Pages

Saturday, October 18, 2014

IS အဖွဲ့ အားနည်းစေမယ့် အမေရိကန်ရဲ့ အာရှခြေလှမ်း



အမေရိကန်က IS အဖွဲ့စစ်ဆင်ရေး၊
IS စစ်သွေးကြွအဖွဲ့ဆီကို နိုင်ငံခြားတိုက်ခိုက်ရေးသမားတွေ သွားရောက်ပူးပေါင်းမှုအရှိန် လျော့သွား၊ ရပ်သွားစေရေးမှာ
တရုတ်၊ အာဆီယံဒေသ မူဆလင်နိုင်ငံတွေနဲ့ ပိုမို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့အာဆီယံဒေသအရာရှိတွေက ပြောပါတယ်။
   



  • ဖေဖော်ဝါရီ ၁၇ ဂျကာတာမြို့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အင်ဒိုနီးရှား Marty Natalegawa  (Photo: Reuters)

http://www.irrawaddy.org/asia/us-seeks-china-asian-muslim-nations-islamic-state.html မှာ တွေ့ရတဲ့ သတင်းနဲ့ ဓာတ်ပုံကို ကူးယူ ဖော်ပြတာဖြစ်ပါတယ်။

 အာဆီယံဒေသ မူဆလင်နိုင်ငံတွေ ဆိုတာက အင်ဒိုနီးရှား မလေးရှားတို့ပါပဲ။
အင်ဒိုနီးရှား ဆိုတာက ကမ္ဘာပေါ်မှာ မူဆလင်အများဆုံးနေထိုင်တဲ့ နိုင်ငံပါ။
မလေးရှားမှာလည်း လူများစုက မူဆလင်တွေ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက သောကြာနေ့မှာ  တရုတ်နိုင်ငံတော်ကောင်စီဝင် Yang Jiechi  နဲ့  တွေ့ပါမယ်။
ပြီးရင် ၀န်ကြီးက တနင်္လာနေ့  အင်ဒိုသမ္မတသစ် Joko Widodo ရဲ့ ကျမ်းသစ္စာဆိုပွဲ တက်ရောက်ပါမယ်။

အင်ဒိုနီးရှား မလေးရှား ခေါင်းဆောင်များနဲ့ တွေ့တဲ့အခါ ၀န်ကြီးက IS အဖွဲ့ကို ဝိုင်းဝန်း တိုက်ခိုက်ရေး၊ ဒဏ်ခတ်ရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

အမေရိကန်က IS အဖွဲ့ ဆန့်ကျင်တိုက်ခိုက်ရေးမှာ နိုင်ငံ ၄ဝ ထက်မနည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
 အီရတ်၊ ဆီးရီးယားနိုင်ငံတွေထဲက IS ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ထိုးစစ်ဆင်နေပါပြီ။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း အမေရိကန် တိုက်လေယာဉ် ဗုံးကြဲလေယာဉ်တွေက ဆီးရီးယားနိုင်ငံထဲက မြို့တမြို့ကို ၁၄ ကြိမ် သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်အစိုးရမီဒီယာက နိုင်ငံအနောက်ပိုင်း Xinjiang ဒေသ စစ်သွေးကြွတွေဟာ IS အဖွဲ့ဆီမှာ  အကြမ်းဖက်တိုက်ခိုက်မှုသင်တန်း
တက်ဖို့ တိုင်းပြည်ကနေ ထွက်ခွာသွားကြကြောင်း  ရေးဖူးပါတယ်။
ဒီအကြောင်း http://blog.irrawaddy.org/2014/09/is_64.html မှာ ဖတ်နိုင်ပါတယ်။

အိန္ဒိယ နဲ့ ပစိဖိတ်ဒေသကနေ IS အဖွဲ့ကို သွားရောက်ဆက်သွယ်လုပ်ကိုင်ပေးသူ တထောင်ဝန်းကျင်ရှိမယ်လို့ ပစိဖိတ်ဒေသ အမေရိကန် ရေတပ်ဗိုလ်ချုပ် Samuel Locklear က ပြောပါတယ်။

အင်ဒို၊ မလေး၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေကနေလည်း အဲဒီလို သွားတာ အယောက်တရာထက် မနည်းပါဘူး လို့ လုံခြုံရေးဘက်ဆိုင်ရာ အရာရှိတွေ အကဲခတ်တွေက ခန့်မှန်းပါတယ်။

သြစတေးလျဘက်ကနေလည်း အဲဒီလို သွားကြတာ ၁၆ဝ ခန့် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ် - အများအပြားက ခေါင်းဆောင်ပိုင်းနေရာ ရောက်နေကြပြီဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ဆိုပါတယ်။

မလေးရှားကတော့ သူ့နိုင်ငံသား ၃၆ ယောက်ကို စစ်သွေးကြွတွေဖြစ်တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတာ ဧပြီလ ကတည်းကပါ။
IS နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေဆီ ရောက်သွားတာ အနည်းဆုံး ၃ဝ တော့ ရှိမယ်လို့ သူတို့ ယူဆနေပါတယ်။

IS နဲ့ ချိတ်ဆက်ပြီး သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ ယူဆရတဲ့ မလေးရှား ၁၃ ယောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိန်းသိမ်းလိုက်တယ်လို့ ဆိုပါတယ်။





No comments:

Post a Comment