ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ

Tuesday, January 12, 2016 0 comments


ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် - http://goo.gl/xvfmZR


ရခိုင်ယဉ်ကျေးမှုရိုးရာ သတို့သမီးဝတ်စုံနှင့် မြန်မာအလှမယ် စီစီအေးကို(ဓာတ်ပုံ - ကိုဝေယံအောင်ဖေ့ဘုတ်မှ)


နယူးရီးယား ဒါမှမဟုတ် ပါတီပွဲတွေအတွက် မရှိမဖြစ် အသားကင်စက်

Tuesday, December 29, 2015 0 comments




မကြာခင်မှာပဲ နှစ်တနှစ် ကုန်ဆုံးတော့မှာမို့ ရောက်ရှိလာတော့မယ့် နှစ်သစ်အတွက် ကြိုတင်ပြင်ဆင်လို့    နေလောက်ကြပြီထင်ပါတယ်။

အပြင်မသွားပဲ အိမ်မှာပဲ new year ပါတီလုပ်မယ့်သူများရော သူငယ်ချင်း အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပါတီကျင်းပမယ့်သူများရော ပါတီရဲ့ဓလေ့တစ်ခုလည်းဖြစ် သောက်စရာဝိုင်နဲ့လည်း လိုက်ဖက်တဲ့ BBQ ကို မပါမဖြစ်အနေနဲ့ထည့်သွင်းစဉ်းစားကြမယ်ထင်ပါတယ်။ အဲ့လိုစဉ်းစားရာမှာ BBQ ကင်ဖို့အတွက် အသားကင်စက်လေးတွေအကြောင်းလည်း ခေါင်းထဲရောက်လာဦးမှာပါ။

အရင်ကတော့ မီးသွေးမီးဖိုကို အသုံးပြုပြီး အသား စတာတွေကို ကင်ကြရပေမယ့် digital ခေတ်ရောက်လာတဲ့အခါမှာတော့  ပလပ်ထိုးလိုက်တာနဲ့အသင့်သုံးလို့ရတဲ့ မီးဖိုလေးတွေကို အသုံးပြုလာကြပါပြီ။ သုံးရတာလည်းလွယ် နေရာလည်းအရမ်းမယူ ချစ်စရာလည်းကောင်းတာမို့ အသုံးတည့်မှာပါ။

အသား ငါး နဲ့အသီးအရွက်တွေကို လွယ်လွယ်ကူကူနဲ့ လတ်လတ်ဆတ်ဆတ် ကင်စားလို့ရနိုင်မယ့် စက်လေးပါ။ လျှပ်စစ်မီးနဲ့ အသုံးပြုရမှာဖြစ်ပြီး အပူရှိန်ကို လိုသလိုအတိုးအလျော့လုပ်နိုင်ပါတယ်။ လတ်ဆတ်တဲ့ အသားနဲ့ အသီးအရွက်ကင်များကို အလွယ်တကူရရှိနိုင်မယ့်အပြင် ဝိုင်ဖြူ ဝိုင်နီစတာတွေနဲ့လည်း တွဲဖက်စားသုံးနိုင်မှာမို့ အဆင်ပြေစေမှာပါ။



New Year ညမှာ မိသားစုနဲ့ပဲဖြစ်ဖြစ် မိတ်ဆွေ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပါတီကျင်းပရာမှာ အဆင်ပြေပြီး လွယ်ကူစေဖို့ ဒီအသားကင်စက်လေးက ကူညီမှာပါ။ ဈေးနှုန်းအနေနဲ့လည်း အရမ်းမများပဲ သင့်တင့်တာမို့ ဝယ်ယူအသုံးပြုသင့်ပါတယ်။ New Year တစ်ခုတည်းတင်မဟုတ်ပဲ အခြား ပါတီများနဲ့ အိမ်မှာ မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေ တွေ့ဆုံကြတာမျိုးတွေမှာလည်း  အပျော်တမ်းအသားကင်စားဖို့လည်း အဆင်ပြေမှာပါ။

အသားကင်နဲ့တွဲဖက်ဖို့ ဝိုင်ကိုရွေးချယ်မယ်ဆိုရင်တော့ အမဲသားနဲ့လိုက်ဖက်တဲ့ ဝိုင်နီကိုရွေးချယ်သင့်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ အသားကင်စက်လေးရဲ့အကူအညီနဲ့ လတ်ဆတ်တဲ့ အသားငါး၊ အသီးအရွက်တွေကို ကင်ပြီး ဝိုင်ချိုချိုတစ်ခွက်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ဒီဇင်ဘာလရဲ့အေးမြတဲ့ ရာသီဥတုမှာ အသားကင်ပူပူလေးနဲ့ ဝိုင်ရဲ့ ပြင်းရှရှအပူဓာတ်က ခန္ဓာကိုယ်ကို အနွေးဓာတ်ရရှိစေမှာပါ။

အသားကင်စက်လေးတွေကို အမဲသား ငါး စတာတွေတင် ကင်ဖို့မဟုတ်ပဲ ကိုရီးယားကင်၊ ရုံးပတီသီးစတဲ့ အသီးအရွက်နဲ့ အခြားအသားများကိုလည်း ကင်စားနိုင်ပါတယ်။ မီးသွေးမွှေးရမယ့် ဒုက္ခကိုလည်း ကင်းဝေးစေမှာပါ။ မီးခိုးမွှန်တာမျိုး လက်အပူလောင်တာမျိုးလည်း ရှိမှာမဟုတ်တော့ဘူးပေါ့။

အရွယ်အစားအကြီးအသေး ပုံစံအမျိုးမျိုးရှိတဲ့ အသားကင်စက်လေးတွေဟာ အသုံးပြုဖို့အဆင်ပြေလှပါတယ်။ ဈေးနှုန်းအနေနဲ့ 20000 (နှစ်သောင်းကျော်)ပတ်ဝန်းကျင်သာ ကျသင့်မှာဖြစ်ပါတယ်။ နီးစပ်ရာ online shopping တွေနဲ့ Electronic showroomတွေမှာ ဝယ်ယူနိုင်ပါတယ်။

ခုလာမယ့် နှစ်သစ်ကူး မှာ အသားကင်စက်လေးကို အသုံးပြုပြီးပျော်ရွှင်ဖွယ်နှစ်သစ်ကို ကြိုဆိုနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


ထက်ဦးဝေ









ဖေ့ဘုတ်ရဲ့စာမျက်နှာထက် လတ်တလော ဘာတွေခေတ်စားနေလဲ

0 comments

မြန်မာပြည်မှာ သတင်းဦး၊သတင်းထူး၊ ဟော့သတင်းတွေကို ဖတ်ချင်ရင်တော့ သိပ်ဝေးဝေးသွားရှာ နေစရာမလိုပါ။ ဖေ့ဘုတ်သတင်းဌာနကြီးမှာ သွားရောက်ရှာဖွေ ဖတ်ရှုနိုင်ပါသည်လို့ ပြောရမလိုဖြစ်နေတဲ့ ဒီဘက်ခေတ်မှာ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ စာမျက်နှာတွေထက် ဟော့ဖြစ်နေတဲ့ အောင်မြင်ကျော်  ကြားနေတဲ့ အကြောင်းအရာ၊ လူပုဂ္ဂိုလ် စတဲ့အကြောင်းကို စုစည်းဖော်ပြပေးချင်ပါတယ်။

ဖိုးတခေတ် (ဓာတ်ပုံ-ဖိုးတခေတ် ဖေ့ဘုတ်)

ဖိုးတခေတ်လို့ ခေါ်ထွင်နေတဲ့ ကရင်ရသေ့

ပထမဆုံးအနေနဲ့ ဖေ့ဘုတ်စာမျက်နှာထက် ဟော့အဖြစ်ဆုံးလို့ပြောလို့ရမယ့် သတင်းကတော့ ကရင်ပြည် နယ် ဘားအံမြို့နယ် ဂျိုင်းရွာအနီးတ၀ိုက်က လူအများ ယုံကြည်ကိုးကွယ်နေကြတဲ့ “ဖိုးတခေတ်” ဆိုတဲ့ က ရင်ရသေ့တပါးလို့လည်း ခေါ်ဆိုနေကြသော သူတဦးပါပဲ။ ဖိုးတခေတ်ဆိုပြီး ပေါ်ပေါက်နေခဲ့တာ ကြာခဲ့ပြီဆိုပေမယ့် အခုပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော သူ့ရဲ့ မွေးနေ့ပွဲ   ကျင်းပပုံတွေကို ပြည်တွင်းသတင်းဌာနတွေက ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြလာခဲ့ရာက စလို့ ဖေ့ဘုတ်စာ   မျက်နှာတွေထက်မှာ ပျံ့နှံ့လာပြီး ပိုမိုလူသိများလာကြတာပါ။

ဒါ့ထက် ပိုဆိုးတာက သူ့ရဲ့ မွေးနေ့ပွဲတော်ကာလအတွင်းမှာ ဖိုးတခေတ်ဟာ ဆိတ် ၅ ကောင်ဆွဲတဲ့ လှည်းယာဉ်၊ မြင်းဖြင့်ဆွဲတဲ့ လှည်းယာဉ်၊ ဆတ်ဖြင့်ဆွဲတဲ့လှည်းယာဉ်၊ ကားဖြင့် ဆွဲတဲ့ လှည်းယာဉ်စတာတွေကို စီးပြီး နတ်နန်းကို လှည့်ပတ်မှုပြုလုပ်ခဲ့တာတို့ ကျွဲဖြူစီးပြီး လှည့်ပတ်တာတို့ ပြုလုပ်ခဲ့တဲ့အပေါ် တထူးတဆန်းနဲ့ ပြောဆိုဝေဖန်ခဲ့ကြတာပါ။ အဲ့ဒီမွေးနေ့ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့ကာ သူ့အား ယုံကြည် ကိုးကွယ်သူတွေက အရိုအသေပေးတဲ့အနေနဲ့ အလှူငွေများကိုလည်း လာရောက်လှူဒါန်းခဲ့ကြတယ်လို့လည်း    ပြည်တွင်းသတင်းတွေအရသိရပါတယ်။

အဆိုပါ ကရင်ရသေ့လို့လည်း လူသိများနေကြတဲ့ ဖိုးတခေတ်ကို အဲ့ဒီဒေသအတွင်း ယုံကြည်နေကြတဲ့သူတွေ ရှိသလို သူ့ရဲ့ နေထိုင်သွားလာမှုပုံစံတွေကြောင့် ဝေဖန်ပြောဆိုနေကြသူတွေလည်း ရှိပါတယ်။ လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးမှာတော့ ဖိုးတခေတ်ရဲ့ဝတ်စားဆင်ယင်ပုံဖက်ရှင်ဒီဇိုင်းတွေကို ပိုပြီး      စိတ်ဝင်စားတယ်ထင်ပါရဲ့။ အဲ့ဒီလို ဒီဇိုင်းမျိုးတွေ ၀တ်ဆင်လို့ သရော် ဝေဖန်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပလူ  ပျံနေပါတော့တယ်။

သေဒဏ်အမိန့်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး(ဓာတ်ပုံ - Reuters)


လိပ်ကျွန်းလူသတ်မှုရဲ့ သေဒဏ်အမိန့်

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ကော့တောင်ကျွန်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၄ စက်တင်ဘာ ၁၅ ရက်နေ့က    ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်တဲ့ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းကို လူသတ်တရားခံများအဖြစ် တရားစွဲဆိုထားရာကနေ ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်နေ့က သေဒဏ်ချမှတ်လိုက်တာပါ။

ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအပါအ၀င် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေက မကျေနပ်တဲ့အတွက် ဒီသေဒဏ်အမိန့်ကို ဆန့်ကျင်ဆန္ဒပြမှုများ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံရပ်ခြားရောက်နေတဲ့  မြန်မာလူမျိုးတွေကလည်း သူတို့ရောက်ရှိနေတဲ့ နိုင်ငံမှာရှိသော ထိုင်းသံရုံးရှေ့တွေမှာ ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာလည်း ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်မြို့အသီးသီးမှာလည်း ဆန္ဒပြခဲ့ကြသလို ရန်ကုန်မြို့ရှိ လူငယ်အများစုပေါင်းကာ ထိုင်းနိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို ထုတ်ဖော်တဲ့အနေနဲ့ လက်မှတ်ရေးထိုး      တောင်းဆိုမှုများကိုလည်း ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာတွေမှာ လိုက်လံကောက်ခံမှုများကိုပါ ပြု      လုပ်နေကြတာပါ။

ဖေ့ဘုတ်သတင်းဌာနကွန်ရက်ကြီးမှာတော့ ဒီ သေဒဏ်အမိန့်နဲ့ ပတ်သက်လို့ မျိုးချစ်မြန်မာတွေရဲ့ ပေါက်ကွဲသံစဉ်တွေဟာ ပျံ့နှံ့ထွက်ပေါ်လာကာ ထိုင်းနိုင်ငံရဲ့ တရားရေးရာစီရင်မှုနဲ့ ပတ်သက်ပြီး ရှုံ့ချပြောဆို ဝေဖန်မှုများ ဖေ့ဘုတ်ပရိုဖိုင်းပုံပြောင်းလဲမှုများ ပြုလုပ်ကာ ဆန္ဒဖော်ထုတ်နေကြပါတော့တယ်။




အေးမြတ်သူဝတ်ဆင်ရိုက်ကူးခဲ့တဲ့ ရေကူးဝတ်စုံနဲ့ ပြက္ခဒိန်

ကုမ္ပဏီတခုရဲ့ ၂၀၁၆ ခုနှစ်အတွက် ပြက္ခဒိန်တခုမှာ မြန်မာနိုင်ငံရဲ့ မော်ဒယ်လ်တချို့ရေကူးဝတ်စုံများ ၀တ်ဆင်ရိုက်ကူးခဲ့တဲ့အထဲမှာ သရုပ်ဆောင် အေးမြတ်သူရဲ့ ပုံကို လူတော်တော်များများက သတိထားမိ လာတာပါ။ အထူးသဖြင့် ဖေ့ဘုတ် သတင်းဌာနကြီးမှာပေါ့။

အဲ့ဒီပြက္ခဒိန်တခုလုံးမှာ သရုပ်ဆောင်အားလုံးဟာ ရေကူးဝတ်စုံများဝတ်ဆင်ပြီး သရုပ်ဖော်ခဲ့ကြတာပါ။

စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ရေကူးဝတ်စုံဝတ်ဆင်ရိုက်ကူးခဲ့သော သရုပ်ဆောင် မော်ဒယ်လ် အေးမြတ်သူကတော့ အားလုံးထဲမှာ အပေါ်လွင်ဆုံးဖြစ်သွားတယ်လို့ ဆိုရမလိုဖြစ်နေပါတော့တယ်။ သူ့ရဲ့ ၀တ်စားဆင်ယင်ရိုက်ကူးခဲ့မှုကို ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေ ရှိသလို ဝေဖန်ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် လတ်တလော ဖေ့ဘုတ်သတင်းဌာနကြီးရဲ့ ဟော့ဖြစ်ဆုံး လူပုဂ္ဂိုလ်တဦးအဖြစ် ထည့်သွင်းဖော်ပြပေးလိုက်ပါတယ်။


မစပ်စု










ချမ်းအေးတဲ့ ဒီဇင်ဘာမှာ စားစရာ “ရွှေလာ” ဟော့ပေါ့

Monday, December 28, 2015 0 comments




ဒီတပတ်မှာတော့ ခုလိုဆောင်းတွင်းကာလနဲ့ ကိုက်ညီတဲ့ အစားအစာဖြစ်သလို အရသာ ကောင်းမွန်တဲ့ ဆိုင်တဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။



အဲဒီဆိုင်ကတော့ “ရွှေလာ” ဟော့ပေါ့ဆိုင်ဖြစ်ပြီး ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေးလမ်းအမှတ် ၂၅ (A1) မှာရှိပါတယ်။

ဆိုင်က အနည်းငယ်ကျဉ်းပေမယ့် သပ်ရပ်တဲ့ အပြင်အဆင်နဲ့ သန့်ရှင်းမှုလည်း ရှိတာကြောင့် နေ့လယ်စာစားဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ တွေ့ပြီးစကားပြောချင်တာပဲဖြစ်ဖြစ် အဆင်ပြေပြေနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်တဆိုင် ဖြစ်မှာပါ။



“ရွှေလာ” ဟော့ပေါ့ဆိုင်မှာ စားသုံးသူတိုင်းအတွက် တယောက်စာ ဟော့ပေါ့ အရည်အိုးလေးတွေ စီစဉ်ပေးထားပါတယ်။ ဒီလိုတယောက်စာ အိုးလေးတွေထားပေးတဲ့အတွက် မိသားစုလိုက်ပဲဖြစ်ဖြစ်၊ တဦးချင်းပဲဖြစ်ြ ဖစ် ကိုယ်ကြိုက်နှစ်သက်ရာ အရသာကို စိတ်ကြိုက်ပြင်ဆင် စားသောက်လို့ အဆင်ပြေမှာပါ။



ဆိုင်မှာရရှိနိုင်တဲ့ မီနူးမှာပါဝင်တဲ့ အသားငါးအနေနဲ့ကတော့ အဆင့်မြင့် အမဲနှင်းပန်းအသား၊ အမဲခါးဆစ်သားစတဲ့ အမဲသား၊ ဝက်သား၊ ကြက်သား၊ ဆယ်လမွန်ငါးနဲ့ ဂုံးစတဲ့ ပင်လယ်စာမျိုးစုံကိုရရှိနိုင်မှာပါ။
လတ်လတ်ဆတ်ဆတ် အသီးအရွက်များအနေနဲ့ကတော့ မုန်ညင်းဖြူ၊ ပန်းပွင့်စိမ်း၊ ဆလပ်ရွက်၊ မုန်လာဥနီ၊  ကြာစွယ်၊ မှိုမျိုးစုံနဲ့ အသင့်စား CP အကင် အပါအဝင် ထမင်း၊ ကြာဇံ၊ ခေါက်ဆွဲနဲ့ အကြော်အလှော် တချို့လည်း ရရှိနိုင်တယ်လို့ သိရပါတယ်။

အသားငါး မီနူးဟင်းလျာတွေရဲ့ ဈေးနှုန်းကတော့ ၂၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ် ဝန်းကျင်ရှိပြီး အသီးအရွက်ဟင်းလျာတွေကတော့ ၈၀၀ ကျပ် ကနေ ၂၀၀၀ ကျပ်ခန့် ရှိတာကြောင့် ဈေးနှုန်းသင့်တင့်တယ်လို့ ဆိုရမှာပါ။



စားသုံးသူမှာယူမှုများတဲ့ ပင်လယ်စာနဲ့ အမဲသား၊ အသီးအရွက်မျိုးစုံပါဝင်တဲ့ ၁၅၀၀၀ ကျပ်တန် ဟော့ပေါ့ Set တပွဲကို မှာယူစားသောက်ဖြစ်ခဲ့ပါတယ်။

ဆိုင်ကျဉ်းသလို စားသုံးသူကများတော့ ဆိုင်တွင်းဆိုင်ပြင်မှာ ထိုင်စောင့်နေတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမယ့်မှာတဲ့ဟင်းလျာကို လာရောက်ချပေးတဲ့အချိန်က ၁၅ မိနစ်ခန့်သာရှိတာမို့ စောင့်ရချိန် မကြာလှပါဘူး။



အမဲသား၊ ဝက်သားနဲ့  ပင်လယ်စာတို့ကို မြည်းစမ်းကြည့်တဲ့အခါမှာ လတ်ဆတ်တဲ့အသားရဲ့ အရသာကိုရရှိပြီး ဟင်းရည်ရဲ့ ပူစပ်စပ်အရသာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီဇင်ဘာရဲ့ အအေးဓာတ်တွေ ပျောက် ပြီး ချွေးစို့လာပါတယ်။ ဒါကြောင့် ပူစပ်စပ်အရသာရှိတဲ့ “ရွှေလာ”ဟော့ပေါ့ဟာ ခုလိုအေးမြတဲ့ရာသီဥတုနဲ့ သဟဇာတဖြစ်စေမှာပါ။

ဆော့စ်အချဉ်ကိုလည်း တို့ဖူးဆော့စ်၊ ရွှေလာဆော့စ်၊ မြန်မာအရသာဆော့စ် စသည်ဖြင့် ရရှိနိုင်ပြီး ငရုတ်သီး၊ မုန်လာဥဖြူ၊ နှမ်းဆီ၊ ကြက်သွန်မြိတ် နဲ့ နံနံပင် စတာတွေကိုလည်း သီးသန့် ချပေးထားတာကြောင့် ဆော့စ်ကို မိမိစိတ်ကြိုက်အရသာအတိုင်း လိုအပ်သလို စပ်ဟပ်စားသုံးနိုင်ပါတယ်။

ဟော့ပေါ့ဟင်းရည်ကိုတော့ အစပ်မစားနိုင်သူတွေအတွက် အစပ်မပါတဲ့ ပုံမှန်ဟင်းရည်ကို ရရှိနိုင်ပြီး အစပ်အရသာကိုမှ စားချင်ရင်တော့ ရှုးရှဲအရသာ ဖြစ်စေမယ့် ဟော့ပေါ့အရည်ကို စားပွဲထိုး ဝန်ထမ်းတွေကလာရောက်ချပေးမှာပါ။

သင့်တင့်တဲ့ဈေးနှုန်းရှိပြီး သပ်ရပ်တဲ့ ဆိုင်ကလေးဖြစ်တာကြောင့် စားသုံးသူတွေ စိတ်ကျေနပ်မှု ရမရသိရအောင် သွားရောက် မြည်းစမ်းကြည့်ဖို့ ညွှန်းချင်တာပါ။

တဦးချင်းစီ စားချင်သူတွေအတွက် ဘားပုံစံဖန်တီးပေးထားပြီး မိသားစုမိတ်ဆွေသူငယ်ချင်းများနဲ့ စားသုံးချင်သူတွေအတွက် လေးယောက်ဝိုင်းငါးယောက်ဝိုင်းများ စီစဉ်ထားပါတယ်။

ညနေပိုင်းရုံးဆင်းချိန်မှာတော့ ရုံးဆင်းမိတ်ဆွေများ၊ သင်တန်းမှအပြန်သူငယ်ချင်းများ၊ မိသားစုများနဲ့ လူများနေပြီး အပြင်မှာထိုင်စောင့်နေသူများပါ တွေ့ရပါတယ်။

ဆိုင်ဖွင့်လှစ်ခဲ့တာ ၁ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ရွှေလာဟော့ပေါ့ဆိုင်ဟာ ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမအနီးမှာတဆိုင်၊ မရမ်းကုန်းမြို့နယ် City Mart နဲ့ စမ်းချောင်းမြို့နယ်တို့မှာလည်း ဆိုင်ခွဲတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။



ရွှေလာဟော့ပေါ့ဆိုင် ရဲ့ VIP card ရှိတဲ့ စားသုံးသူတွေအတွက် ၁၀ ရာခိုင်နှုန်း discount ရရှိမှာဖြစ်ပါ တယ်။

အငွေ့ထောင်းထောင်းထနေတဲ့ ခပ်စပ်စပ်အရသာနဲ့ ရွှေလာဟော့ပေါ့ဆိုင် က ရှုးရှဲအရသာဟော့ပေါ့တပွဲကို စားသောက်ရင်းဒီဇင်ဘာရဲ့ ချမ်းအေးမှုကိုခံစားကြည့်ရအောင်ပါ။


ထက်ဦးဝေ



အမှားကင်းအောင်နေလို့မရဘူး အမှားနည်းအောင်တော့နေလို့ရတယ်ဆိုတဲ့ အေးမြတ်သူ

0 comments


သရုပ်ဆောင် အေးမြတ်သူ (ဓာတ်ပုံ - ယုမွန်ကျော်/ The  Irrawaddy)

ဆယ်စုနှစ်တစုစာမျှ သရုပ်ဆောင် မော်ဒယ်လ်လောကမှာ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးတွေကြောင့် ပရိတ်သတ်ရဲ့ ချင်ခင်အားပေးမှုကို လတ်တလောတိုင် ရရှိနေဆဲဖြစ်သလို ဆွဲမက်ဖွယ်ကောင်းတဲ့ ခန္တာကိုယ် အချိုးအစား ခပ်မိုက်မိုက်နဲ့ ဒီကနေ့ထိတိုင်အောင် လူသိများထင်ရှားနေဆဲ မော်ဒယ်လ်နဲ့ သရုပ်ဆောင်      အေးမြတ်သူကို သိကြမယ်ထင်ပါတယ်။ ဒါ့အပြင် သူဟာ သိပ်မကြာသေးခင်ကာလလောက်က လောက်ကိုင်ဒေသမှာစစ်ပွဲတွေနဲ့ ရင်ဆိုင်နေရချိန်တုန်းကလည်း စစ်ဘေးရှောင် ပြည်သူတွေ ဒုက္ခသည်တွေထံ ကိုယ်တိုင်သွားရောက် ကူညီအားပေးခဲ့လို့ ပရိတ်သတ်ရဲ့ ချီးမွမ်း ဂုဏ်ပြုခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ ဒီတော့   သရုပ်ဆောင် အေးမြတ်သူ နဲ့ ဧရာဝတီသတင်းထောက် ယုမွန်ကျော်တို့ ကြုံတုန်းဆုံတုန်းမှာ မေးဖြစ်ပြောဖြစ်ခဲ့တာလေးတွေကို အမြည်းသဘောအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

မေး  မြန်မာအမျိုးသမီးဆိုတာ ဘယ်လိုလို့ အေးမြတ်သူလက်ခံထားလဲ။

ဖြေ  တခါတလေကျရင်လေ လူတွေက ငါလုပ်တာ အကောင်း ငါပြောသလို ငါလုပ်သလိုမလုပ်နဲ့ ပြောသလြို ဖစ်နေတယ်။ ဥပမာ အိမ်ထောင်ကျသွားတဲ့သူတယောက်က သူအိမ်ထောင်ကျသွားပြီး နင်ယောကျာ်း မယူနဲ့နော် မကောင်းဘူး လို့ပြောတယ် သူကျတော့ ကျသွားပြီလေ။ ငါလုပ်သလိုမလုပ်နဲ့ငါပြောတာကိုလုပ် ဆိုတာလေ။ ပြောချင်တာက သိသိကြီးနဲ့ တခါတလေကျရင် မှားတတ်ကြတဲ့ အမှားတွေလည်း ရှိပါတယ်။ မြန်မာမိန်းကလေးတယောက်ကတော့ ကိုယ့်ရဲ့ ကာယိနြေ္ဒကိုတော့ ထိန်းသိမ်းရတာပေါ့။ အဲဒီလိုပြောမယ်ဆိုရင် နင်ကျတော့ ဒီလိုရိုက်ပြီးပြောတယ်ပေါ့ ဆိုပြီး ရှိကောင်းရှိနိုင်တယ် ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ အေးမြတ်သူ လုံလုံခြုံခြုံနဲ့ ပုံလေးတွေပေါ်လာရင် အဲဒီပုံလေးတွေကိုပိုကြိုက်ကြမှာ။ ဒါက ခေတ်အရ ဒီလိုရိုက်ကြတာရှိမယ်။ဒါပေမယ့် တကယ့်တကယ့် ရင်ထဲစွဲဖို့ဆိုတာ မြန်မာမတယောက်က ကျက်သရေရှိရှိ လုံလုံခြုံခြုံဆိုရင် ပရိသတ်ရင်ထဲမှာ စွဲနေမှာပါ။ ဒါက ခဏပါ။ ဒီထက်ပို ဟော့တဲ့ပုံတွေ တက်လာခဲ့ရင် ဒီပုံက ဘာမှမဟုတ်တော့ပါဘူး။ ဒါက ခဏလေး အတိုင်းအတာမှာ ပရိသတ်က လက်ခံနေတာပါ။ တပတ်ပေါ့ ဆယ်ရက်ပေါ့။ ဒီထက်ပိုပြီး ဟော့တာမျိုး၊ ဖော်တာမျိုးထွက်လာခဲ့ရင် ဒီပုံက ဘာမှ မဟုတ်တော့ဘူး။ ဒါပေမယ့် ဘယ်တော့မှ မရိုးတာက မြန်မာဆန်ဆန်နဲ့ ကျက်သရေရှိတဲ့ ပုံပါပဲ။ ဒါလေးက သူရဲ့ဘ၀မှာ အလှဆုံးပုံလေးဖြစ်နေမှာပါ အေးမြတ်သူက အဲဒါကို လက်ခံပါတယ်။ တချို့ဟာတွေက ခေတ်ကြောင့်သာ ခဏသာ ဟော့နေတာပါ။ ပြောချင်တာကတော့ မြန်မာမိန်းကလေးတယောက်က ကိုယ့်ရဲ့ ကာယိနြေ္ဒ ထိန်းသိမ်းရပါတယ်။ ပြီးတော့ အနေအထိုင်ဆင်ခြင်ရပါတယ်။ ဒါတွေက ပြောနေပေမယ့် လူတိုင်းတော့ မလုပ်နိုင်ပါဘူး။ ကိုယ်တိုင်လဲ အပါအ၀င်ပါပဲ၊ လူငယ်သဘာဝ မှားတာတွေရှိခဲ့ပါတယ်။ ပြောနေကျသလိုပေါ့ အမှားလုံးဝမရှိတဲ့သူဆိုတာ မရှိပါဘူး။ အမှားကင်းအောင် အေးမြတ်သူတို့ နေလို့မရဘူး။ အမှားနည်းအောင်တော့ အေးမြတ်သူတို့ နေလို့ရပါတယ်။ အေးမြတ်သူလဲ အမှားမကင်းဘူး ဒါပေမယ့်အတတ်နိုင်ဆုံး အမှားနည်းအောင်တော့ နေတယ်။ မမှားဘူးလို့တော့ မပြောပါဘူး။

မေး  အိမ်ထောင်ပြုဖို့ရော အစီအစဉ်က ဘယ်လိုရှိလဲ။

ဖြေ  အဲဒါနဲ့ပတ်သက်ပြီး အေးမြတ်သူ အသက် ၂၆ နှစ်လောက်ကထဲက အမြဲပြောပါတယ်။ အသက် ၃၀ ကျရင် အိမ်ထောင်ပြုမယ်လို့လေ။ မရတာတော့ ကံပေါ့လေ။ အေးမြတ်သူက လေကတော့ မလျော့ဘူး။ ၃၀ သာ ကျော်သွားမယ် လေကတော့ မလျော့ဘူး အသက် ၃၀ မှာ အိမ်ထောင်ပြုမယ်ပဲ။ အသက် ၂၆နှစ်ထဲက ပြောနေတာလေ။ တွေ့ပြီလားဆိုရင် တွေ့လို့လဲ မဟုတ်ဘူးလေ။ အေးမြတ်သူရဲ့ life plan က အဲလိုလေ။ ကိုယ်မှာရှိနေလို့ လုပ်တော့မှာမလို့ ပြောနေတာ မဟုတ်ဘူး။ ရှိနေရင်တော့ သေချာတယ်ပြောပြမှာ ကိုယ်က မလျို့ဝှက်တတ်ဘူးလေ။ အခုက ၃၀ က ပြည့်တော့မယ် မဖြစ်တော့ဘူးဆိုတော့ ၃၅ နှစ် မှလို့ ပြောင်းပြောရင်ကောင်းမလားမသိဘူး။ ပြောရတာ ရှက်လာလို့လေ။


ဆက်လက်ပြီး သရုပ်ဆောင် အေးမြတ်သူက သူ့ရဲ့ ခန္တာကိုယ်အချိုးအစားလှပမှု၊ အလှအပကို ဘယ်လို ထိန်းသိမ်းပြုပြင်သလဲ၊ sexy pose ဆိုတာနဲ့ ပတ်သက်လို့ စတာတွေကို ဘယ်လို ပြောဆိုဖြေကြားထားသလဲဆိုတာ ဧရာဝတီကနေ ဆက်လက်ဖော်ပြပေးပါဦးမယ်နော်။ 


ဥရောပအသေးစားမော်ဒယ်တွေဖြစ်တဲ့ MINI Cooperနဲ့ Renault Twingo …

0 comments

ဈေးကွက်အနေအထားမှာ ကိုယ်ထည်ပိုင်းအသေးစား မော်ဒယ်လေးတွေကိုပဲ လူကြိုက်များကြတာ မျက်မြင်တွေ့နိုင်နေတာပါနော်။ အင်ဂျင်စနစ် အသေးစားကိုပဲ တပ်ဆင်ထားတာတွေရယ် ပြီးတော့ ဆီစားနည်းတာတွေ၊ ဈေးနှုန်းချိုသာတာတွေကြောင့် လူကြိုက်များတာပါ။ ဒါကြောင့် အသေးစား မော်ဒယ်တွေကို စိတ်ဝင်စားမယ့် ပရိတ်သတ်တွေအတွက် လက်ရှိ ဥရောပဈေးကွက်မှာ လူကြိုက်များနေတဲ့ မော်ဒယ်နှစ်ခုနဲ့   မိတ်ဆက်ပေးချင်ပါတယ်။ ပထမတခုကတော့ MINI Cooper ဖြစ်ပြီး သူကစွမ်းဆောင်ရည် ဦးစားပေးမော်   ဒယ်အနေနဲ့ ဖန်တီးထားတာဖြစ်သလို နောက်ထပ်မော်ဒယ် Renault Twingo ကတော့ စရိတ်နည်းမော်   ဒယ်အနေနဲ့ ဖန်တီးထားတာပါ။

Renault Twingo (photo- edmunds.com)


မော်ဒယ်တခုချင်းရဲ့ အလေးပေးဖန်တီးမှု ကွာခြားပေမယ့် ပျမ်းမျှအနေနဲ့ ကြည့်မယ်ဆိုရင်တော့ အရည်အသွေး ပါ စိတ်ချရတာကြောင့် မော်ဒယ်နှစ်ခုလုံး စိတ်ဝင်စားစရာ ကောင်းနေတာပါ။ ကောင်းပါပြီ၊ ကျနော်တို့ လက်ရှိ ပြည်တွင်းဈေးကွက်မှာရနိုင်နေပြီဖြစ်တဲ့ မော်ဒယ်လေးတွေကို ကျနော်တို့ လေ့လာကြည့်ရအောင်ပါနော်။ Twingo ကတော့ ဈေးကွက်မှာ အတွေ့ရ နည်းနေပါသေးတယ်နော်။

အားသာချက် …

Cooper ရဲ့ လက်ကိုင်ပိုင်း အထူးကောင်းမွန်တဲ့အချက်ကမပြောမဖြစ် ပြောရမယ့် အားသာချက် ဖြစ်ပါတယ်။ အကြောင်းက Cooperဆိုတာမြို့တွင်းလို ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းကြောင်းတွေမှာ အကောင်းဆုံး မောင်းနှင်သွားလာနိုင်အောင် ဖန်တီးထားတာဖြစ်သလို အလျားကအစ ကိုယ်ထည်တခုလုံး ပုံမှန် အငယ်စီး Sedan တွေလောက်ကို သေးငယ်အောင် ဖန်တီးထားတာကြောင့် Cooper တွေရဲ့ အသက်က Steering အပေါ်မှာပါ မူတည်နေတာကြောင့် ရာနှုန်းပြည့် စိတ်ချရပါတယ်။ နောက်ထပ် ပြောချင်တာတခုက Cooperမှာ တပ်ဆင်ထားတဲ့ အင်ဂျင်က အရွယ်သေးငယ်တာကြောင့် ဆီစားနှုန်းလည်း သက်သာကောင်းမွန်မှာဖြစ်သလို ဒီဇိုင်းအပိုင်းမှာလည်း ဆွဲဆောင်မှုအထူးကောင်းမွန်အောင် ဖန်တီးထားတာတွေ ဖြစ်ပါတယ်။
Twingo ရဲ့ အင်ဂျင်စနစ်က အသေးစားကိုပဲ တပ်ဆင်ထားတာဖြစ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ ပြိုင်ဖက်တွေရဲ့ စွမ်းဆောင်ရည်ကို အမီလိုက်နိုင်တာ တွေ့နိုင်ပါတယ်။ နောက်တချက်က စွမ်းအင်ထုတ်လုပ်မှု အပိုင်းမှာ အားနည်းပေမယ့် Air-Con မသုံးဘူးဆိုရင် ခရီးဝေးမောင်းနှင်နိုင်မှုတွေကိုပါ သုံးနိုင်မှာဖြစ်လို့ အဆင်ပြေစေပါလိမ့်မယ်။ နောက်ဆုံးတချက်ကတော့ လက်ကိုင်ပိုင်း အားကောင်းတာဖြစ်ပြီး Supermini တန်းဝင်မော်ဒယ်အများစုမှာ စွမ်းဆောင်ရည်ပိုင်း မြှင့်လိုက်ပြီဆိုရင် လက်ကိုင်ပိုင်းအားနည်းသွားတတ်ပေမယ့် အခု Twingo မှာတော့ လက်ကိုင်စနစ် ကောင်းပါတယ်၊ ကွေ့တွေကို အရှိန်နဲ့ ဆွဲကွေ့နိုင်သလို ဘရိတ်နဲ့ လက်ကိုင်စနစ် ဟန်ချက်ညီအောင် ဖန်တီးထားနိုင်တာ တွေ့ရတာပဲဖြစ်ပါတယ်။

အားနည်းချက် …

Cooper နဲ့ ပတ်သတ်ပြီး ပထမဆုံးပြောချင်တဲ့ ပြစ်ချက်က Convertible မော်ဒယ်တွေမှာ ရေရှည်စီးနင်းမှုအတွက် ဆေးသားအရောင်အကျမြန်တာပဲ ဖြစ်ပါတယ်။ ဒါက မော်ဒယ်အားလုံးနဲ့တော့ မဆိုင်ပါဘူး။ နောက်   ပြီးအင်ဂျင်သေးပေမယ့် စွမ်းဆောင်ရည် မြင့်မားကောင်းမွန်တာကြောင့် တချို့က Cooperနဲ့ နယ်ဝေးခရီးသွားလာမှုတွေ လုပ်ဆောင်တတ်ပါတယ်။ အဲဒီလိုအချိန် အမြန်နှုန်းမြင့်မြင့်နဲ့ မောင်းနှင်မှုတွေမှာ အင်ဂျင်က ဆူညံသံပေးတတ်တာဖြစ်ပါတယ်။

Twingo ရဲ့ နောက်ဖက်အင်ဂျင်ထိုင်စနစ်က ပုံမှန်မော်ဒယ်တွေထက် စာရင် နည်းနည်းဆန်းချင်နေတာ ဖြစ် ပြီး လူကြိုက်များမှုအပိုင်းကို စကားပြောလာစေပါတယ်။ ပြီးတော့ အင်ဂျင်က အပူချိန်တက်တာ နည်းနည်း မြန်ချင်သလို နောက်ဖက်အင်ဂျင်စနစ်က နောက်ဖက် ခရီးသည်ထိုင်ခုံအောက်ဖက်နားမှာ ရှိနေတာကြောင့် တုန်ခါမှု၊ ဆူညံမှုနဲ့ အပူချိန် သက်ရောက်မှုကို ခံစားရနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တဲ့ အားနည်းချက် ကတော့ အင်ဂျင်ရဲ့အသံပိုင်းပဲ ဖြစ်ပြီးတော့ ခရီးဝေးနဲ့ မြန်နှုန်းမြင့် မောင်းနှင်မှုတွေမှာ ဆူညံသံပေးချင်တာပဲ ဖြစ်ပါတယ်။

Mini Cooper

ကိုယ်ထည်ပိုင်း …

ကိုယ်ထည်အပိုင်းမှာတော့ Cooper က Compact ကားတွေထက်တောင်မှ အရွယ်သေးငယ်တာတွေ့နိုင်မှာ ဖြစ်ပြီးတော့ အလျား ၁၂ ပေနဲ့ ၂ လက်မ ကျော်ကျော်၊ မျက်နှာစာအကျယ် ၅ ပေနဲ့ ၆ လက်မ စွန်းစွန်း၊ နောက်ပြီးအမြင့်က ၄ ပေနဲ့ ၇ လက်မသာတယ်ဆိုရုံပဲ ရှိမှာဖြစ်ပါတယ်။ City ကားအဖြစ် အသုံးပြုဖို့ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် မြေပြင်နဲ့ ကင်းလွတ်ပမာဏက နည်းမှာ ဖြစ်ပေမယ့် Absorber စနစ် ကောင်းမွန်တာကြောင့် နယ်ဝေးနဲ့ တော်တော်တန်တန် လမ်းကြမ်းတွေကိုတော့ သွားလာနိုင်မှာဖြစ်ပါတယ်။ ကားတစီးလုံးရဲ့ အလေးချိန် ပေါင်၂၅၀၀ ကျော်ရုံပဲ ရှိမှာဖြစ်ပြီး တံခါးငါးပေါက်စနစ်ဖြစ်ကာ ခရီးသည် ငါးယောက်ထိအောင် လိုက်ပါစီးနင်းနိုင်မှာဖြစ်သလို ကားရဲ့ အလျားတိုတောင်းတာကြောင့် နောက်ဖက် ၀န်တင်ခန်းကတော့ နည်းနည်းကျဉ်းပါလိမ့်မယ်။

Twingo ကတော့ အင်ဂျင်စနစ်ကို နောက်ဖက်မှာ ထိုင်ထားပြီးတော့ Porsche ရဲ့ မော်ဒယ်တွေကို အတုယူ ထားသလားထင်ရစရပါ။ ဒီအတွက် ရလဒ်က မော်ဒယ်ရဲ့ စွမ်းဆောင်ရည်ပုံမှန်ထက် ကောင်းမွန်လာတာ ဖြစ်ပေမယ့် ကားအပေါ် တုန်ခါမှုတွေ၊ အပူချိန်တက်ခြင်းတွေ၊ ဆူညံသံပေးမှုတွေ များသွားတာ ဖြစ်ပါတယ်။ မော်ဒယ်ကပြိုင်ဖက် Cooper နဲ့ လက်မပိုင်း အနည်းငယ်လေးပဲ အရွယ်အစားသေးငယ်ပြီးတော့ ထူးခြားတဲ့ ကိုယ်ထည်ပိုင်းဖန်တီးမှုမျိုး မတွေ့ရပါဘူး။

အင်ဂျင်ပိုင်း …

Cooper မှာတပ်ဆင်ထားတဲ့ အင်ဂျင်အပိုင်းကိုကြည့်မယ်ဆိုရင် ၁.၆ လီတာသုံး လေးလုံးထိုး အင်ဂျင် ဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ အင်ဂျင်ရဲ့ ရုန်းအား ၁၁၄ ပေါင်-ပေမှာ ထွက်ရှိလာမယ့် စွမ်းအင်ပမာဏက မြင်းကောင်ရေ ၁၂၁ ကောင်အား ဖြစ်တာကြောင့် စွမ်းအင်ထုတ်လုပ်မှု ကောင်းမွန်တာတွေ့နိုင်ပြီး အင်ဂျင်ရဲ့ လည်ပတ်အားက တမိနစ်ကိုအမြင့်ဆုံးအပတ်ရေ ၆၀၀၀ ဖြစ်တာကြောင့် ဒီ အင်ဂျင်၊ ဒီလည်ပတ်အားကတော့ ဆီစားနှုန်း သက်သာပါလိမ့်မယ်။ အသုံးပြုမောင်းနှင်နိုင်မယ့် ဂီယာချက် စုစုပေါင်းက ၆ ချက် ဖြစ်ပြီး Manual စနစ်သုံးဖြစ်ကာ ရှေ့ဘီးယက်စနစ်နဲ့ သွားမှာ ဖြစ်ပါတယ်။

Twingo မှာတပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကို ကြည့်မယ်ဆိုရင် ၀.၉ လီတာသုံး အသေးစားသုံးလုံးထိုး အင်ဂျင်စနစ်ကိုပဲ ထည့်သွင်းထားတာတွေ့ရပြီး မော်ဒယ်ကို စွမ်းအင်ထုတ်လုပ်မှု ကောင်းဖို့အတွက်က HTT Turbo ကို အကူအနေနဲ့ ထိုင်ထားတာ တွေ့နိုင်ပါတယ်။ အင်ဂျင်က အရွယ်အစားသေးငယ်တာကြောင့် လည်ပတ်အားအပိုင်းမှာ ပိုများတာတွေ့ရပြီး အခြေခံလည်ပတ်အား တမိနစ် အပတ်ရေ ၂၅၀၀ အတွက် ရုန်းအားက ၁၀၀ ပေါင်-ပေပဲ ထွက်ရှိမှာဖြစ်ပြီးတော့ စွမ်းအင်ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၈၉ ကောင်အား ရှိပါလိမ့်မယ်။ ဒီနေရာမှာ အင်ဂျင်ရဲ့ လည်ပတ်အား ၃၅၀၀ လောက်မှပဲ ရုန်းအား အပြည့်အ၀ဆုံး အနေအထားကို ရောက်နိုင်မှာလည်း ဖြစ်သလို အမြင့်ဆုံး လည်ပတ်အားတမိနစ်အပတ်ရေ ၅၅၀၀ ဆိုရင်တော့ မော်ဒယ်က တုန်ခါမှုသိသာလောက်အောင် ခံစားလာရပါတယ်။

မောင်းနှင်နိုင်မှု …

Cooper မှာ တပ်ဆင်ထားတဲ့ ဆီတိုင်ကီက ၁၃.၂ ဂါလံ ထိအောင် ဆံ့ဝင်မှာဖြစ်ပြီးတော့ ပျမ်းမျှ ဆီစားနှုန်း တဂါလံကို ၃၄ မိုင်နဲ့ နှိုင်းစာရင် နေရာအခက်အခဲရှိနိုင်တဲ့ Cooper အတွက် အကောင်းဆုံးတပ်ဆင်ထားရှိမှုလို့ ဆိုနိုင်မှာပါ။ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင် Cooper က ဆီတဂါလံကို ပျမ်းမျှ မြို့တွင်းလမ်းကြောင်းတွေမှာ မိုင် ၃၀ နဲ့ အဝေးပြေးလမ်းကြောတွေပေါ်မှာ ဆိုရင်တော့ ၃၇ မိုင် လောက်ထိအောင် စီနင်းမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တခုပြောစရာရှိတာက Cooper ကရှေ့ဘီးယက်စနစ် ဖြစ်တာကြောင့် မြို့တွင်းလမ်းကြောင်းနဲ့ ပိုမိုသင့်တော်တာဖြစ်ပြီး Highway စီးနင်းမှုနဲ့ ဆီစားနှုန်း သိပ်မကွာတာ ဖြစ်ပါတယ်။ Navigation System နဲ့ အပူပေးထိုင်ခုံစနစ်တွေ အသုံးပြုနိုင်မှာဖြစ်ပေမယ့် Bluetooth ကိုတော့ သုံးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Navigation System သုံးနိုင်တယ်ဆိုတာကပဲ မော်ဒယ်မြင့် ကားတစီးဆိုတာ သိသာပေါ်လွင်နေစေပါတယ်နော်။

Twingo ရဲ့ အမြန်နှုန်းမြှင့်တင်နိုင်မှု အပိုင်းကို ကြည့်မယ်ဆိုရင် တနာရီမိုင် ၆၀ နှုန်းအတွက် အချိန် ၈.၇ စက္ကန့်ထိအောင် ကြာမှာဖြစ်ပြီး သုံးလိုးထိုးအင်ဂျင်တပ် မော်ဒယ်တွေထဲမှာတော့ အသင့်အနေအထား လောက်ပါပဲ။ အမြန်ဆုံးမောင်းနှင်နိုင်မှုနှုန်းက တနာရီ ၁၁၇ မိုင်နှုန်းထိအောင်ဖြစ်ပေမယ့် ကားရဲ့ ကိုယ်ထည် ဒီဇိုင်းနဲ့ အလေးချိန်တွေအရ အဲဒီလောက် မောင်းနှင်ဖို့ မသင့်ပါဘူး။ မော်ဒယ်ကို Auto စနစ်နဲ့လည်း ရနိုင်သလို Manual နဲ့လည်းထုတ်လုပ်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ Manual နဲ့ မော်ဒယ်တွေက ပိုမိုချိုသာတာ တွေ့နိုင်ပြီးတော့ Auto စနစ်နဲ့ဆိုရင် ဂီယာချက် ၄ ချက်ကို သုံးနိုင်မှာဖြစ်ကာ Manual နဲ့ ဆိုရင်တော့ ၅ ချက်ထိအောင် ရပါလိမ့်မယ်။ စိတ်ကြိုက်တွေ့မှု အပိုင်းမှာတော့ တန်ကြေးနည်း မော်ဒယ် ဖြစ်တာကြောင့် Manual စနစ်နဲ့မှာ ပိုကောင်းပြီးတော့ Auto စနစ်နဲ့ကတော့ ဂီယာချက်ပြောင်းလဲမောင်းနှင်ရမှု အပိုင်းမှာ အားနည်းချက်ရှိချင်တာ ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်းကိုကြည့်မယ်ဆိုရင်တော့ ဆီတဂါလံကို ပျမ်းမျှ ၆၆ မိုင်လောက်ထိအောင် စီးနင်းနိုင်မှာဖြစ်ပြီးတော့ ခရီးတဆက်တည်းမောင်းနှင်နိုင်မှုက ဆီတိုင်ကီအပြည့်နဲ့ဆိုရင် မိုင် ၄၂၀ကျော် ဖြစ်ပြီးတော့ မနားတမ်းမောင်းနှင်မှုအတွက်ကတော့ ပျမ်းမျှ ၇၅ မိုင်လောက်ထိအောင် ကောင်းမွန်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက် …

ကျနော်တို့အတွက်က Cooper ကိုပိုပြီး စိတ်ဝင်စားမယ် ထင်ကြပါတယ်။ အကြောင်းက ဒီဇိုင်းလည်းလှတယ်၊ သေသပ်တယ်၊ ဆွဲဆောင်မှုကောင်းတယ်၊ စွမ်းဆောင်ရည်လည်း မြင့်တယ်လေ။ ဒါပေမယ့် တခုရှိတာက ဆီစားနဲ့ ကနဦး ဈေးနှုန်းအပိုင်းမှာတော့ Twingo ကိုမမီတာ အသေချာပါ။ Twingo ကဈေးနှုန်းချိုလွန်းပါတယ်၊ ဆီစားလည်းနည်းလွန်းပါတယ်။ ဒီတော့ ကျနော်က အကြံတခုလောက် ပေးချင်တာက ၀ယ်လက်အနေနဲ့ ခရီးဝေးတွေ သွားတတ်တယ်ဆိုရင်တော့ Cooper ကိုပဲရွေးချယ်စေချင်ပါတယ်။ မဟုတ်ပဲ မြို့တွင်းသီးသန့် အနေအထားလောက်ပဲ သုံးမယ်ဆိုရင်တော့ Twingo ကပဲ အသင့်တော်ဆုံး ဖြစ်မယ်ဆိုတာပဲ ဖြစ်ပါတယ်။


လင်းထက်(IA)





လိပ်ကျွန်းလူသတ်မှု စီရင်ချက်အပေါ် အနုပညာရှင်များနဲ့ လူငယ်လှုပ်ရှားသူတို့ရဲ့ ရင်ဖွင့်သံ

0 comments

ထိုင်းလိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအလုပ်သမား လူငယ်နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အပေါ် အနုပညာရှင်တချို့နဲ့ မြန်မာနိုင်ငံမှာ လက်ရှိ လူငယ်ရေးရာ တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူတဦးရဲ့ အမြင် တို့ကို ဧရာဝတီသတင်းထောက် သီဟတိုးနဲ့ ယုမွန်ကျော်တို့က မေးမြန်းထားပါတယ်။

တေးရေး ရွှေဂျော်ဂျော် 

တေးရေးဆရာ ရွှေဂျော်ဂျော် 

ပုံမှန် မြန်မာပြည်သူတယောက်အနေနဲ့ အရမ်းစိတ်မကောင်း ဖြစ်ရတာပေါ့၊ မခံချင်စိတ်လည်း ဖြစ်ရတာပေါ့။ တကယ့်ပြသနာမှာ ဘယ်လောက် ဘယ်သူက တကယ့် အသေးစိတ်ကို ကိုယ်ကိုယ်တိုင် မသိရှိတဲ့အတွက် ကြောင့်ရယ်၊ ကိုယ့်ထက်ပိုပြီး တာဝန်ရှိတဲ့လူတွေက ဘယ်လို ဆောင်ရွက်မှာလဲ မသိတဲ့ အတွက်ကြောင့်ရယ်၊ ခံစားဖို့တော့ ခက်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်ဟာ အကူးအပြောင်း ကာလလည်းဖြစ်တယ်။ ကိုယ့်ထက်ပိုပြီး တာဝန်လည်းရှိတယ်၊ ကိုယ့်ထက်ပိုလည်း လက်လှမ်းမှီတဲ့သူတွေက ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရုံကလွဲရင် ဘာမှ မတတ်နိုင်ဘူးပေါ့။ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးပေါ့။

အဆိုတော် သားစိုး 

အဆိုတော် သားစိုး

ဒါကတော့ သူတို့ တကယ်ပဲ ကျူးလွန်လား မကျူးလွန်ဘူးလားဆိုတာ သူတို့အသိဆုံးပါပဲ။ တရားကိုလည်း နတ်စောင့်ပါလိမ့်မယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ကြီးက အရာရာမှာနောက်ကျနေတဲ့ ဆင်းရဲသား တိုင်းပြည်ဖြစ်နေတယ်။ လမ်းထဲမှာတောင် ဆင်းရဲသားလမ်းလျှောက်သွားတာနဲ့ သူဌေးလမ်းလျှောက်သွားတာ တူမှမတူတာပဲလေ။ သူဌေးလမ်းလျှောက်ရင် “သူဌေး မင်းဘာလုပ်နေတာလဲ”ပေါ့ ဆင်းရဲသားလမ်းလျှောက်ရင် “ဟာ မင်းဘာလုပ်နေတာလဲ မင်းဘာခိုးမလို့လဲ” လို့မေးကြတယ်။ ဆင်းရဲသားတိုင်းပြည်က လူတွေဆိုတော့လည်း ဒါမျိုးတွေ့ကြုံ့ရတာ မဆန်းပါဘူး။ ဒါမျိုးတွေ မကြုံ့တွေ့ချင်ဘူးဆိုရင် ကိုယ့်ဘာသာကြိုးစားကြဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နယ်ပယ် ကိုယ့်လုပ်ငန်းခွင်မှာ ဘယ်သူမှ မတူအောင် တီထွင်ကြမယ်၊ ဆန်းသစ်ကြမယ် အခုဟာက ထိုင်းနဲ့ မြန်မာယှဉ်ကြမယ်ဆိုရင်တောင် ခရီးသွားတဲ့ လုပ်ငန်းကိုပဲ ယှဉ်ကြည့်ပေါ့။ ထိုင်းမှာ တနှစ်ကို နိုင်ငံခြားသား ၂၉ သန်း ၀င်နေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံမှာ တသန်းကျော်ကျော် ၀င်တာတောင်မှ ဟိုတယ် မလောက်ဘူးဆိုတော့ ကျနော်တို့တိုင်းပြည်နဲ့ ဘယ်လောက်ကွာဟနေလည်းဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် မိုးမျှော်အဆောက်အအုံက ရေတွက်လို့မရဘူးဆိုရင် မြန်မာနိုင်ငံမှာ မြို့ထဲမှာ နှစ်ခုလောက်နဲ့ ရေတွက်လို့ရနေတယ်။ ဆိုတော့ ကျနော်တို့တိုင်းပြည်က ဒါမျိုးခံရတာ မဆန်းပါဘူး။ ကျနော်တို့က အရာရာနုံချာဆင်းရဲ စုတ်ပြတ်နေတာကိုး။ ဒါမျိုးမဖြစ်ချင်ဘူး မကြိုက်ကြဘူးဆိုရင်တော့ ကျနော်တို့ အားလုံးကြိုးစားမှပဲ ဖြစ်မှာပါ။

သရုပ်ေဆာင် ဗေလုဝ

သရုပ်ဆောင် ဗေလုဝ 

အမေရိကန်နိုင်ငံက မိုက်ကယ်ဖီးလင်း စင်ကာပူနိုင်ငံမှာ ကားတွေကိုဓားနဲ့ခြစ်တုန်းကတော့ စင်ကာပူဥပဒေအရ သူကို ကြိမ်ဒဏ်ပေးတယ်လေ။ အဲဒီမှာ အမေရိကန်သမ္မတနဲ့ ပြည်သူလူထုက လျော့လျော့ပေါ့ပေါ့ပေးဖို့ ၀ိုင်းပြီး တောင်းပန်ကြတယ်ပေါ့။ သူ့လူမျိုးတယောက်ကို ထိရင် ဆတ်ဆတ်ထိနာကျဉ်းပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့လူမျိုး ဒီ ကလေးနှစ်ယောက်ကိုထိတာ ဆတ်ဆတ်ထိမခံနားကျဉ်းပါတယ်။ အစိုးရအနေနဲ့လည်း အိမ်နီးချင်းနိုင်ငံအနေနဲ့ ပြည်သူကလည်း ဒီကလေးနှစ်ယောက်အတွက် ရှေ့က မားမားမတ်မတ်ရပ်ပြီး အစိုးရကလည်း ညှိညှိနှိုင်းနှိုင်းလုပ်ပေးမယ်ဆိုရင် ဒီကလေးတွေအနေနဲ့က သက်သာလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒါ မဟုတ်ဘူးဆိုတာ အားလုံးကလည်းသိတယ် ကမ္ဘာကလည်းသိတယ် သူတို့ဥပဒေကလည်း ပြောရမယ်ဆိုရင် သိပ်မကွာဘူးလေ ငွေများတရားနိုင်မှာပဲ။ တကယ်လို့ဒီကလေးနှစ်ယောက် အပြစ်မရှိဘဲ ဒီလိုအပြစ်ပေးခံရမယ်ဆိုရင် မြန်မာနိုင်ငံသားတယောက်အနေနဲ့ နာတယ်။ ဆတ်ဆတ်ထိနာတယ်။ ကြေကွဲပါတယ်။ ခံစားရပါတယ်။

သဉ္ဖာရွှန်းလဲ့ရည်(လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

သဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)

ပထမတော့ ဒီကိစ္စကို စကတည်းက လေ့လာဖြစ်တယ်၊ လေ့လာဖြစ်ပြီးတော့ သတင်းတွေ အမြဲတမ်း ထိုင်းသူငယ်ချင်းတွေနဲ့လည်း ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တော့ သူတို့တွေ ကိုယ်တိုင်လည်း လက်မခံဘူး။ ထိုင်းနိုင်ငံမှာ ဦးဆောင်ပြီး လုပ်နေကြတဲ့၊ လှုမှုရေးတက်ကြွလှုပ်ရှားနေကြတဲ့၊ နိုင်ငံရေး တက်ကြွလှုပ်ရှား နေကြတဲ့ ထိုင်းသူငယ်ချင်းတွေကလည်း ဒီကိစ္စအပေါ်မှာ အကြီးကြီး သံသယရှိတယ်။ ဒါပေမဲ့ အခု ဒီလိုသတင်းတွေ ကြားမိတဲ့အခါမှာ တော်တော်လေးရှော့ခ်ဖြစ်မိတယ်။ ရှော့ခ်ဖြစ်မိတဲ့ အပြင် ဘာတွေ ဆက်ပြီး   တွေးမိသလဲဆိုတော့ တရားဥပဒေ ကိစ္စပေါ့၊ အဓိကက ဒီလိုမျိုး စစ်တပ်က အုပ်ချုပ်တဲ့ နိုင်ငံတခုမှာ တရားဥပဒေကို ကျမတို့ ဘယ်လောက်ထိ မျှော်မှန်းလို့ ရပါ့မလဲဆိုတာ တော်တော်လေးကို သံဝေဂရမိတယ်။ အခုဆိုရင် ဒါက စစ်တပ်က အုပ်ချုပ်တဲ့ စစ်တပ်ရဲ့အာဏာ သက်ရောက်မှုရှိနေတဲ့ နိုင်ငံဖြစ်နေတဲ့အခါကျတော့ အဲဒီနိုင်ငံမှာရှိနေတဲ့ တရားစီရင်ရေးကိစ္စတွေက ဒီလိုပုံစံတွေ ဖြစ်နေပါလားဆိုတာ၊ ဖြစ်တတ်ပါလားဆိုတာက ကျမတို့ ကိုယ်တွေ အရင်တုန်းက ဖြစ်ခဲ့တာနဲ့ သွားမြင်မိတယ်။ နောက်တခုကတော့ လူငယ်တွေအနေနဲ့ တော်တော်လေး ၀မ်းနည်းမိတယ်။ အဲဒါက သူတို့က အသက် (၂၂)နှစ်ပဲ ရှိသေးတယ်။ ကိုယ့်နိုင်ငံမှာကိုယ် ပညာသင်ရမယ့် အရွယ်၊ အလုပ်လုပ်ရမယ့် အချိန်မှာ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းမရှိဘဲ တခြားနိုင်ငံမှာသွားပြီး ကျွန်ပြုနေရတယ်။ အောက်ခြေအလုပ်သမားအနေနဲ့ အလုပ်လုပ်နေတဲ့အချိန်မှာ ဒီလို မတရားမှုတွေ ကြုံတွေ့နေရတဲ့အချိန် သူတို့ကို ဘယ်အရာကမှ မပံ့ပိုးပေးနိုင်ပါလားဆိုတာကိုလည်း မြင်မိတယ်။ အမှန်တိုင်းပြောရရင် သူတို့နှစ်ယောက်ရဲ့ ကိစ္စက တကမ္ဘာလုံးနီးပါး High Profile ဖြစ်သွားတဲ့ကိစ္စဖြစ်တယ် ဆိုတော့ High Profile ကိစ္စမှာတောင် ဒီလိုမျိုး တရားစီရင်ခံရတယ်ဆိုတော့ တခြား လူမသိ၊ သူမသိ မသိလိုက်ပဲနဲ့ စီရင်ခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေရဲ့ ထိုင်းရဲတွေနဲ့ နေ့စဉ် ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေက ဘယ်လောက်တောင် များနေမလဲလို့ တွေးမိတယ်။ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ်မှာ ပြည်နယ် အဖွဲ့အစည်းတွေကော၊ ပြည်တွင်းမှာ လုပ်နေကြတဲ့ လူ့အဖွဲ့အစည်းတွေကော ဘယ်လိုနည်းနဲ့ ပြန်လည်ခေါ်ယူမလဲ၊ သူတို့ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲဆိုတဲ့ အဖြေကိုလည်း စဉ်းစားနေမိပါတယ်။



“ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်”

Friday, December 25, 2015 0 comments




မေဘရဏီ - MTV ဒါရိုက်တာ
အသက်  - ၂၆ နှစ်
ပညာအရည်အချင်း - BA (Eng) ၊ Dip In computer Art

ညီမ MTV တွေကို ဒါရိုက်တာအဖြစ် ရိုက်ကူးမှုက ၂၀၀၆ခုနှစ်ကစခဲ့တာပါ။ ဘိုဘိုအင်တာတိန်းမန့်က ထုတ်တဲ့ အဆိုတော် Bobby Soxerရဲ့ ပွဲ ဆိုတဲ့သီချင်းလေးကို စပြီးရိုက်ဖြစ်ခဲ့တာပါ။ ဒီမတိုင်ခင်ကတော့ ဗီဒီယိုတွေ လုပ်ခဲ့တယ်။ နောက်ပြီး Dream walker က ကိုအောင်မြတ်နဲ့ သူငယ်ချင်းတွေပါပဲ။ သူရိုက်တဲ့ ဗီဒီယိုတွေကို လုပ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာသူတို့ Fly ဆိုတဲ့ ပရောဂျက်တခုကိုလုပ်ဖို့ရှိတယ်။ အဲဒီမှာတနိုင်ငံက ၂ ယောက်ရွေးပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ညီမနဲ့ ကိုအောင်မြတ်နဲ့ကအရွေးခံခဲ့ရပါတယ်။ အဲဒီမှာအာဆီယံ နိုင်ငံကလူငယ်တွေရယ်၊ ကိုရီးယား၊ ဂျပန်တို့်က သူတွေပါတယ်။ ညီမသွားခဲ့ရတာက ကိုရီးယားရယ်၊ ဂျပန်ရယ်၊ ထိုင်းရယ်ကိုသွားခဲ့ရတာပါ။ သူတို့နဲ့ ပရောဂျက် အတူတူလုပ်ခဲ့ရတယ်။     စကောလားရှစ်အတွက်ကို အဖွဲ့တဖွဲ့ဆီက တယောက်စီရွေးခဲ့တယ်။ အဖွဲ့ကနှစ်ဖွဲ့ဆိုတော့ နှစ်ယောက်    ရွေးတယ်။ အဲဒီမှာညီမရယ်၊ ဖိလစ်ပိုင်က တယောက်ရယ် ရခဲ့တယ်။ သူတို့က စကောလားရှစ်ရတဲ့ ဒေါ်လာငွေ ငါးထောင်နဲ့ ဗီဒီယိုရိုက်ပြီး သူတို့ကို ပြန်ပို့ခိုင်းတယ်လေ။ အဲဒီလိုနဲ့ ဒါရိုက်တာဘဝကို စတင်ခဲ့ပါတယ်။ ပြန်ရောက်တဲ့အချိန်မှာလည်း အဆိုတော်တွေ အကုန်လုံးကလည်း ကိုယ့်ကိုခင်ကြတယ်။ သူတို့နဲ့     လည်း သိနေတော့ သူတို့အခွေတွေရိုက်ဖို့အတွက် စပြီးတော့ အလုပ်တွဲလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အကုန်လုံးက ယုံယုံကြည်ကြည်နဲ့ သူတို့ MTV တွေပေးရိုက်ကြတယ်။ များသောအားဖြင့် မိန်းကလေး အဆိုတော်တွေရဲ့သီချင်းတွေကို ရိုက်ဖြစ်တာများတယ်။ MTV တပုဒ်ရိုက်ကူးဖို့ ရိုက်ကွင်းပေါ်ရောက်ရင် Crew တွေ အကုန်လုံးကအစ ကြီးကြပ်တယ်၊ ကိုယ်တိုင်ကလည်း Editor တယောက်အဖြစ်က တက်လာတဲ့အတွက် Edit ကို ကိုယ်တိုင်လုပ်ရမှ ကျေနပ်တယ်လေ။

လူငယ်မိန်းကလေး ဒါရိုက်တာတယောက်အနေနဲ့ ကိုယ့်အတွက်စိန်ခေါ်မှုတွေက ဘာတွေဖြစ်နိုင်လဲ     ဆိုတော့၊ အခုနောက်ပိုင်းကင်မရာတွေက တော်တော်များများလည်း ကိုင်နိုင်လာကြတယ်။ လူငယ်ဒါရိုက်တာ တော်တော် များများလည်း ပေါ်လာကြတယ်။ Creation တွေကလည်း တယောက်နဲ့တယောက်မတူဘဲ အရမ်းကောင်းလာ ကြတယ်။ သူများထက် ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲပြိုင်တယ်၊ စိန်ခေါ်တယ်။ အရင်ကကိုယ့်ထက် အခုကိုယ်က ပိုကောင်းအောင် အမြဲ ပြန်ပြန်ပြီးတော့ ကြိုးစားနေတယ်။ တခါတလေကျရင် စိတ်ဖိစီးမှုတွေတော့ ရှိတာပေါ့။ အဲဒီအခါ ကိုယ်အရင်ရိုက်ခဲ့တဲ့ MTV အဟောင်းလေးတွေကို ပြန်ကြည့်တယ် အဲဒီ Mood ကို ပြန်သွင်းပြီးတော့ ကြိုးစားပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ MTV တွေမှာ ပရိသတ်တွေကြိုက်တာဆိုရင် ဝိုင်းစုခိုင်သိန်းရဲ့ အာဘွား တေးစီးရီးခွေထဲက အိမ်မက်လှေ ဆိုတဲ့ သီချင်းရယ်၊ Bobby Soxer ရဲ့ ပွဲ ဆိုတဲ့ သီချင်းရယ်ပါ။ မိန်းကလေးသီချင်းတွေ ရိုက်ဖြစ်တာများတယ်ဆိုတော့ ရိုမန့်ဆန်ဆန်လေးတွေ၊ Cute ဖြစ်တဲ့ပုံစံလေးတွေ ရိုက်ဖြစ်တာများပါတယ်။ နောက်ပြီး ညီမယူတဲ့ ကာလာကို ကြိုက်ကြတယ်၊ လှတယ်ဆို         ပြီးပြောကြတယ်။ တခါတလေကျရင် အဲဒီအရောင်ကိုပဲ သပ်သပ်ရိုက်ပေးပါဆိုပြီး ပြောကြတဲ့သူတွေရှိတယ်။ MTV တွေ အရိုက်များတဲ့ ဒါရိုက်တာတွေမှာ တခါတလေကျရင် အိုင်ဒီယာတွေ တူတာတွေရှိတယ်။ အဲဒီ   အတွက်ကြောင့် ကိုယ်က MTV ကို များများကြည့်တယ်။ သူတို့ရိုက်ထားတဲ့ပုံကို ကိုယ်ကကူးယူတာမဟုတ်ဘဲနဲ့ အိုင်ဒီယာအသစ်တွေရအောင်ကြည့်တယ်။ Effect လုပ်တဲ့ Tutorial တွေကို ထိုင်ကြည့်တယ်။ အဲဒါကိုမှ ကိုယ်ကျရင် ဘယ်လိုဆန်းသစ်မလဲပေါ့။ လောလောဆယ်တော့  ဒီပညာနဲ့ ပတ်သက်ပြီး ပညာသင်သွားဖို့တော့ မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကဒီမှာအခုလုပ်နေတာတွေ အဆက်ပြတ်သွားမှာ လည်းစိုးရိမ်လို့ပါ။ Up Date ဖြစ်အောင်တော့ အမြဲတမ်းလေ့လာမှုတွေက လုပ်နေမှာပါ။

ညီမရုပ်ရှင်တွေ၊ ဗီဒီယိုတွေရိုက်တဲ့ ဒါရိုက်တာလည်းလုပ်မှုာပါ။ ၂၀၁၆ ခုနှစ်အတွင်းမှာ အဆိုတော်တွေ၊    မော်ဒယ်လ်တွေချည်းပဲပါတဲ့ ရုပ်ရှင်တကားရိုက်ဖို့ရှိတယ်။ အဲဒီဇာတ်ကားရဲ့ အဓိကရည်ရွယ်ချက်က မတူညီတဲ့ ပုံစံတခုကို ပရိသတ်ကို ချပြချင်လို့ပါ။ လုပ်နေကြပုံစံမဟုတ်ဘဲနဲ့ သရုပ်ဆောင်တွေဆိုရင်လည်း Training ပေးမယ်။ ရုပ်ရှင်ကားရိုက်မယ်ဆိုတော့ ကိုယ့်အတွက် စိန်ခေါ်မှုက ဘာတွေဖြစ်မလဲဆိုတော့ ခြေလှမ်းတခုစရင် အတွေ့အကြုံ သစ်တွေကတော့ ရမှာပဲလေ။ ဇာတ်ညွန်းအပိုင်းတွေ၊ ဒိုင်ယာလော့ခ်တွေ၊     ရိုက်ကွင်း တည်တာစတာတွေကအသစ်တွေဖြစ်ပြီး ကိုယ့်အတွက် စိန်ခေါ်မှုအသစ်တွေ ဖြစ်လာမှာပါပဲ။ အများကြီး လေ့လာထားပြီး ကိုယ်ဘက်က သေချာပြီဆိုလို့ရှိရင် လုပ်ဖြစ်သွားမှာပါ။

အခုနောက်ပိုင်း လူငယ်တော်တော်များများမှာ Talent ရှိကြတာကို တွေ့ရပါတယ်။ အခုဆိုရင်လည်း ဒီဘက်ပိုင်းကို စိတ်ဝင်စားလာကြတယ်။ facebook မှာဆိုရင်လည်း သူတို့က ကိုယ့်ကိုအားကျကြတယ်၊ သိချင်တာလည်း လာလာမေးကြတယ်။ လူငယ်တော်တော်များများကလည်း ကြိုးစားကြပါတယ်။ သူတို့ကိုလည်း        ဖြစ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ နောက်ပြီး ဖြစ်ချင်တဲ့ လူငယ်တွေကို ပြောပြချင်တာက အဓိက Creation ပဲလိုပါတယ်။ ကိုညိုမင်းလွင်ရိုက်တဲ့ ကားတကားဆိုရင် ဖုန်းတလုံးနဲ့ ရိုက်ခဲ့တယ်။ ဒါဆိုရင်လည်း ခွဲထွက်သွားတဲ့ Creation တခုပဲပေါ့။ တော်တော်များများလည်း စိတ်ဝင်စားတဲ့သူတွေဆိုရင် ဖုန်းတလုံးနဲ့ Short Film လေး ရိုက်လို့ရတယ်။ အခုနောက်ပိုင်းက ဖုန်းတွေကလည်းတော်တော် ကောင်းလာတော့ သူတို့ အပျော်ရိုက်ထားတဲ့ Short Film လေးတွေလည်း တင်လာကြတာကိုတွေ့ရတယ်။ အဓိက ပြောချင်တာကတော့ အနုပညာ၊ Creation က အဓိကပါပဲ။ ကိုယ့်မှာအိုင်ဒီယာဆန်းဆန်းလေး ရှိရင်တော့ ချပြလိုက်ပါလို့သာ ပြောချင်ပါတယ်။


ယုမွန်ကျော်


ဝိုင်တခွက်နဲ့ အချမ်းဖြေရင်းပါတီပွဲဆင်နွှဲမလား

Thursday, December 24, 2015 0 comments




မြန်မာနိုင်ငံမှာ ဆယ့်နှစ်လရာသီပွဲတော်များနဲ့ လစဉ်စည်ကားမြဲဖြစ်တဲ့အပြင် အနောက်တိုင်းက ပျံ့နှံ့လာတဲ့ ယဉ်ကျေးမှုပွဲတော်တွေပါ ရောနှော ကျင်းပလာကြပြီဖြစ်ပါတယ်။ တခြားလတွေထက် နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလမှာ ခရစ္စမတ်ပွဲတော်နဲ့ Happy New Year တို့က ထင်ရှားလှပါတယ်။

နောက်တခုက အခုလို နှစ်ကုန်ခါနီးအချိန်၊ ပွင့်လင်းရာသီကာလမှာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ စူပါမားကတ်တွေက ဝန်ထမ်းတွေကို Staff Party ညစာစားပွဲ ကျင်းပပေးတာမျိုး လုပ်တတ်လာပါတယ်။ Happy New Year ကို သူငယ်ချင်းအချင်းချင်းစုစည်းကျင်းပတာပဲဖြစ်ဖြစ်၊ ဒင်နာတွေ၊ ပါတီတွေမှာပဲဖြစ်ဖြစ် ပါ       ဝင်လေ့ရှိတဲ့ ယမကာကတော့ ဝိုင်ပဲ ဖြစ်ပါတယ်။

Family party အတွက်ကတော့ တခြားအရက်ပြင်းတွေထက် ဝိုင်က အသင့်တော်ဆုံး သောက်စရာပါပဲ။
ဝိုင်မှာအမျိုးအစားများစွာရှိတဲ့အထဲက Red wine လို့ခေါ်တဲ့ ဝိုင်နီကတော့ အဲဒီလိုပွဲလမ်းတွေမှာ အသောက် အများဆုံးဖြစ်ပါတယ်။ ဝိုင်နီကတော့ အမဲသားလို Red Meet တွေနဲ့ ပိုလိုက်ဖက်ပြီး ဝိုင်ဖြူက ကြက်သား၊ ငါးစတဲ့ သားငါးတွေနဲ့ ပိုလိုက်ဖက်တယ်လို့ ဆိုပါတယ်။


NEW YEAR အတွက်လည်း ဝိုင်က သင့်တော်ပါတယ်။ အဲဒီညမှာ လူငယ်အများစုက ပါတီတွေ ကျင်းပကြ   ပြီး ပျော်ပါးကြတဲ့အတွက် ခပ်ပျော့ပျော့ဝိုင်နဲ့ ပါတီကို ဆင်နွှဲခြင်းက ပေါ့ပါးပြီး မြူးကြွစေမှာပါ။ သောက်လေ့  မရှိတဲ့သူများအတွက်လည်း သိပ်မပြင်းတဲ့ ဝိုင်ချိုတခွက်လောက်က အဆင်ပြေပါတယ်။

အဲဒီလို ပွဲတော်ညတွေမှာ တယောက်ယောက်က သိပ်မူးနေခဲ့မယ်ဆိုရင် မလိုလားအပ်တဲ့ ပြဿနာတွေလည်း ရှိလာနိုင်တာမို့ ကျန်တဲ့သူတွေပါ ပျော်ရွှင်ရတော့မှာမဟုတ်ပါဘူး။ လုံလောက်တဲ့ ပျော်ရွှင်မှုအတွက် ဝိုင်  
တခွက်က ဖန်တီးပေးနိုင်မှာပါ။

ဝိုင်စစ်စစ်တွေဟာ လတ်ဆတ်တဲ့ သီးနှံကနေ ထုတ်လုပ်တာမို့ တခြား Alcohol တွေနဲ့ ကွာခြားပါတယ်။ သဘာဝလည်းဖြစ်ပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်တဲ့အတွက် အေးတဲ့ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဝိုင်နဲ့ ပါတီပွဲတွေ နွှဲလိုက်ကြရအောင်။ တခုသတိထားရမှာက ဝိုင်ဟာလည်း Alcohol ရာခိုင်နှုန်းတစုံတရာ ပါဝင်တာဖြစ်တဲ့အတွက် အရက်ပါပဲ။ များရင်တော့ မူးတတ်ပါတယ်။ အခုအချိန်မှာ ပြည်တွင်းဖြစ်စံချိန်မီ     ဝိုင်တွေကော၊ နိုင်ငံခြားကသွင်းလာတဲ့ ဈေးအသင့်အတင့် ဝိုင်တွေပါ ဈေးကွက်မှာရနေပြီဖြစ်ပါတယ်။     ရီဝေဝေ အနေအထားလောက်နဲ့ ရပ်ကြမယ်ဆိုရင်ဖြင့် ဝိုင်တခွက်လောက်ကိုင်ပြီး ပါတီမှာစတိုင်ထုတ်ဖို့ မခဲယဉ်းတော့ပါဘူး။ ဒါဆိုရင် ပါတီမှာ၊ အပေါင်းအသင်းတွေရှေ့မှာ ရုပ်ပျက်ဆင်းပျက်လည်းမဖြစ်တော့ဘူးပေါ့။


ထက်ဦးဝေ



ဖဲကြိုးနက်ဆရာဝန်များ ကြေညာချက်တစောင် ထုတ်ပြန်

0 comments





စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သခ္ခတ္တတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  ဒေါက်တာမင်းမင်းစိုး နှင့် ဒေါက်တာ မို့မို့လင်းတို့ ၂ ဦး ကို NLD ပါတီ ၏  စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းစဉ် တွင် ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားမှုအပေါ် ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ယနေ့ရက်စွဲဖြင့် သဘောထား    ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဖဲကြိုးနက်ဆရာဝန်များကြေညာချက်

၁။ နိုင်ငံဝန်ထမ်းဆရာဝန်နှစ်ဦးအား ပါတီနိုင်ငံရေးနှင့်ပတ်သက်ခဲ့သည်ဟူသော စွဲချက်ဖြင့် တိုင်တန်းခြင်းကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ ရွေးကောက်ပွဲမတိုင်မီကာလများတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအနေဖြင့် " ပါတီနိုင်ငံရေး" နှင့် မပတ် သက်လိုပါပဲလျက် " အထူးကုခရီးစဉ်" အချို့ဗန်းပြလျက် ပါဝင်ပတ်သက်ခဲ့ရသော သက်သေသာဓက များစွာ ရှိခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အသွင်ကူးပြောင်းနေစဉ်ကာလမျိုးတွင် အနိုင်ရပါတီ၏ ဂုဏ်သိက္ခာ   ညှိုးနွမ်းစေနိုင်သည့် စွပ်စွဲချက်များကို အရင်းပြုလျက် နိုင်ငံ့ဝန်ထမ်းများအပေါ် မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်အား ရှုံ့ချပါသည်။

၃။ စွဲချက်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ တစ်လျောက်လုံးကို ကျွန်ုပ်တို့ ဖဲကြိုးနက် လှုပ်ရှားမှု ဆရာဝန်များအဖွဲ့မှ စိုးရိမ်မကင်းစွာဖြင့် စောင့်ကြည့်လျက်ရှိပါသည်။

၎။ စုံစမ်းစစ်ဆေးကြမည့် ဌာနဆိုင်ရာ လူကြီးမင်းများအနေဖြင့် တရားနည်းလမ်းတကျ ၊ တည်ဆဲဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်လျော်ညီစွာ စုံစမ်းစစ်ဆေး အစီရင်ခံကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက် ရှိပါသည်။

၅။ အကြောင်းတစုံတရာကြောင့် နိုင်ငံ့ဝန်ထမ်းဆရာဝန်နှစ်ဦးအား မတရားနစ်နာစေခြင်းမရှိစေရန်အတွက် ဖဲကြိုးနက်ဆရာဝန်များမှ ဌာနဆိုင်ရာ စစ်ဆေးဆုံးဖြတ်မှုပြီးသည်အထိ ဆက်လက်ဝိုင်းရံသွားမည်ဖြစ်ပါ သည်။




သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ကြေညာချက်ကို သရုပ်ဆောင် စိုးသူရဲ့ယခင်ဇနီးဖြစ်သူက ပြန်လည်တုံ့ပြန်

0 comments

လတ်တလောဖေ့ဘုတ်စာမျက်နှာထက်တွင် ရေပန်းစားနေတဲ့ အကြောင်းအရာတွေထဲက တခုအပါအ    ၀င်ဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်နန္ဒာနဲ့ သရုပ်ဆောင် စိုးသူတို့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောဆို ဝေဖန်နေကြတဲ့အပေါ် သရုပ်ဆောင် စိုးမြတ်နန္ဒာက ၎င်းရဲ့ ရှေ့နေကတဆင့် သတင်းစာထဲမှာ         ကြေညာချက်တရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီ ကြေညာချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါတယ်။



ဒီလို ကြေညာချက်ထုတ်ပြန်လိုက်တဲ့အပေါ် သရုပ်ဆောင် စိုးသူရဲ့ ယခင်က တရားဝင် ဇနီးဖြစ်သူ             ခင်မြမြ၀တ်မှုံဆွေ ကလည်း သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ဒီ ကြေငြာချက်အပေါ် ပြန်လည် ရေး  သားပြောဆိုထားတာတွေ့ရပါတယ်။

"မှုံကို ချစ်သော မိတ်ဆွေများအတွက်

ကျမ နာမည် ခင်မြမြ၀တ်မှုံဆွေဟုခေါ်ပါသည်။ ကိုစိုးသူနှင့် ၂၀၀၁ တွင် လက်ထက်၍ အမေရိကားတွင် နေထိုင်ပါသည်။ ၂၀၁၃ တွင် ကိုစိုးသူနှင့် စိုးမြတ်နန္ဒာ ဖောက်ပြန်ကြသည်မှာ အမှန်တကယ်ဖြစ်ပါသည်။  သက်သေခံ အထောက်အထားများလဲရှိပါသည်။ ထို့ကြောင့် ကျမနှင့် ပတ်သက်သော သတင်းမှာ ကောလဟလ မဟုတ်ကြောင်းဟု ကျမက ထိုသတင်းကို အတည်ပြုကြောင်း ပြောကြားလိုပါသည်။ " 

ခင်မြမြ၀တ်မှုံဆွေ
(Kha Nge)


ဓာတ်ပုံ - ခင်မြမြ၀တ်မှုံဆွေရဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှ



ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားရိုက်ကူးတော့မည်

Wednesday, December 23, 2015 0 comments


ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့ မြိုင်ရာဇာတာတေ ဇာတ်ကားကန်တော့ပွဲအခမ်းအနား (ဓာတ်ပုံ - ယုမွန်ကျော် / The Irrawaddy)

ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးမယ့် စာရေးဆရာကြီးမင်းသိင်္ခရဲ့ ၀တ္ထု “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့
မြိုင်ရာဇာတာတေ” ဇာတ်ကားကန်တော့ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ ရုပ်ရှင်အစည်းအရုံးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သရုပ်ဆောင် အေးမြတ်သူ

ဇာတ်ကားကန်တော့ပွဲကို ပါဝင်သရုပ်ဆောင်ကြမယ့် သရုပ်ဆောင်ကျော်သူ၊ အေးမြတ်သူနဲ့ ဆားပုလင်းနှင်းမောင် အဖြစ် ပါဝင်သရုပ်ဆောင်နေကျ သရုပ်ဆောင် ထွန်းလွင်အောင်တို့က တက်ရောက်ခဲ့ကြပါတယ်။
စာရေးဆရာမင်းသိင်္ခရဲ့ ၀တ္ထုကားပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ ခင်စောမျိုးက ဒီဇာတ်ကားနဲ့ပတ်သက်လို့ ဆရာကြီးက သူရဲ့ ၀တ္ထုငါးဆယ်ကျော်ကို ကျနော်ကို ရိုက်ကူးဖို့ ပေးခဲ့ပြီးပြီလေ အများကြီးလဲ ရိုက်ကူးခဲ့ပြီးပြီ အခုပြန်ရိုက်တယ်ဆိုတာက ပြန်ပြီးတော့ဆန်းသစ်တဲ့သဘောပေါ့။ ဒီကားပြီးရင်လည်း ဆရာကြီးရဲ့ “မတတ်ပ့ါ” ကို ဆက်ပြီး ရိုက်ကူးဖို့ ရှိပါတယ်။ ဦးကျော်သူဆိုတာကလည်း ဟိုးအရင်ထဲက ကားအရိုက်အများဆုံးမင်းသားဖြစ်ခဲ့တော့ ဘာအခက်အခဲ၊ အဆင်မပြေစရာမရှိပါဘူး။ တယောက်အကြောင်းလဲ    တယောက်သိနေတော့ အဆင်ပြေတယ်” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဧရာဝတီကို ပြောပြပါတယ်။

သရုပ်ဆောင် ကျော်သူ

ဒီဇာတ်ကားကို လက်ကီးဆဲဗင်းထုတ်လုပ်ရေးက ရိုက်ကူးတင်ဆက်မှာဖြစ်ပြီး ဇာတ်ကားမှာပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်သူ၊ လူမင်း၊ ဗေလုဝ၊ထွန်းလွင်အောင်၊ အေးမြတ်သူ၊ ဘေဘီမောင်၊ ရဲမွန်နဲ့ သရုပ်ဆောင်ပေါင်းများစွာတို့ပဲ ဖြစ်ပါတယ်။ ဇာတ်ကားကို ၂၀၁၆ ခုနှစ်အတွင်း ရုံတင်ပြသမှာဖြစ်ပြီး ရိုက်ကူးရေးကိုတော့ ဒီဇင်ဘာ ၂၄ ရက်နေ့ကစတင်လို့ ရေနံရိပ်သာ၊သန်လျင်၊ တိုင်းရင်းသားကျေးရွာနဲ့ ရုပ်      ရှင်မြင့်တင်ရေးရုံးတွေမှာ သွားရောက်ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါရိုက်တာ ခင်စောမျိုး
သရုပ်ဆောင် ထွန်းလွင်အောင်


ယုမွန်ကျော်


မြန်မာရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်ဖြင့် ပြသတော့မည်

0 comments


ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတခုရဲ့ မြင်ကွင်း(ဓာတ်ပုံ - The Myawady Daily)

လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်က စတင်လို့ ရုပ်ရှင်ဇာတ်ကားတွေကို ရုံပြိုင်စနစ်နဲ့ ပြသတော့မယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ ရုပ်ရှင်ကားတကားတည်းကိုပဲ ၃ ပတ် သို့မဟုတ် ၄ ပတ် ရုံတင် ပြသပြီးမှသာ နောက်ထပ် ဇာတ်ကားတကားကို ရုံတင်ပြသနေခြင်းပါ။ သဘောကတော့ ဇာတ်ကားတကားပြီးမှ တကား အလှည့်ကျ ရုံတင်ပြသခွင့်ရရှိခြင်းလို့ဆိုနိုင်ပါတယ်။ ယခုရုံပြိုင်စနစ်ပြသခြင်းဆိုတာဟာ ဆင်ဆာကျလာသမျှ ရုပ်ရှင်ဇာတ်ကားအားလုံး ၆ ကား ဒါမှမဟုတ် ၇ ကားစသဖြင့် ဇာတ်ကားတွေဟာ တပြိုင်နက်တည်း သက်ဆိုင်ရာ ရုပ်ရှင်ရုံတွေမှာ အပြိုင်ပြသနိုင်တော့မှာဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေအနေနဲ့ ကိုယ်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားကို တချိန်တည်းမှာပဲ ရွေးချယ် ကြည့်ရှုခွင့်ရမှာပါ။

ဒီရုံပြိုင်စနစ်ကို အရင့်အရင် ရုပ်ရှင်ရွှေခေတ်အဖြစ် ရပ်တည်နေနိုင်ခဲ့ချိန်တုန်းက ကျင့်သုံးခဲ့ဖူးပါတယ်။ အဲ့ဒီကမှ ဒီစနစ်ဟာ ပျောက်ကွယ်လို့ အလှည့်ကျ ရုံတင်စနစ်ကို ပြောင်းလဲလာခဲ့တာပါ။

ယခု ၂၀၁၆ ဇန်န၀ါရီဒုတိယပတ်ကစလို့ ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရုံပြိုင်စနစ်ရဲ့ စမ်းသပ်ကာလတခု   အဖြစ် စတင်ပြသတော့မယ်လို့ အဆိုပါ ဇာတ်ကား ၆ ကားထဲတွင် ကိုယ်တိုင်ရိုက်ကူး ထုတ်လုပ်ထားတဲ့  ဇာတ်ကားတကားပါဝင်နေတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်က ဧရာဝတီကိုပြောပါတယ်။

“စမ်းသပ်ကာလအနေနဲ့ ၆ ကားကို ပြိုင်ပြီး ဇန်န၀ါရီကနေ စပြမယ့်ကားတွေပေါ့။ အဲ့ဒီ ၆ ကားက မတ်လအထိရောက်မလား ဘယ်အထိရောက်မလဲမသိဘူး။ ပြီးတော့မှ အဲ့ဒီအခြေအနေကိုကြည့်ပြီး မူကို ပြန်ချမှာပါ။ ကောင်းတာကတော့ ခါတိုင်းကို ၃ ပတ်ကို ဇာတ်ကားတကား ၄ ပတ်ကို တကားထားတယ်။ မြန်မာကားတွေက တနှစ်ကို ၁၇ နှစ်ကားလောက် အများဆုံးဝင်နိုင်တယ်။ သဘောကတော့ တလ တကား တောင် မရှိဘူးပေါ့။ ၃ ပတ်ဆိုတော့လေ။ တကယ်လို့ အဲ့လို အပြိုင်စနစ်နဲ့ဖြစ်လာမယ်ဆိုရင်တော့ ၃၄ ကားဖြစ်လာမှာပေါ့။ အဲ့လို ကား သုံးဆယ် လေးဆယ်ဖြစ်လာမှ ရုံတွေဆောက်မှာ။ အခုက ပြစရာမြန်မာကားမရှိတော့ ရုံတွေ ကလည်း မဆောက်တာ။ ပြသနာကတော့ ၆၂ ခုနှစ်က စလိုက်တာ။ စစ်အစိုးရအာဏာသိမ်းပြီးချိန်မှာ ရုပ်ရှင်ရုံတွေကို ပြည်သူပိုင်သိမ်းလိုက်တယ်။ အဲ့ဒီကတည်းက စပြီး တဖြည်းဖြည်းနဲ့ အိပဲ့အိပဲ့ ကျသွားတာ။ တချို့တွေက ပြောတာကတော့ ဆိုရှယ်လစ်ခေတ်တုန်းက ရုံတွေက များသေးတယ်ပေါ့။ ရုံနှစ်ရာကျော်တို့ ရှိခဲ့ဖူးတယ်။ တနှစ်ကိုလည်း မြန်မာကားတွေက ခုနှစ်ဆယ်တို့ ဘာတို့ပြသေးတယ်။ ကျနော်တို့ ဟိုဖက်ခေတ်က အရှိန်က ကျန်ခဲ့တာ။ ကောင်းတဲ့ခေတ်ရဲ့အရှိန်လေးက ကျန်ခဲ့တော့ ကောင်းခဲ့တာ။ အခုအခြေအနေက တနိုင်ငံလုံးမှာမှ ရုံ နှစ်ဆယ် သုံးဆယ်လောက်ပဲ ကျန်တော့တဲ့ခေတ်ရောက်တာ။ အရင်တုန်းကတော့ ရုံတွေ နှစ်ရာကျော်လောက်ရှိတာ။” လို့သူကဆိုပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီအစိုးရဖြစ်လာခဲ့ရင် အဆိုပါ အစိုးရလက်ထက်မှာ စီးပွားရေး၊လူတွေရဲ့ စားဝတ်နေရေးက အစ မြင့်မားလာမယ့်လို့ထင်မြင်ကြောင်းနဲ့ ရုပ်ရှင်ခေတ်လည်း ကောင်းလာမှာဖြစ်ကာ ရုပ်ရှင်မှမဟုတ် အကုန်ကောင်းလာမှာပါ လို့ သူ့ရဲ့ အမြင်ကို ဆက်ပြောပါတယ်။

နောက်ပြီးရုံပြိုင်စနစ်မှာ ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ပြသသွားမှာလဲဆိုတော့ “၀င်ငွေစနစ်နဲ့ပဲလေ။ ကားတခုကို သတ်မှတ်ထားမယ်။ ၀င်ငွေအနေနဲ့ ၃၀ ရာခိုင်နှုန်းမရှိဘူးဆိုရင် ၂ ပတ်ပဲ။ ပြီးတာနဲ့ ရုံဆင်းပေါ့။ ၀င်ငွေရာခိုင်နှုန်းပြည့်မီမှ ၂ ပတ် ၃ ပတ်တို့သွားရမယ်။ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းကို မီတယ်ဆိုရင် ၃ ပတ်တို့ ၄ ပတ်တို့ တိုးပြီး ပြသွားရမယ်။ အဲ့ဒီရာခိုင်နှုန်းမမီဘူးဆိုရင်တော့ ၂ ပတ်တည်းနဲ့လည်း ရုံဆင်းသွားရပါမယ်။ ဒါရိုက်တာတို့ ကုမ္ပဏီတို့က ကိုယ့်ကားကိုကောင်းအောင် ရိုက်ရမှာပေါ့။ ကွာလတီပိုင်းတော့ မြင့်အောင် သူတို့ကြိုးစားရတော့မယ်။ အရင်လိုကောင်းကောင်းမကောင်းကောင်း နှစ်ပတ် သုံးပတ်တော့ ရမှာပဲဆိုတဲ့ ခေတ်မဟုတ်တော့ဘူး။ အရင်တုန်းကတော့ မရှုံးနိုင်ဘူးပေါ့။ အခုကတော့ အကြီးအကျယ် ရှုံးသွားနိုင်တဲ့ သဘောမှာတော့ရှိတယ်။” လို့ ဦးညီညီထွန်းလွင်က ရှင်းပြပါတယ်။

ဆက်လက်ပြီး ဦးညီညီထွန်းလွင်က “ဒီရုံပြိုင်စနစ်ကို ကျနော်ကတော့ အားပေးပါတယ်။ ပရိတ်သတ်အတွက် ပြည်သူလူထုအတွက်ပေါ့။ အရင်တုန်းက မြန်မာကားတွေ တနှစ်မှ ၁၇ ကားလောက်ကြည့်နေရတယ်။ အခုဆိုရင် ၃၄ ကားပေါ့။ နောက် တယောက်နဲ့ တယောက် အပြိုင်အဆိုင်လုပ်လာရတော့ ကွာလတီပိုင်းလည်း   မြင့်လာမှာပေါ့။ ပရိတ်သတ်အတွက်လည်း သူတို့ ရွေးချယ်လို့ရတာပေါ့။ ကျနော်ကတော့ အားပေးပါတယ်။ ကျနော်တို့လောကထဲမှာလည်း လူက မျိုးစုံပေါ့။ တချို့လည်း သိပ်မကြိုက်ကြဘူး။” လို့ သူက ဆိုပါတယ်။


သဲသဲ







သင့်အရိုးများအတွက် နို့

Tuesday, December 22, 2015 0 comments




အရိုးတွေဟာ သင့်ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကြီးတခုလုံးကို ထောက်ပံ့ပေးထားတဲ့ အရိုးတွေဟာ အသက်ကြီးလာရင် ဆတ်လာတတ်ပြီး ကျိုးလွယ်လာပါတယ်။ ဒါကြောင့် သင့်အရိုးများသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝအောင် နို့၊ ဒါမှမဟုတ် ဒိန်ချဉ်တခွက်ကို နေ့စဉ်သောက်သုံးသင့်ပါတယ်။ အသက် ၃၀ ကျော်လာရင်တော့ ကယ်လ်စီယမ်ဓာတ် ပိုမို ချို့တည့်လာတာမို့ နေ့စဉ် ၂၀ဝ မီလီဂရမ်လောက် သောက်သုံးရပါမယ်။ ကယ်လ်စီယမ် ဓာတ်စုပ်ယူမှု အားကောင်းစေဖို့အတွက် မဂ္ဂနီဆီယမ် ပါဝင်တဲ့ဆေး၊ ဒါမှမဟုတ် အစားအစာနဲ့ တွဲဖက် သောက်သုံးသင့်ပါတယ်။


Sunkist C 500 ဗီတာမင်စီအချိုရည် စတင်မိတ်ဆက်လိုက်ပြီ

0 comments




Sunkist C 500 ဗီိတာမင်စီ အချိုရည်အကြောင်း မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲကို  ဒီဇင်ဘာ (၁၈) ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။



အခမ်းအနားတွင် Sunkist C 500 ကုန်အမှတ်တံဆိပ် သံတမန် အဆိုတော် ဖြူဖြူကျော်သိန်းမှ ဗီတာမင်စီနှင့် ပတ်သက်တဲ့ အသိပညာများနှင့် ကုန်အမှတ်တံဆိပ် သံတမန်အဖြစ် လက်ခံဖြစ်ခဲ့ပုံများကို ရှင်းလင်း ပြော    ကြားခဲ့ပါတယ်။

Sunkist C 500 သံဗူးများကို (၅၀၀) ကျပ်ဖြင့် ၀ယ်ယူသောက်သုံးနိုင်မည်ဖြစ်ပြီး Sunkist C 500 တဗူးလျှင် လိမ္မော်သီး (၈) လုံးတွင် ပါဝင်သည့် ဗီတာမင်စီ ပမာဏနှင့် ညီမျှပြီး နေ့စဉ်သောက်သုံးပါက အသား       အရည်နှင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။



Sunkist C 500 ကို Sunkist Growers Inc. USA ၏ လိုင်စင်ရ ထုတ်ကုန်ပစ္စည်းတခုဖြစ်ပြီး Myanmar Beverage Company မှ ထုတ်လုပ်လျက်ရှိပါတယ်။


သီဟတိုး

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved