Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

ထိုင်းနိုင်ငံ ဘန့်မိုင်ဆာမာခီက ကချင်မနောပွဲ

Monday, December 8, 2014 0 comments


ထိုင်းနိုင်ငံမြောက်ပိုင်း ချင်ဒေါင်းနယ်၊ ဘန့်မိုင်ဆာမာခီ ရွာကလေးမှာ ကချင်မနောပွဲကို ဒီဇင်ဘာလ ၄ ရက်
နေ့ ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့ပါတယ်။ 


ဓာတ်ပုံ- အိမ့်သံစဉ် ~

မြန်မာပြည်က စစ်ဘေးရှောင် ကချင် တိုင်းရင်းသားတွေကို ထိုင်းနိုင်ငံက တောင်ပေါ်တိုင်းရင်းသား အဖြစ် 
မွေးစားပြီး ထိုင်းဘုရင်မင်းမြတ်က ရွာတည်ပေးခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်တဲ့ အထိမ်းအမှတ်ရယ်၊ ထိုင်း ဘုရင့်မွေးနေ့ရယ်နဲ့ ပူးပေါင်းပြီး ကချင်မနောပွဲကို ဘန့်မိုင်ဆာမာခီရွာမှာ စည်စည်ကားကား ကျင်းပကြတာပါ။ 

မြန်မာပြည်မှာ ကချင်တိုင်းရင်းသားတွေအားလုံးပါဝင်နိုင်မယ့် မနောပွဲကို မြန်မာအစိုးရစစ်တပ်နဲ့ ကချင် တိုင်းရင်းသား လက်နက်ကိုင် KIA အဖွဲ့တို့အကြားတိုက်ပွဲတွေပြန်ဖြစ်လာခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက မကျင်းပဖြစ်ခဲ့ပါဘူးလို့ သိရပါတယ်။ 

ထိုင်းနိုင်ငံ ချင်းဒေါင်းနယ်က ဘန့်မိုင်ဆာမာခီမှာတော့ မြန်မာ၊ တရုတ်၊ အိန္ဒိယအပါအ၀င် ကမ္ဘာတ၀ှမ်းက ကချင်တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ကျင်းပခဲ့ကြပါတယ်။ 

ကချင်ရိုးရာအတိုင်း အနှစ်သာရ ရှိရှိ ကျင်းပခဲ့တဲ့ ပွဲဖြစ်တာကြောင့် တက်ရောက်လာကြတဲ့ ကချင်တိုင်းရင်း သား နွယ်ဝင်အားလုံးက ပျော်ရွှင်မှုတွေ ရှိတယ်လို့ ဆိုကြပေမယ့် ကိုယ့်မြေ၊ ကိုယ်အိမ်မှာ ကျင်းပတာမဟုတ် တာကြောင့် အပြည့် မပျော်ရွှင်နိုင်ကြပါဘူးတဲ့။ 

ကချင်ရိုးရာ အကပြိုင်ပွဲတွေ၊ အုပ်စုလိုက် ကပြဖျော်ဖြေတာတွေ ကချင် တိုင်းရင်းသားတွေ၊ ထိုင်းဘက်က သူတွေပါ ဖျော်ဖြေပွဲတွေမှာ ပါဝင်ကြတာတွေ့ရပါတယ်။ 

အားလုံးလိုလိုက ပျော်ပျော်ရွှင်ရွှင် လုံခြုံအေးချမ်းစွာနဲ့ မနောပွဲကို ဖြတ်သန်းကြတာ မြင်တွေ့ရပါတယ်။ 

ဘန့်မိုင်ဆာမာခီက မနောပွဲ မြင်ကွင်းတချို့ကို ဧရာဝတီဘလော့ဂ် ပရိသတ်တွေအတွက် လည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 




                                               အကပြိုင်ပွဲတွေရဲ့ ဒိုင်လူကြီးများ

                                                     ပြိုင်ပွဲဝင် အကအဖွဲ့တဖွဲ့ 

               ဘန့်မိုင်ဆာမာခရီ ရွာတည်ခြင်း  နှစ် ၃ဝ ပြည့်ကျောက်တိုင်နဲ့ ကချင် မနောတိုင်



                                တိဗက်က လာတဲ့ ကချင်တိုင်းရင်းသား တချို့
ကချင် တီးဝိုင်းတခုရဲ့ စင်တင်ဖျော်ဖြေပွဲနဲ့ အဆိုတော် ကိုမွန်းအောင် 




အိမ့်သံစဉ် ~ 












ချင်းမိုင်မှာ စိတ်ကြွဆေး ၅ သိန်းနဲ့ လူငယ် ၂ ဦးကို ဖမ်းမိ

Friday, November 28, 2014 0 comments


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင် ထရပ်ကားမှာ ၀ှက်သယ်လာတဲ့ မက်သာ ဖက်တမင်း စိတ်ကြွဆေး ၅ သိန်းကျော်နဲ့ လူငယ် ၂ ဦးကို ထိုင်းရဲတွေက မနေ့က ဖမ်းဆီးလိုက်ပါတယ်။ 



အမျိုးသားပညာရေးဥပဒေဖျက်သိမ်းရန် မန္တလေးတွင်ဆန္ဒပြ

Thursday, November 27, 2014 0 comments


.




အမျိုးသားပညာရေးဥပဒေဖျက်သိမ်းပစ်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို ဒီနေ့ မန္တလေးမြို့မှာ ကျင်းပခဲ့ပါတယ်။ မြင်းခြံခရိုင်၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်၊ မိတ္တီလာ ခရိုင် မုံရွာခရိုင်နဲ့ မန္တလေးခရိုင်က ကျောင်းသားသမဂ္ဂအဖွဲ့ ဝင် ၅၀ ကျော်ခန့် နဲ့ မြို့ ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့ ပါဝင်ခဲ့ကြပြီး  မန္တလေးမြို့တော်ခန်းမရှေ့ ၂၆ ဘီလမ်းပေါ်တွင် ညနေပိုင်းအထိ ထိုင်သပိတ်ဆင်နွဲမယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ  - တေဇလှိုင်/ဧရာဝတီ)




.

ထိုင်းရဲအရာရှိကြီးအိမ်က သိမ်းမိတဲ့ ငွေနဲ့ ပစ္စည်းများ

0 comments


ထိုင်းနိုင်ငံက အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ CIB အကြီးအကဲဟောင်း ဖွန်ပတ်ချရဖန် (Pongpat Chayaphan) ရဲ့ နေအိမ်မှာ ၄င်းပိုင် ဘတ်ငွေ ဘီလျံ များစွာနဲ့တကွ ရှေးဟောင်းပစ္စည်းတွေ၊ ရတနာတွေကို ထိုင်းရဲတွေက သတင်းစာ ရှင်းလင်းပွဲမှာ ပြသလိုက်ပါပြီ။ 


 ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ဒီ ပစ္စည်းတွေဟာ ထိုင်းရဲအရာရှိတဦးအနေနဲ့ မတရားသဖြင့် ရရှိပိုင်ဆိုင်ထားတာလို့လည်း ဘန်ကောက် ပို့စ် သတင်းက ဆိုပါတယ်။ 




ရာထူးချခံထားရစဉ် အထူးစုံစမ်းရေး ရဲတပ်ဖွဲ့ CIB အကြီးအကဲဟောင်း Pongpat Chayaphan ကို အခြား ထိပ်တန်း ရဲအရာရှိကြီးတွေကို ထိုင်းရဲတွေက အခုဆို ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းဘုရင့်နန်းတော်ကို သိက္ခာကျဆင်းအောင် လုပ်ဆောင်မှုအပါအ၀င် ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။ 


 ရွှေငွေရတနာတွေနဲ့ မြေ၊ အိမ်စတဲ့ ပိုင်ဆိုင်မှု စာချုပ်များ 





 ပိုင်ဆိုင်မှု ကားတွေနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ထိုင်း အာဏာပိုင်များ







အိမ့်သံစဉ် ~ 


ဆက်စပ်သတင်း

ထိုင်း ရဲချုပ်တဦးအိမ်က ဘတ်ငွေ ဘီလျံနဲ့ချီ တွေ့ရှိ






CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆု ဦးအောင်ဇော် လက်ခံရယူစဉ်

0 comments


အမေရိကန်နိုင်ငံ နယူးယောက်မြို့ အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ)က ချီးမြှင့်တဲ့ ၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့်ဆုပေးပွဲ အခမ်းအနားမှာ ဧရာတီသတင်းဌာန တည်ထောင်သူ အယ်ဒီတာချုပ် ဦးအောင်ဇော်က ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူခဲ့စဉ်က မှတ်တမ်းတွေဖြစ်ပါတယ်။ 

ဓာတ်ပုံ- ကျော်ဖြိုးသာ/ဧရာဝတီ

CPJ က ပေးအပ်တဲ့ ၂၀၁၄ ခုနှစ်အတွက် သတင်း လွတ်လပ်ခွင့်ဆု “ 2014 International Press Freedom Award” ကို ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော် အပါအ၀င် သတင်းသမား ၄ ဦးကို 
နိုဝင်ဘာလ ၂၅ ရက်နေ့က ချီးမြှင့်ပေးအပ်ခဲ့တာပါ။ 

၂၀၁၄ ခုနှစ် နိုင်ငံတကာသတင်းလွတ်လပ်ခွင့် ဆုရရှိသူများမှာ ဧရာဝတီ အယ်ဒီတာချုပ် ဦးအောင်ဇော်၊ အီရန် နိုင်ငံ မှ အလွတ် သတင်းထောက် ( ယခင် အီရန် အစ္စလမ်မစ် သတင်း အေဂျင်စီ IRNA အယ်ဒီတာဟောင်း) ဆီယမ်မတ်ခ် ဂါဒီရီ ( Siamak Ghaderi)၊ တောင်အာဖရိကနိုင်ငံက စီးတီး ပရက်စ် အယ်ဒီတာချုပ် မစ္စတာ ဖာရီယယ် ဟာဖာဂျီး(Ferial Haffajee) နဲ့ ရုရှား နိုင်ငံက Russian independent TV channel Dozhd အယ်ဒီတာချုပ် မီခေးလ် ဇိုင်ဂါ ( Mikhail Zygar ) တို့ဖြစ်ပါတယ်။ 














အမေရိကန် ဂီတ AMA ဆုပေးပွဲ ဘယ်သူတွေ ဘာဆုတွေရသွားသလဲ

Tuesday, November 25, 2014 0 comments


တေးဂီတ ဆုပေးပွဲတွေထဲမှာ ကမ္ဘာ့တလွှား နာမည်အကြီးဆုံးတွေထဲက ဆုတခုဖြစ်တဲ့ အမေရိကန် ဂီတ ဆုပေးပွဲကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်က လော့စ်အိန်ဂျလိစ်မြို့မှာ တနင်္ဂင်္င်္နွေနေ့ က ကျင်းပခဲ့ပါတယ်။ 



ကက်သလစ်သာသနာ မြန်မာပြည်ရောက်ရှိခြင်း နှစ် ၅၀၀ ပြည့် ပွဲတော်

0 comments

.
 
  
မြန်မာနိုင်ငံသို့ ကက်သလစ်ခရစ်ယာန် သာသနာ ရောက်ရှိတဲ့ နှစ် ၅ဝဝ ပြည့် အထိမ်းအမှတ်အစီအစဉ်ကို  ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကာသီဒြယ်မှာ ပြီးခဲ့တဲ့ရက်တွေအတွင်း ခမ်းခမ်းနားနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ 





  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


စစ်ကိုင်း၊ ပလိပ်၊ မန္တလေးအလုပ်သမားများ စက်မှုဇုန်မှာဆန္ဒပြ

Monday, November 24, 2014 0 comments

.



စစ်ကိုင်း၊ ပလိပ်၊ မန္တလေးက အလုပ်သမားသမဂ္ဂ အဖွဲ့ ဝင်များ တနင်္ဂနွေနေ့ မနက်က မန္တလေးစက်မှုဇုန်မှာ ဆန္ဒပြရာမှာ အာဏာပိုင်တို့က  ဆန္ဒပြနိုင်မယ့်အရေအတွက်ကို အင်အား ၂၀၀ ခွင့်ပြုခဲ့ပါတယ်။  


KIA ကျောင်းမှာ ကျဆုံးသွားတဲ့ ဗိုလ်လောင်းများအတွက် ဆုတောင်းပွဲ

0 comments



KIA ဌာနချုပ် ဗိုလ်သင်တန်းကျောင်း မကြာသေးခင်က တိုက်ခိုက်ခံရမှုမှာ ကျဆုံးသွားတဲ့  တိုင်းရင်းသား တပ်ဖွဲ့ အသီးသီးက ဗိုလ်လောင်းများအတွက် ဆုတောင်းခြင်း အစီအစဉ်ကို ဒေသအသီးသီးမှာ ပြုလုပ်နေကြပါတယ်။




  • (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

အိုဘားမားအင်တာဗျူးနဲ့ The Irrawaddy ဂျာနယ်

Sunday, November 16, 2014 0 comments



အမေရိကန်သမ္မတ အိုဘားမားနဲ့ သီးသန့်အင်တာဗျူး ပါဝင်တဲ့ ဒီတပတ်ထုတ်  The Irrawaddy ဂျာနယ်ကို ရန်ကုန်မြို့ နေရာတချို့မှာ စနေနေ့က   အခမဲ့ ဝေငှခဲ့ပါတယ်။  


မြန်မာနိုင်ငံရဲ့ ပထမဆုံးသော လိင်တူချစ်သူ ရုပ်ရှင်ပွဲတော်

0 comments



မြန်မာနိုင်ငံ၏ ပထမဆုံးသော လိင်တူချစ်သူ (LGBT) ရုပ်ရှင်ပွဲတော်ကို သောကြာနေ့မှ တနင်္ဂနွေနေ့အထိ ရန်ကုန်မြို့ ပြင်သစ်သံရုံး ယဉ်ကျေးမှုစင်တာတွင် ကျင်းပလျက်ရှိသည်။

ကမ္ဘာတဝှမ်းရှိ လိင်တူချစ်သူတို့၏ ဘဝကို ထင်ဟပ်သည့်   နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ရုပ်ရှင်အတိုနှင့် ဇာတ်လမ်းရှည် ၃၃ ကား ပါဝင်ပြသနေသည်။

Rainbow Reels Project မှ လိင်တူချစ်သူလူငယ် ၁၀ ဦးက ပွဲတော်အတွက် ရိုက်ကူးထုတ်လုပ်ထားသော ရုပ်ရှင်ဇာတ်ကားတို ၃ ကား အပါအဝင် မြန်မာနိုင်ငံမှ ရုပ်ရှင်ဇာတ်ကားတို ၇ကား ပါဝင်သည်။

လိင်တူချစ်သူများ ကြုံတွေ့နေရသော မမျှတခြင်းတို့ကို ရုပ်ရှင်များမှ တဆင့်ပြသပြီး မြန်မာနိုင်ငံရှိ လိင်တူချစ်သူတို့အတွက် တန်းတူညီမျှအခွင့်အရေးရရှိရေး ဆွေးနွေးနိုင်ရန်  ရည်ရွယ်ကျင်းပသည့်ပွဲတော်ဖြစ်ကြောင်း သိရသည်။

 Equality Myanmar အဖွဲ့မှ ဦးအောင်မျိုးမင်း ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံအမတ်ကြီး မာ့ခ်မက်ဒိုဝယ်၊  ပြင်သစ်ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူတို့က ဖွင့်ပွဲနေ့တွင် အမှာစကား ပြောကြားခဲ့ကြသည်။
  • (ဓာတ်ပုံများ - တင်ထက်ပိုင်/ဧရာဝတီ)



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved