Pages

Wednesday, October 29, 2014

ကချင်ဒေသ ပန်ဒါနီတွေ့ရှိမှု မှတ်တမ်းဓာတ်ပုံ ရပြီ

.


ကချင်ပြည်နယ် တောင်ပေါ်ဒေသမှာ ပန်ဒါနီ ၂ ကောင်ကို ပထမဆုံးအကြိမ် ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားလိုက်နိုင်တဲ့အကြောင်း Fauna & Flora International  လို့ ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ရဲ့ သုတေသီတွေက ကြေညာပါတယ်။


  • မှတ်တမ်းတင်ထားသော ပန်ဒါနီ ၂ ကောင်ရဲ့ လှုပ်ရှားမှု (ဓာတ်ပုံ - Fauna & Flora International)

ဒီအဖွဲ့ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာတော့ ပန်ဒါနီတွေကို ၂ဝဝ၉မှာ အစပြု တွေ့ရှိခဲ့ရကြောင်း ရေးထားပါတယ်။

အခုတော့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း Imaw Bum (အီမောဘွန်?) တောင်တန်းဒေသမှာ ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးထားနိုင်ပြီလို့ ဆိုပါတယ်။

အဲဒီနေရာမှာ ပန်ဒါနီတွေ ကျက်စားကြပုံရတယ်၊ သူတို့ကို ခြေရာခံမိတဲ့နေရာက ဟိမဝန္တာအရှေ့ပိုင်းဒေသထဲမှာ ပါဝင်တယ်လို့ ဒီအဖွဲ့က ဆိုထားတာပါ။

တရုတ်ဘက်က သစ်ခုတ်လွန်းလို့ တောပြုန်းနေတဲ့ဒေသဖြစ်တယ်၊ သူတို့စားတတ်တဲ့ ဝါးရွက်တွေလည်း တောပြုန်းလို့ ကုန်ပြီ၊ ပန်ဒါနီ ၂ ကောင် ကျောက်စရစ်တောမှာ သွားနေကြတာကို မှတ်တမ်းတင်ထားတာပါပဲ တဲ့။

ဒီ၂ကောင်ကို တွေ့ရလို့ ၀မ်းနည်းဝမ်းသာဖြစ်ရကြောင်း မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ စောစိုးအောင်က ရှင်းပြပါတယ်။
ကိုယ်တိုင်တွေ့လိုက်ရလို့ ပြီးတော့ မှတ်တမ်းတင်ရိုက်ကူးလိုက်မိလို့ အင်မတန် ၀မ်းသာရသလို သူတို့ရဲ့ နေထိုင်မှုဝန်းကျင် ပျက်စီးသွားပြီး ရှင်သန်ရေး ခြိမ်းခြောက်ခံနေရတဲ့အတွက်လည်း  ၀မ်းနည်းမိတယ်လို့ ဆိုပါတယ်။

ကောင်ရေ တသောင်းထက် လျော့နည်းလာတယ်လို့ ယူဆရတဲ့သူတို့ကို ရှားပါးတောရိုင်းတိရစ္တာန်စာရင်းမှာ အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။

ကချင်ပြည်နယ်မှာ ရှားပါးတိရစ္တာန်စာရင်းဝင်  နှာခေါင်းလှန်မျောက်တွေလည်း သစ်ခုတ်လုပ်ငန်းတွေကြောင့် အန္တရာယ်နဲ့ကြုံတွေ့နေရတာပါ။

ပန်ဒါနီတွေ တွေ့တဲ့သတင်းနဲ့ အဲဒီဒေသအကြောင်း သတင်းအပြည့်အစုံကို  http://www.irrawaddy.org/burma/red-panda-filmed-burma-first-time.html မှာဖတ်နိုင်ပါတယ်။


.

No comments:

Post a Comment