်မယ်လို့ ယူဆရပါတယ်။   အိမ်ပြောင်းရွှေ့ခြင်းရုပ်သံကို
Wi Zin Nyo Zinnyo ရဲ့ စာမျက်နှာမှာ ဧပြီ ၈ ရက်နေ့က တင်ထားတာပါ။
အင်တာနက်မြန်သူများ ကြည့်ရှုနိုင်ဖို့

ရုပ်သံကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ 




-

No comments:

Post a Comment