Pages

Thursday, January 8, 2015

အီသီယိုးပီးယားအလှမယ် 1st runner up ဆုရုပ်သိမ်းခံရ



1st runner up ဆုရ အီသီယိုးပီးယားအလှမယ် (ဓာတ်ပုံများ - Miss Grand International Official facebook)

 လက်ရှိ Miss Universe ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Grand International 2014 မှာ 1st Runner up ဆုရရှိခဲ့သူ Ms. Hiwot Mamo အား ပြိုင်ပွဲမှ ထုတ်ပယ်လိုက်တဲ့အပြင်  သူ ရရှိခဲ့တဲ့ Miss Grand International 2014 ရဲ့ 1st runner up ဆုအား ဆက်လက် ပိုင်ဆိုင်ခွင့်ကိုပါ ရုပ်သိမ်းလိုက်ပြီဖြစ်ကြာင်း Miss Grand International Organizations ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။

Ms. Hiwot Mamo ဟာ အီသီယိုးပီးယား နိုင်ငံမှ အလှမယ်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ Miss Grand International 2014 ပြိုင်ပွဲမှာ 1st Runner up ဆု ရရှိခဲ့သူပါ။ ဒီပြိုင်ပွဲဟာ ကမ္ဘာ့စစ်ပွဲတွေ ရပ်တန့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာလည်းဖြစ်ပါတယ်။

အဲ့ဒီပြိုင်ပွဲရဲ့ Miss Grand International 2014 အလှမယ်ဆုကိုတော့ Cuba နိုင်ငံက ရရှိခဲ့တာပါ။

အခုလို အီသီယိုးပီးယား အလှမယ်ရဲ့ 1st runner up ဆုအား ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းကို Miss Grand International Organization ရဲ့ Official Facebook မှာလည်းဖော်ပြထားပါတယ်။

ဘာကြောင့် အခုလို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ တိကျရေရာတဲ့အဖြေမျိုး မပေးထားတဲ့ အတွက်ကြောင့် ဖေ့ဘုတ် စာဖတ်ပရိတ်သတ်တွေအနေနဲ့ အဲ့ဒီအဖွဲ့အစည်း အပေါ် ဝေဖန်အကြံပေးထား တာတွေကိုလည်း တွေ့ရပါတယ်။

အီသီယိုးပီးယားအလှမယ်ကို ပြိုင်ပွဲမှ ထုတ်ပယ်လိုက်ကြောင်း ရရှိထားတဲ့ ဆုကို ပါ ပြန်လည်ရုပ်သိမ်းလိုက်ကြောင်းကို ထုတ်ပြန်ထားတဲ့ Miss Grand International Organization ရဲ့ကြေငြာချက်ကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Dear all fans,

Since Ms Hiwot Mamo Miss Grand International 2014 1st runner up is candidate of the current Miss Universe pageant, we want to wish her the very best and successful with the pageant.

Together with this we have decided to withdraw Ms Hiwot Mamo from her current Miss Grand International 2014 1st runner up title. Ms Hiwot Mamo can no longer use the title of Miss Grand International 2014 1st runner up from here onwards.

Thank you for your kind cooperations and understanding.

Best regards,
Miss Grand International Organizations








No comments:

Post a Comment