ယခုရက်ပိုင်းအတွင်းတွင် ကျွန်ုပ်တို့၏ ဒီမိုကရေစီလှုပ်ရှားမှု အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ထိုနာမ်စား “သူမ” “သူမ” ဟု ကြိမ်ဖန်များစွာ နေ့စဉ်ရက်ဆက် အသုံးပြုနေကြသည်ကို စိတ်မချမ်းမြေ့ဖွယ် ကြားနေ ဖတ်နေရပါသည်။
အထူးသဖြင့် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် မြန်စာနှင့် စကားအတွက် အသံအထွက် သတ်ပုံ အသုံးအနှုန်းများအကြောင်း ပညာရှင်များကို မေးမြန်း၍ ပြည်သူသို့ တင်ပြနေပါလျက် ယင်းတို့ကိုယ်တိုင် ဤသို့သော အမှားမျိုးကို ကြိမ်ဖန်များစွာ တင်ပြရေးသားကြော်ငြာနေသည်မှာ မဖြစ်သင့်ပါ။
ဘာသာစကားသည် ပြောင်းလဲတတ်သည် ဟူသော သဘော ရှိသော်လည်း အခိုက်အတန့်သော ကာလများတွင် အမှန်တစ်ခု ရှိနေစေရန်အတွက် ဘာသာစကားတိုင်းတွင် ဘာသာစကာထိန်းသိမ်းမှု လုပ်နေကြပါသည်။ ဤ ဘာသာစကားထိန်းသိမ်းမှု ဖြစ်စဉ်ကို အလေးထားလျက် အမြင်မတော် အကြားမတော်သူ မြန်မာစာနှင့် စကားအတွက် တာဝန်သိသူ တစ်ဦးအနေဖြင့် ဧရာဝတီသတင်းစဉ်မှတစ်ဆင့် အသိပေးတင်ပြရပါသည်။
မြန်မာစာနှင့် စကားအတွက် တာဝန်သိသူတစ်ဦး
I totally agree with author. We should have constant standard for our language.