Pages

Monday, August 31, 2015

Bee Talk ရဲ့ Brand Ambassador အဖြစ် ဖွေးဖွေးကို ခန့်အပ်




မြန်မာဘာသာနဲ့ အသုံးပြုနိုင်သော ပထမဆုံး Chatting Application တခုဖြစ်တဲ့ Bee Talk ရဲ့
Brand Ambassador (ကုန်အမှတ်တံဆိပ်သံတမန်)အဖြစ် ရုပ်ရှင်သရုပ်ဆောင်ဖွေးဖွေးကို ခန့် အပ်လိုက်    ပြီဖြစ်ပါတယ်။

Beetalk ရဲ့ Brand Ambassador အဖြစ် ရုပ်ရှင်သရုပ်ဆောင်  ဖွေးဖွေးမှ  ကြော်ငြာရိုက်ကူးပေးခြင်း၊ ပရိုမိုးရှင်းပွဲများတွင် ပါဝင်ပေးခြင်းတို့အပြင် BeeTalk သုံးစွဲသူများအတွက် “PhwayPhway” Public Account ကိုပါဖွင့်လှစ်ပေးထားပါတယ်။ ထိုမှတဆင့် ဖွေးဖွေးရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အနုပညာသတင်းတွေနဲ့  ဖွေးဖွေးရဲ့ခံစားမှုလေးတွေကိုပါ BeeTalk အသုံးပြုသူများ သိရှိနိုင်တော့မှာဖြစ်ပါတယ်။

“Bee Talk ကနေ Brand Ambassador  လုပ်ဖို့အတွက် ကမ်းလှမ်းလာတဲ့အခါမှာ  တကယ်ပဲ  ပျော်ရွှင်မိပါတယ်။ BeeTalk ရဲ့Brand Ambassador ဖြစ်ပြီးနောက်ပိုင်းမှာ တကယ့်ကိုချစ်ဖို့ကောင်းတဲ့ sticker လေးတွေကို အမြဲတမ်းစဉ်းစားပြီးလုပ်ပေးသွားမှာပါ” လို့ ဖွေးဖွေးကပြောပါတယ်။

Bee Talk ရဲ့ အကြိုက်ဆုံးသော ထူးခြားချက်ကိုရွှေးချယ်ရန်အတွက် ဖွေးဖွေးအား မေးမြန်းသောအခါ ကျွန်မအကြိုက်ဆုံးကတော့သူငယ်ချင်းတွေ မိသားစုတွေနဲ့ လွယ်ကူစွာ Chat နိုင်တာကိုပါ။ အဲ့ဒါက ဆက်    
သွယ်ရေးပိုင်းမှာ အခြား Chat Application တွေထက်ပိုသာတယ်လို့ထင်မိပါတယ်” လို့ ဖွေးဖွေးက ဆက်လက် ပြောကြားခဲ့ပါတယ်။ Bee Talk ကို GPS နဲ့ သုံးရင် သူငယ်ချင်းတွေ ဒီထက်ပိုရနိုင်ပြီး ပိုပျော်စရာကောင်းတယ်လို့ ဒီ app ကို သုံးစွဲနေသူတဦးက ဆိုပါတယ်။

BeeTalk application ကို (၂၀၁၅) ခုနှစ် ဇန်န၀ါရီလမှာစတင်ခဲ့ပြီး မြန်မာဘာသာနဲ့ အသုံးပြုနိုင်တဲ့ ပထမဆုံး Chatting App တစ်ခုလည်း ဖြစ်ပါတယ်။


ထက်ဦးဝေ

No comments:

Post a Comment