Pages

Tuesday, October 20, 2015

ရေထုညစ်ညမ်းမှုကို ကာကွယ်ပေးမယ့် အဆင့်မြင့်နည်းပညာနဲ့ ရေကူးဝတ်စုံ




ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသနပြုလုပ်သူများဟာ ခိုင်ခန့်မာကျောတဲ့ ပုံစံဖြင့် တိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာအသစ်နဲ့ ရေကူးဝတ်စုံ(ဘီကီနီ)ကို တီထွင်ထုတ်လုပ်လာတယ်လို့ Odditycentral.com ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ထူးခြားတာက အဲ့ဒီရေကူးဝတ်စုံဟာ ၀တ်ဆင်သူကိုတစုံတရာ အန္တရာယ်မဖြစ်စေဘဲ ရေထဲမှာရှိတဲ့ ညစ်  ညမ်းတဲ့ အရာများကို စုပ်ယူပြီး ရေကို သန့်စင်မှုပေးတယ်လို့ သုတသနပြုသူများက ဆိုပါတယ်။


အဆိုပါ အဆင့်မြင့်နည်းပညာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ ရေကူးဝတ်စုံဟာ ကာဗွန်အခြေခံထားတဲ့ ဖြည့်   စွက် ပစ္စည်းများနှင့်အတူ ရေထဲမှာရှိတဲ့ညစ်ညမ်းတဲ့အရာများကို ရေမြှုပ်ကဲ့သို စုပ်ယူထားနိုင်တဲ့ 3D ပုံစံ အခွံများနှင့် ပြုလုပ်ထားတာပါ။ ရေကူးဝတ်စုံမှာ ထည့်သွင်းထားတဲ့ ဖြည့်စွက်ပစ္စည်းများဟာ ရေထုထဲမှ ညစ်   ညမ်းအရာများကို သူ့ရဲ့ ကိုယ်ပိုင် အလေးချိန် ထက် ၂၅ ဆ စုပ်ယူနိုင်ပါတယ်။ အဲ့ဒီလို စုပ်ယူထားတဲ့ ညစ်  ညမ်းအရာများဟာ အနည်းဆုံး အပူချိန် ၁၀၀၀ ဒီဂရီစင်တီဂရိတ်ဖြင့် အပူပေးမှသာ ပြန်လည် သန့်စင်သွားနိုင်မှာဖြစ်ပါတယ်။

အဆိုပါ အဆင့်မြင့်နည်းပညာ ရေကူးဝတ်စုံဟာ စုပ်ယူစွမ်းအား မကျခင်အထိ အကြိမ် ၂၀ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။



သုတေသနနှင့် ဖွံ့ဖြို့တိုးတက်မှုဆိုင်ရာ အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်သူ Mihri Ozkan က ဒီရေကူးဝတ်စုံဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးပြီး ၀တ်ဆင်သူများအတွက်လည်း ပျော်ရွှင်စရာ ကောင်းမှာ ဖြစ်တဲ့အတွက် သဘောကျနှစ်ခြိုက်ကြမယ်လို့ ယုံကြည်နေပါတယ်။

ဒီ တီထွင်ဆန်းသစ်မှုဟာ ဒီလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ရဲ့ ပြုပြင်ပြောင်းလဲဖန်တီးပြီး ၀တ်ဆင်ဖို့ရန် သင့်တော်မယ့် နည်းပညာပြိုင်ပွဲတခုမှာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။



Ref:CCTVnews

No comments:

Post a Comment