Pages

Friday, October 24, 2014

မျက်နှာလေး ချောမွေ့ လှပစေမယ့် နည်းလမ်းကောင်းတခု


ယနေ့ခေတ် ပျိုမယ်တွေအတွက် အလှအပနဲ့ ပတ်သက်ပြီး လှပချောမွေ့အောင် ပြုလုပ်နိုင်တဲ့ နည်းလမ်း
ကောင်း တွေ့ရှိထားပါတယ်။  




အခုပြောပြမယ့် အကြောင်းအရာကတော့ ပျိုမယ်တွေ မျက်နှာပေါ်မှာ ၀က်ခြံပေါက်လို့ ညှစ်မိလိုက်တဲ့အခါ မျက်နှာပေါ်မှာ ကျန်ခဲ့တဲ့ အမာရွတ်၊ မျက်နှာမှာ အမည်းစက်၊ အနီစက် အစရှိတဲ့ သူတွေအတွက် ပိုက်ဆံ မကုန် လွယ်ကူပြီး လုပ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 



လုပ်ပုံ လုပ်နည်းကတော့... 


မုန့်ဖုတ်တဲ့အခါ သုံးတဲ့  ဆော်ဒါ လက်ဖက်ရည်ဇွန်း တ၀က်ကို ခွက်သန့် ထည့်ကိုထည့်လိုက်ပါ။ 

ပြီးတဲ့အခါ ပေါင်းခံထားတဲ့ ရေ လက်ဖက်ရည်ဇွန်းတ၀က်ကို အဲဒီ ဆော်ဒါ ထည့်ထားတဲ့ ခွက်ထဲ ထည့်ပြီး  အဲဒီနှစ်ခုကို ရော်မွှေပေးလိုက်ပါ။ 

မျက်နှာကို ဆော်ဒါရည် မလိမ်းခင် သန့်စင်အောင် မျက်နှာကို ဆေးကြောထားဖို့ လိုပါတယ်။ 

ပြီးရင် မျက်နှာပေါ်ကို ဆော်ဒါရည် လိမ်းပါ။ ၅ မီနစ် ၁၀ မီနစ် လောက်ထားရပါမယ်။ ပြီးရင်တော့ မျက်နှာ သစ်ရမယ်။ ၀ါဂွမ်းနုနုလေးနဲ့ ရေကိုသုတ်ပါ။ 

အားလုံးပြီးရင်တော့ ပျိုမယ်တိုရဲ့ မျက်နှာလေးဟာ ချော်မွှေ နူးညံ့သွားတာ အံ့သြစွာ တွေ့ရပါလိမ့်မယ်။ 

ဒီလိုမျိုး အနည်းဆုံး တပတ်တကြိမ်လောက် လုပ်ပေးနိုင်ရင်တော့ မျက်နှာမှာ ရှိတဲ့ အမာရွတ်၊ အမည်း စက်တွေဟာ သိသိသာသာ ပျောက်ကင်းသွားပါလိမ်မယ်။ 

လုပ်ရတာလွယ်ကူပြီး အချိန်မကြာတဲ့နည်းလမ်းလေးမို့ မျှဝေပေးလိုက်ပါတယ်။ 

အိမ့်သံစဉ် 




10 comments:

  1. ဆိုဒါ ဘယ်ဆိုင်တွေမှာ ဝယ်လို.ရပါသလဲ၊ ပေါင်းခံရေကော ဘယ်လိုလုပ်ရလဲ သိချင်ပါတယ်

    ReplyDelete
  2. ပါဝင်ပစ္စည်းနှစ်မျိုးက ဓာတ်ပြုတယ်မဟုတ်ဘူးလားခင်ဗျာ။ ဂျီးချွတ်ချင်ရင် သုံးတယ်လေ။ မီးဖိုတို့ ဘာတို့ သန့်ရှင်းရေး လုပ်ရင် သုံးတယ်လေ။ အရေပြားတွေ ပါးကုန်မှာ မဟုတ်ဘူးလား။ ကလေးတွေ ပြုလုပ်နေကျ သိပ္ပံပညာ စမ်းသပ်ချက် မီးတောင်ပေါက်ကွဲမှုမှာဆို မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည်ထည့်ပြီး ဓာတ်ပြုရင် မီးတောင်ပေါက်ကွဲမှု အသေးစား ဖြစ်တယ်လေ။

    ReplyDelete
    Replies
    1. အင်း ဟက်​လား?

      Delete
  3. မီးဖုတ်တယ်ဆိုတာ ဆော်ဒါကို ဒယ်အိုးထဲမှာထည့်ပီးမီးဖိုပေါ်တင်ပေးလို့ရောရလား... ပေါင်းခံရေကရော ဘယ်လိုလုပ်ရတာလဲ...

    ReplyDelete
    Replies
    1. မီးဖုတ်ရတာ မဟုတ်ပါဘူးရှင့် မုန့်ဖုတ်ဆော်ဒါ ဆိုတာ မုန့်တွေ ပြုလုပ်ရာမှာ ထည့်အသုံးပြုရတဲ့ ဆော်ဒါမှုန့်ကို ပြောတာပါရှင့် မှားယွင်းလုပ်ဆောင်မိမှာ စိုးလို့ပါရှင် ဈေးဆိုင်တွေမှာ ပြောဝယ်လို့ရပါတယ် အီကြာကွေးတို့ အကြော်တို့မှာ မုန့်ပွအောင် ထည့်သုံးပေးတာပါရှင် :)

      Delete
    2. မျက်​နှာ ကြီးပွလာ ရင်​ဟုတ်​​ပေ ငှဲငှဲ

      Delete
  4. ​ပြောက်​တယ်​ ဆို တကယ်​ : ^_^

    ReplyDelete
  5. ပေါင်းခံရေ (boiled water) ဆိုတာ ရေနွေးဆူပြီးသား ရေ။ တစ်နည်းပြောမယ်ဆိုရင် ပွက်ပွက်ဆူပြီးသားရေကို အအေးခံထားလိုက်ရင်လည်း ပေါင်းခံရေ ဖြစ်သွားတာပါပဲ။ ထမင်းပေါင်းအိုးမှာ ရေကိုပွက်ပွက်ဆူအောင်တည်ရင် ပေါင်းခံရေ ဖြစ်တာပေါ့။

    ReplyDelete
  6. Share ခွင်ပြု့ပါ

    ReplyDelete
  7. ရေနွေးဆူပြီးသား ရေကို အအေးခံထားလိုက်ရင်လည်း ပေါင်းခံရေ ဖြစ်သွားတာပါပဲ။ဘယ် သူသင်ပေးတာလဲ?

    ReplyDelete