Pages

Tuesday, October 20, 2015

ပေါင် ၂၇ မီလျံတန်တဲ့ ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတိုရဲ့ ကျေးလက်အိမ်ခြံဝန်းကြီး


Photo-mirror

ကမ္ဘာကျော် ဘောလုံးသမားတဦးဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဇနီး ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ စတာ     လင်ပေါင် ၂၇ မီလျံရှိတဲ့ ကျေးလက်ဒေသ အိမ်ခြံဝန်းကြီးတခုကို ဒီလအစောပိုင်းလောက်က ၀ယ်ယူခဲ့  တယ်လို့ CFP သတင်းဌာနက ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖော်ပြခဲ့ပါတယ်။

အိမ်ကြီးရဲ့ အရှေ့ဘက်မျက်နှာစာ 

စတာလင်ပေါင်မီလျံတန်တဲ့ အဲ့ဒီအိမ်ခြံဝန်းကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ အနောက်တောင်ပိုင်းမှာရှိတဲ့ Gloucestershire ဆိုတဲ့ နေရာမှာ တည်ရှိတာပါ။



 Abbotswood လို့ ဆိုတဲ့ အဆိုပါ အိမ်ခြံဝန်းကြီးဟာ အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်နေအိမ်တွေထဲမှာ  ဈေးအ ကြီးဆုံး အိမ်ခြံဝန်ကြီးတခုလည်းဖြစ်ပါတယ်။

ဧည့်ခန်းတနေရာ

ဧကပေါင်း ၇၇၄ ဧကကျယ်ဝန်းတဲ့ အဲ့ဒီ အိမ်ခြံဝန်းကျယ်ကြီးထဲမှာ ၀င်ပေါက်တံခါးကြီး ၂ ခု၊ အိပ်ခန်းပေါင်း ၁၀ ခန်း၊ တထပ်တိုက်များ၊ ယာတောအိမ်ငယ်လေး ၁၁ အိမ်၊ ရေကန်နှစ်ခုနဲ့ မြစ်တခုပါ ပါဝင်ပါတယ်။







Ref: CCTVnews

No comments:

Post a Comment