Pages

Thursday, October 2, 2014

ဆိုက်ဘာမှုခင်းတွေ တိုက်ဖျက်ဖို့ စင်ကာပူမှာ အင်တာပိုလ်ရုံးဖွင့်မယ်

နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် ( INTERPOL ) က ဆိုက်ဘာ ရာဇ၀တ်မှု စင်တာ Digital Crime Centre ရုံးကို စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်တော့မယ့်အကြောင်း စင်ကာပူ ၀န်ကြီးချုပ်ရုံး ၀န်ကြီးက ကြေညာ လိုက် ပါပြီ။ 


စင်ကာပူနိုင်ငံမှာ ဖွင့်လှစ်မယ့် အင်တာပိုလ်ရဲ့ ရုံးသစ်၊ ဓာတ်ပုံ- ချန်နဲလ် နယူးအေးရှား

အင်တာပိုလ် (INTERPOL) ရဲ့ ဒီစီစီ ရုံး အဆောက်အဦကို စင်ကာပူမှာ တည်ဆောက်ပြီးဖြစ်ကာ Interpol Global Complex for Innovation လို့ခေါ်တဲ့ ဌာနကို လွှဲပြောင်းပေးပြီး လာမယ့် နှစ် ဧပြီလမှာ စတင် ဖွင့်လှစ်မှာဖြစ်တယ်လို့ Chanel News Asia သတင်းတပုဒ်မှာဖော်ပြ ထားပါတယ်။ 

စင်ကာပူနိုင်ငံဟာ ကွန်ပျူတာ နည်းပညာထွန်းကားတဲ့ နိုင်ငံလည်း ဖြစ်တာကြောင့် စင်ကာပူက ဒီစီစီရုံး ကနေ ဆိုင်ဘာ ရာဇ၀တ်မှုခင်းတွေကို တိုက်ဖျက်ရေးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်တော့မှာမို့ ဒါဟာ အင်တာပိုလ်ရဲ့ အရေးပါတဲ့ ခြေ လှမ်းလည်း ဖြစ်ပါတယ်။ 

ရုံးဖွင့်ပြီးရင်တော့ စင်ကာပူအခြေစိုက် အင်တာပိုရဲ့ IGCI ဌာနကနေ ဒေသတွင်း ဆိုက်ဘာရာဇ၀တ်မှုတွေ ကို ကိုင်တွယ်သွားမှာ လို့ သိရပါတယ်။ 

အွန်လိုင်းအင်တာနက်ကို မှားယွင်းစွာ အသုံးချပြီး ဥပဒေချိုးဖောက်တဲ့သတွေအနေနဲ့ ရှေ့လျှောက် ဒီရုံး ကနေ ပြင်းပြင်း ထန်ထန် တိုက်ဖျက်အရေးယူသွားမှာဖြစ်တယ်လို့ လည်း စင်ကာပူ တာဝန်ရှိသူတဦး က ပြောပါတယ်။ 

အင်တာပိုလ်ဌာနချုပ် တည်ရှိရာ ပြင်သစ်နိုင်ငံ လီယွန်မြို့က ရုံးနဲ့ စင်ကာပူရုံးတို့ဟာ ဆိုက်ဘာ နည်းပညာ တရား ဥပဒေ စိုးမိုးရေးအတွက် ချိတ်ဆက်ပူးပေါင်းမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာလို့ လည်း သိရပါတယ်။ 

မြန်မာပြည်က အွန်လိုင်းအင်တာနက်ကို မှားယွင်းစာအသုံးချပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက် မယ်ဆိုရင်တော့ စင်ကာပူမှာ ဖွင့်မယ့်ရုံးသစ်ကနေ ခြေရာခံမိကာ အရေးယူခံရနိုင်ပါတယ်။ 



အိမ့်သံစဉ် ~











 

No comments:

Post a Comment