Pages

Monday, August 31, 2015

သေဆုံးသွားတဲ့ အိမ်မွေးခွေးလေးအတွက် ပြုလုပ်ပေးတဲ့ တန်ဖိုးကြီး အသုဘအခမ်းအနား




ရှန်ဟိုင်းမြို့မှ အမျိုးသမီးတဦးဟာ သူ့ရဲ့ ချစ်လှစွာသော ခွေးကလေးရဲ့ အသုဘအခမ်းအနားကို တရုတ်ယွမ်ငွေ ၈ ထောင်(အမေရိကန် ဒေါ်လာ ၁၂၅၁ ဒေါ်လာ) အကုန်အကျခံကာ ပြီးခဲ့တဲ့ စနေနေ့က ပြုလုပ်ခဲ့ပါ တယ်။



ခွေးလေးရဲ့ အသုဘအခမ်းအနားမှာ တရုတ်ရိုးရာဓလေ့ထုံးစံအတိုင်းပြုလုပ်ခြင်း၊ မီးသဂြိုလ်ခြင်း၊ ခွေးလေးရဲ့ ဓာတ်ပုံနဲ့ အမှတ်တရအထိမ်းအမှတ်အဖြစ်ထားရှိခြင်း စတာတွေပါဝင်ပါတယ်။




အသုဘအခမ်းအနားတွေရဲ့ ထုံးစံအတိုင်း ပထမဆုံးအနေနဲ့ သေဆုံးသွားတဲ့ ခွေးကလေးကို ရေချိုး သန့်   စင်ပေးခြင်း၊ နောက် ပန်းတွေ ပတ်ပတ်လည်ခြံရံထားတဲ့ အထူးကောင်းမွန်သော ခေါင်းတလားထဲသို့ ထည့်ကာ တရုတ်ယွမ်ငွေ တသန်း(အမေရိကန်ဒေါ်လာ ၁၅၆၅၀၀) တန်တဲ့ အဖိုးတန် အသုဘယာဉ်ဖြင့်   ပို့ဆောင် မီးသဂြိုလ်ပေးခဲ့ပါတယ်။




Ref: CCTV news

No comments:

Post a Comment