Pages

Saturday, October 18, 2014

ငွေဆောင်ကမ်းခြေသို့ ခရီးသွားဝင်ရောက်မှုမြင့်တက်

.




ဧရာဝတီတိုင်း၊  ပုသိမ်မြို့နယ်မှာ တည်ရှိတဲ့ နာမည်ကျော်ငွေဆောင်ကမ်းခြေကို  ခရီးသွားဝင်ရောက်မှုဟာ ယမန်နှစ်ထက် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။  

 


  • ငွေဆောင်ကမ်းခြေ (ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)

ငွေဆောင်ကမ်းခြေကို ယမန်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွား ၃၉,ဝဝဝ ကျော် လာရောက်ခဲ့တာပါ။
ဒီနှစ်မှာတော့ ပထမ ၈ လ အတွင်း   ၄၆,ဝဝဝ ထက် မနည်း ရောက်လာပါတယ်။

 “အနည်းဆုံးတော့ မနှစ်ကထက် လူ တသောင်းခွဲလောက် ပိုလာမယ် ခန့်မှန်း ထားတယ်” လို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပုသိမ်ရုံးခွဲ တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်သူဦးက ဧရာဝတီကို ပြောပါတယ်။

ချောင်းသာကမ်းခြေကိုလည်း ယမန်နှစ်က ပြည်တွင်းပြည်ပ ခရီးသွား ၂၄၇,ဝဝဝ ကျော် လာရောက်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလကနေ
 သြဂုတ်လအတွင်း ခရီးသွား ၁၈၂,ဝဝဝ ကျော် လာရောက်လည်ပတ်ခဲ့ပါတယ်။ 

 ဒါဟာ ယမန်နှစ်ထက် ခရီးသွားဦးရေ ၂၃ ရာခိုင်နှုန်း တိုးတက် လာခြင်းပါပဲ  ဟိုတယ်နှင့်ခရီးသွားဌာနက ဆိုပါတယ်။

လက်ရှိမှာတော့ မိုးရာသီအတွင်း ပိတ်သိမ်းထားတဲ့ ငွေဆောင်ကမ်းခြေက ဟိုတယ် ၁၄ လုံး ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေတယ်၊ ချောင်းသာကမ်းခြေမှာတော့
ဟိုတယ်အားလုံး ပြန်လည်ဖွင့်လှစ် လုပ်ကိုင်နေကြောင်း သိရပါတယ်။

ငွေဆောင်ကမ်းခြေမှာ ဟိုတယ်  ၂၃ လုံးရှိပြီး အခန်းပေါင်း ၁,၂၆၄ ခန်းရှိတယ်၊
 ချောင်းသာကမ်းခြေမှာတော့ ဟိုတယ် ၂၁ လုံးရှိပြီး အခန်း ၈ဝ၈ ခန်းရှိကြောင်း  ဟိုတယ်နှင့်ခရီးသွားဌာန စာရင်းများအရ သိရပါတယ်။  

  •  ဆလိုင်းသန့်စင်








.

No comments:

Post a Comment