Showing posts with label ဖက်ရှင် နဲ့ အလှအပ. Show all posts
Showing posts with label ဖက်ရှင် နဲ့ အလှအပ. Show all posts

ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ

Tuesday, January 12, 2016 0 comments


ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် - http://goo.gl/xvfmZR


ရခိုင်ယဉ်ကျေးမှုရိုးရာ သတို့သမီးဝတ်စုံနှင့် မြန်မာအလှမယ် စီစီအေးကို(ဓာတ်ပုံ - ကိုဝေယံအောင်ဖေ့ဘုတ်မှ)


ဆောင်းရာသီမှာ အထာကျမယ့် Sport Shoes နဲ့ Boots

Wednesday, December 2, 2015 0 comments



အခုချိန်ဟာဆိုရင် မိုးလေကင်းစင်လို့ ချမ်းအေးတဲ့ ဆောင်းရာသီကို ကူးပြောင်းစကာလ ဖြစ်တာမို့ ဒီလိုချိန်ခါမှာ ဒီနေ့ခေတ် ရေစီးထဲက လူငယ်တွေအတွက် ဆောင်းတွင်း မနက်ခင်း စောစောထ လမ်းလျှောက်၊ အပြေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် Sport Shoes ကောင်းကောင်းတရံ လိုအပ်ပါတယ်။



နောက်ပြီး အခုလို ဒီဇင်ဘာလမှာဆိုရင် ခရစ်စမတ်နဲ့ နယူးရီးယား နှစ်သစ်ကိုကြိုဆိုပွဲစတဲ့ ပွဲတွေရှိ     တာကြောင့် အဲဒီပွဲတွေမှာ ရှိုးများပြီး ပဲပေး စတိုင်ထုတ်ဖို့ Boots ဖိနပ်ဒီဇိုင်းလှလှလေးတွေ ရှိထားသင့်ပါ တယ်။



ဒါ့ထက် ခရီးသွားရာသီလည်းဖြစ်တဲ့အတွက် လူငယ်၊ လူရွယ်တွေ တောင်ပေါ်ဒေသတွေ ခရီးသွားတာပဲဖြစ်ဖြစ်၊ နယ်ဝေး ဒေသတခုခုကို ခရီးထွက်တာပဲဖြစ်ဖြစ် ခရီးသွားရင် မရှိမဖြစ် စီးသင့်တာ Boots ဖိနပ်ပါ။

ဖိနပ်က နေ့စဉ်ဝတ်စားဆင်ယင်မှုမှာ မရှိမဖြစ်နဲ့ မပါမဖြစ်ကိုယ်ဝတ်ထားတဲ့ အ၀တ်အစားဖက်ရှင်ကိုပိုပြီး   ဖက်ရှင်ကျအောင် ပံ့ပိုးပေးတဲ့အရာတခုပါ။ ဖိနပ်က ဖက်ရှင်တခုတည်းအတွက် မဟုတ်ပါဘူး။ ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ ပေါ့ပေါ့ပါးပါးဖြစ်မယ့် ဖိနပ်အပါးလေးတွေ စီးတာ၊ အေးချမ်းတဲ့ တောင်ပေါ်ဒေသမှာ နွေးနွေးထွေးထွေးနဲ့ အထာကျမယ့် Boots ဖိနပ်တွေ စီးတာစသဖြင့် ကာလ၊ ဒေသနဲ့ ရာသီဥတုအပေါ် မူ တည်ပြီး သင့်တင့်လိုက်ဖက်မှုရှိအောင် စီးရပါတယ်။


လူငယ်တွေကြားမှာဆိုရင်တော့ ရေပန်းစားလူကြိုက်များတာက Sport Shoes မှာဆိုရင် အရောင် အသွေးစုံ၊ ဒီဇိုင်းစုံနဲ့ Adidas တံဆိပ်၊ Boots ထဲမှာဆိုရင်လည်း နာမည်ကြီး Converse တံဆိပ်စတဲ့ Brand တွေပါ။ အရောင်သွေးစုံပြီး ဒီဇိုင်းလန်းတဲ့ ဒီဖိနပ်တွေကခိုင်ခံ့ပြီး အရည်အသွေး ကောင်းတာကြောင့် လူငယ်တွေ  အကြိုက်များပါတယ်။



ဈေးနှုန်းအနေနဲ့ဆိုရင် Adidas Sport Shoes တွေက ၅ သောင်း၊ ၆ သောင်း၊ ၇ သောင်းကနေ တသိန်းကျော်၊ နှစ်သိန်းကျော်ထိ အစားစားရှိပါတယ်။ Converse Boots တွေဆိုရင်တော့ ဈေးနှုန်း ၃ သောင်းကျော်ကနေ ၅ သောင်း၊ ၆ သောင်း၊ တသိန်းကျော်တဲ့အထိ အစားစားရှိပါတယ်။

ဓာတ်ပုံ - သီဟတိုး/ The Irrawaddy

ဒီဖိနပ်တွေက ထုတ်လုပ်တဲ့နိုင်ငံနဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းက အနည်းအများ ကွာခြားသွားတာပါ။ အခုနောက်ပိုင်းမှာဆိုရင် Sport Shoes တွေကို အရောင်ဆန်းဆန်းလေးတွေ နှစ်မျိုး၊ သုံးမျိုး အရောင်စပ်ထားတာမျိုးကို အ၀တ်များလာကြပြီး Sport Shoes ကိုမှ အားကစားလုပ်တဲ့ အချိန်ခါမျိုးမှာပဲ စီးတာမျိုးမဟုတ်ဘဲ ထသွားထလာနဲ့ ရှိုးပွဲသွားတဲ့အခါတွေမှာလည်း ဖက်ရှင်တခုအနေနဲ့ စီးလာကြတာ တွေ့ရပါတယ်။
Converse တံဆိပ် Boots ဖိနပ်တွေ ဆိုရင်လည်း အရောင်ဆန်းတွေကို နှစ်မျိုး၊သုံးမျိုး အရောင်စပ်တွေနဲ့ ဒီဇိုင်းဆန်းဆန်းတွေ ဝတ်လာကြပါတယ်။ အမျိုးသား၊ အမျိုးသမီး အရွယ်မရွေး စီးလာကြတဲ့ ဒီ Boots ဖိနပ်တွေက စီးရတာအထာကျပြီး သွားလာရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။


နောက်ပြီး အခုဟာဆိုရင် ဆောင်းရာသီထဲကိုရောက်ရှိလာပြီလည်းဖြစ်တဲ့အတွက် မနက်ခင်းစောစောစီးစီး အပြေးလေ့ကျင့်ခန်းလုပ်ဖို့ Sport Shoes ကောင်းကောင်းတရံနဲ့ သွားသွားလာလာ အပြင်ထွက်တဲ့အခါ၊  တန်ဆောင်တိုင် ရှိုးပွဲတွေမှာ အထာကျဖို့ရာ Boots ဖိနပ် ကောင်းကောင်းတရံ ၀ယ်ထားလိုက်ရအောင်လား။


သီဟတိုး



့မြန်မာဒီဇိုင်နာဖန်တီးထားတဲ့ဝတ်စုံ Miss Supranational 2015 ပြိုင်ပွဲရဲ့ အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိ

0 comments


အကောင်းဆုံးညနေခင်းဝတ်စုံဆုရရှိခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူး(ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံပြိုင်ပွဲမှာ မြန်မာ ဒီဇိုင်နာ ကိုသျှီလာတီထွင်ချုပ်လုပ်ပေးခဲ့တဲ့ ၀တ်စုံနဲ့ မြန်မာအလှမယ် အယ်လ်ဘောက်နူးက အကောင်းဆုံးညနေခင်းဝတ်စုံ(Best Evening Dress 2015) ဆုကို ရရှိခဲ့ပါတယ်။



ဒီဇင်ဘာ ၁ ရက်နေ့က ရွေးချယ်ပေးခဲ့တဲ့ ဒီ အကောင်းဆုံးညနေခင်းဝတ်စုံဟာ နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးများ ၀တ်ဆင်ပြသခဲ့တဲ့ ညနေခင်းဝတ်စုံတွေထဲကမှ အကောင်းဆုံးရွေးချယ်ခံခဲ့ရတာပါ။
မြန်မာဒီဇိုင်နာ သျှီလာဖန်တီးချုပ်လုပ်ပေးတဲ့ ဒီ ညနေခင်းဝတ်စုံဒီဇိုင်းဟာ ခန္တာကိုယ်တခုလုံးကို မှန်စီရွှေချထားသလို ဖန်တီးထားတဲ့ ဒီဇိုင်းမျိုးပါ။



ဒီဇိုင်နာ ရှီလာဟာ နိုင်ငံတကာ Pageant များမှာ ထူးခြားဆန်းပြားတဲ့ ညနေခင်းဝတ်စုံတွေကို ဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။



ကမ္ဘာ့အဆင့် နံပါတ် ၅ အလှမယ်ပြိုင်ပွဲကြီးဖြစ်တဲ့ Miss Supranational ပြိုင်ပွဲကြီးကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ  နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်နေတာပါ။

Miss Supranational 2014 အလှမယ် အိန္ဒိယနိုင်ငံသူနှင့်အတူ မြန်မာအလှမယ် အယ်လ်ဘောက်နူး





Miss Supranational 2015 ပြိုင်ပွဲရဲ့ ညနေခင်းဝတ်စုံ ပြိုင်ပွဲမှာ မြန်မာဒီဇိုင်နာရဲ့ဝတ်စုံ အကောင်းဆုံးစာရင်းဝင်နေ

Tuesday, December 1, 2015 0 comments


Top 10 စာရင်းဝင်နေတဲ့ ဒီဇိုင်နာ သျှီလာရဲ့ ညနေခင်းအလှဝတ်စုံနဲ့ အလှမယ် အယ်လ်ဘောက်နူး (ဓာတ်ပုံ- ဝေယံအောင် ဖေ့ဘုတ်မှ)

ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိကျင်းပပြုလုပ်နေတဲ့ Miss Supranational 2015 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအလှမယ် အယ်လ်ဘောက်နူးရဲ့ ညနေခင်းအလှဝတ်စုံဟာ အကောင်းဆုံးညနေခင်းဝတ်စုံ (၁၀) စုံစာရင်းထဲမှာ ပါဝင်နေပါတယ်။



နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေဝတ်ဆင်ပြသခဲ့တဲ့ ညနေခင်းအလှဝတ်စုံပြိုင်ပွဲမှာ မြန်မာအလှမယ် ရဲ့ ညနေခင်းဝတ်စုံက အခုလို Top 10 စာရင်းဝင်ခဲ့တာပါ။ ဒီဝတ်စုံကို ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာက ကိုသျှီလာ လို့သိရပါတယ်။



လက်ရှိမှာ Canada၊ Chile၊ Iceland၊ Indonesia၊ Japan၊ Myanmar၊ Philippines၊ Trinidad & Tobago၊ United States နဲ့ Vietnam နိုင်ငံများမှ အလှမယ်လေးတွေရဲ့ ညနေခင်းဝတ်စုံတွေဟာ Top 10  စာရင်းထဲမှာ ပါဝင် နေတာလည်းဖြစ်ပါတယ်။

“မနက်ဖြန်မနက်မှာတော့ အဲ့ဒီ ၁၀ စုံထဲကမှ အကောင်းဆုံးဝတ်စုံကို ကြေငြာမှာပါ။ ဒီနေ့အထိကတော့ အဖြေမထွက်သေးပါဘူး။ အဓိကကတော့ မှန်စီရွှေချဝတ်စုံလေးတွေဟာ များသောအားဖြင့် ဗင်နီဇွဲလားကနေ ဆင်းသက်လာခဲ့တာပါ။ ဗင်နီဇွဲလားဆိုတာက အလှမယ်လောကမှာ နာမည်အကြီးဆုံး အအောင်မြင်ဆုံး နိုင်ငံပေါ့နော်။ အဲ့ဒီကမှ မှီငြမ်းပြီးတော့ ဒီဇိုင်နာ ကိုသျှီလာက အဲ့ဒီဘက်က ဒီဇိုင်းတွေကို လေ့လာတယ်။ အဲ့ဒီလို မှန်စီရွှေချဝတ်စုံလေးတွေကို အလှမယ်ပွဲတွေအတွက် ချုပ်ပေးဖြစ်တယ်ပေါ့။ ဒါတွေက အပြင်ဈေးကွက်အတွက် မတွင်ကျယ်ဘူးပေါ့နော်။ ဒါပေမယ့် အလှမယ်ပြိုင်ပွဲတွေမှာတော့ အရမ်းကိုပဲ အောင်မြင်တဲ့ဝတ်စုံ  နိုင်ငံတကာ ကလည်း အသိအမှတ်ပြုတဲ့ ၀တ်စုံဆိုတော့ ဒါတွေကို သိပ်မသိတဲ့မြန်မာတွေအတွက်တော့ တခါလာလည်း မှန်စီရွှေချပုံစံပဲ ဆိုပြီးတော့ပေါ့။ တကယ်ပြန်ပြီးတော့ ဂုဏ်ယူဖွယ်ရာတွေးကြည့်မယ်ဆိုရင် ဒီလိုမှန်စီ ရွှေချဒီဇိုင်မျိုးကောင်းကောင်းလုပ်နိုင်တာ ဗင်နီဇွဲလားလို နိုင်ငံပဲရှိပါတယ်။ ဒုတိယအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံက ကိုသျှီလာကနေ ဖန်တီးချုပ်လုပ်ခဲ့တာပေါ့။ အဲ့ဒီအတွက် ဂုဏ်ယူမိပါတယ်။ အခုလို Top 10 ၀င်တယ်ဆိုတာကလည်း ကိုသျှီလာရဲ့ လက်ရာတွေကို အသိအမှတ်ပြုလို့ရရှိခဲ့တာပဲဖြစ်ပါတယ်။အကောင်းဆုံး ဆုရဖို့လည်း မျှော်လင့်ထားပါတယ်” လို့ Miss Golden Land Myanmar Orgainzation မှ ကိုဝေယံအောင်က ဧရာဝတီကိုပြောပါတယ်။


ဒီဇိုင်နာ ရှီလာ ဟာ နိုင်ငံတကာ Pageant များမှာ Amazing Evening Gown များဖန်တီးနိုင်သူဟု Pageant Media များ အဖွဲ့ အစည်းများမှ မကြာခဏ ချီးကျူးဂုဏ်ပြုခြင်းခံရသူတစ်ဦးလည်းဖြစ်ပါတယ် လို့
Miss Golden Land Myanmar Orgainzation ရဲ့ တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထား  ပါသေးတယ်။

ကမ္ဘာ့အဆင့် နံပါတ် ၅ နေရာမှာရှိတဲ့ Miss Supranational  ပြိုင်ပွဲကို ဒီနှစ်တွင် ပိုလန်နိုင်ငံမှာ နိုဝင်ဘာလ ၁၈ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့ အထိကျင်းပပြုလုပ်နေတာဖြစ်ပြီး နိုင်ငံပေါင်း ၈၂ နိုင်ငံမှ အလှမယ်လေးတွေ ၀င်ရောက်ယှဉ်ပြိုင်နေတာလည်းဖြစ်ပါတယ်။




ခေတ်နဲ့အညီ လက်သည်းပုံဖော် ဒီဇိုင်းအသစ်တွေ

Wednesday, November 18, 2015 0 comments



သာမန်ထက်ပိုတဲ့ အလှအပတခုအတွက် တော်ရုံပြင်ဆင်မှုနဲ့တော့ မရပါဘူး။ အစစ အပိုအလိုမရှိအောင်    ပြင်ဆင်နိုင်မှ တော်ကာကျပါတယ်။ ဆံဖျားကနေ ခြေဖျားထိ ဂရုစိုက်ပါမှ ပြည့်စုံတိကျတဲ့လှပမှုနဲ့ ခေါင်းမော့နိုင်မှာပါ။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အလှအပကို ပိုပြီးဦးစားပေးကြတယ် ဆိုပေမယ့် ခုနောက်ပိုင်းမှာတော့ ယောကျာ်းလေးတွေလည်း ပြင်ဆင်လာကြတာကို တွေ့ရပါတယ်။

မိန်းကလေး အများစုဟာ အလှအပနဲ့ ပတ်သက်ရင် မျက်နှာနဲ့ ဆံပင်ကို အဓိက ပြုပြင်ကြပါတယ်။ အပေါ်ယံအားဖြင့်တော့ မဆိုသာပေမယ့် သေချာပြင်ဆင်ထားသူနဲ့ ယှဉ်ကြည့်ရင်တော့ ကိုယ့်မှာ လိုအပ်ချက်တွေ ရှိနေတာကို သိရမှာပါ။ ဆံပင်ရှည်သူက ဆံပင်ပြုပြင်ဖို့ လိုသလို လက်သည်း ခြေသည်း ရှည်သူကလည်း ပြုပြင်ရမှာပါ။


လက်သည်း ခြေသည်းတွေကို အလှဆင်တဲ့နေရာမှာ သေသပ်ပြီး လှပဖို့လိုပါတယ်။ လက်သည်း ခြေသည်းတွေဟာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်လို့ အလှပြင်ရာမှာ အတော်လက်ဝင် ပါတယ်။ ဘယ်လိုပဲလက်ဝင်တယ်ဆိုပေမယ့် ဝါသနာရှင်နဲ့ ပညာရှင်တွေကတော့ ကြိုးစားပြုလုပ်ကြတာ တွေ့ရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ စိတ်ငြိမ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီတပတ်မှာတော့ ဝါလကင်းလွတ်ပြီဖြစ်တဲ့ ဒီချိန်ခါမှာ လက်ထပ်မင်္ဂလာ ဆောင်နှင်းကြမယ့် ချစ်သူစုံတွဲများလည်း ပြင်ဆင်နေကြပြီ ဖြစ်တာကြောင့် သတို့သမီးအတွက် ပြင်ဆင်ဖို့ရော၊ အခြား သူတွေအတွက်ပါ သင်လျော်မယ့် လက်သည်းပုံဖော် ဒီဇိုင်းလေးတွေကို မိတ်ဆက်ပေးသွားမှာပါ။


လက်သည်းရှည်လေးများဟာ အင်မတန် ဂရုစိုက်ရပြီး သန့်ရှင်းမှုကလည်း အလွန်အရေးကြီးပါတယ်။ လက်သည်းရှည်တွေကို အချွန်တမျိုး၊ အဝိုင်းတသွယ်၊ လေးထောင့်တဖုံ ထားတတ်ကြပြီး မိန်း ကလေးများသာမက ယောကျာ်းလေးများလည်း ထားကြပါတယ်။ လက်သည်းခြေသည်းတွေကို ထိန်း သိမ်းရာမှာ တပတ်တခါ ပုံသွင်းခြင်း၊ လက်သည်းဆိုးဆေးကို ဒီဇိုင်း၊ အရောင်ပြောင်းလဲခြင်း စသည်တို့ကို လုပ်ပေးသင့်ပါတယ်။

လက်သည်းများကို အရောင် မကြာခဏ ဆိုးပြန်ရင်လည်း လက်သည်း ကြွေပျက်စီးခြင်း၊ လက်သည်းများ အားနည်းခြင်း စတဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်တာမို့ တပတ်မှာ တခါကနေ နှစ်ခါအထိသာ ဆိုးသင့်ပါတယ်။ တကယ်လို့များ လက်သည်းတွေဟာ ပျော့နေခဲ့မယ်၊ ပွန်းပဲ့လွယ်နေခဲ့မယ်ဆိုရင် သံပရာခြမ်းနဲ့ ပွတ်တိုက်ခြင်းဖြင့် ကျန်းမာစေနိုင်ပါတယ်။

ဒီနှစ်မှာတော့ အရောင်တောက်တောက်နဲ့ အရောင်စပ်တာတွေ ခေတ်စားပြီး Fancy ဆန်တဲ့ ဒီဇိုင်းလေးတွေ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ကျပ် ၄၀ဝ၀၊ ၅၀ဝ၀ ကနေ ၁၀ဝ၀ဝ အထိရှိပါတယ်။ ခေတ်နဲ့အညီ တောက်ပတဲ့ လက်သည်းလေးတွေကို ပိုင်ဆိုင်ကြပါစေ။


ထက်ဦးဝေ 


ရွှေနဲ့ပြုလုပ်ထားတဲ့ ယွမ် ၃ မီလီယံကျော်တန် အတွင်းခံအ၀တ်အစား

Monday, November 16, 2015 0 comments



နိုဝင်ဘာ ၁၄ ရက်နေ့က တရုတ်နိုင်ငံ Gansu ခရိုင် Pingliang မြို့မှာရှိတဲ့ ရှော့ပင်းမောလ် တခုမှာ ဆွဲဆောင်မှုရှိတဲ့ မော်ဒယ်လ်အမျိုးသမီးလေးတဦးဟာ ရွှေနဲ့ပြုလုပ်ထားတဲ့ အမျိုးသမီးအတွင်းခံအ၀တ်အစား ကို ၀တ်ဆင်ပြသခဲ့ပါတယ်။


အဲ့ဒီ မော်ဒယ်လ်အမျိုးသမီးငယ်လေး ၀တ်ဆင်ပြသထားတဲ့ ရွှေအတွင်းခံအ၀တ်အစားရဲ့ အလေးချိန်ဟာ ၇၀၀ ဂရမ်ကျော်ရှိပြီး ယွမ် ၃ မီလီယံကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။



ပုံတွင် မြင်တွေ့ရတဲ့အတိုင်းဆိုရင် ရွှေအတွင်းခံအ၀တ်အစားကို တကယ့်အနုစိတ်လက်ရှာမြောက် ပြုလုပ်ထားတာကို တွေ့ရပါတယ်။




Ref:people’s daily china


စွန့်ပစ်ပစ္စည်းတွေကို အဆင်တန်ဆာအဖြစ် ပြန်လည်အသုံးပြုတဲ့ အာဖရိကလူမျိုးစု

Thursday, November 12, 2015 0 comments




အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Omo Valley အရပ်မှ Dassanech လူမျိုးစုတွေရဲ့ နောက်ဆုံးပေါ် ဖက်ရှင်အဆင်တန်ဆာအဖြစ် ဒစ်ဂျယ်တယ်နာရီတွေ၊ ဖုန်းဆင်းကတ်တွေနဲ့ ပုလင်းအဖုံးတွေကို သူတို့ရဲ့  ဆံပင်တွေမှာ ဆင်မြန်းလာကြပါတယ်။



သူတို့ရဲ့ အဆင်တန်ဆာတွေကို ပုံမှာ မြင်တွေ့ကြရမှာပါ။



အဆိုပါ လူမျိုးစုတွေရဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုပြီး ဖန်တီးလာတဲ့ ဖက်ရှင်တွေကို ကောင်းမွန်စွာ လက်ခံကြိုဆိုပြီး သူတို့တွေအနေနဲ့ အဲ့ဒီပစ္စည်းတချို့ကို ကမ္ဘာလှည့်ခရီးသွားတွေကို ပြန်လည်ရောင်း    ချတာတွေကိုပါ စတင်လာပြီလို့ သတင်းတရပ်က ဆိုပါတယ်။

ဖုန်းဆင်းကတ်ကို နားဆွဲအဖြစ်အလှဆင်ထားပုံ



Ref: people’s daily china


ဘာဘီစုံတွဲနဲ့ တူဖို့ ပေါင် ၂ သိန်းအကုန်အကျခံ ခွဲစိပ်တဲ့ ပြင်သစ်စုံတွဲ

Thursday, October 22, 2015 0 comments



ပြင်သစ်စုံတွဲနှစ်ဦးဟာ စတာလင်ပေါင် ၂ သိန်း အကုန်အကျခံကာ သူတို့တွေရဲ့အသည်းစွဲ ကလေးကြိုက် ဇာတ်ကောင်လေးတွေဖြစ်တဲ့  ဘာဘီ နှင့် သူ့ချစ်သူ ခန်မ်တို့နဲ့ ဆင်တူအောင် ခွဲစိပ်ပြုပြင်ခဲ့ကြပါတယ်။


အသက် ၂၀ အရွယ် Anastasia Reskoss နဲ့ ၂၃ နှစ်အရွယ် Quentin Dehar‬ တို့ဟာ ငယ်စဉ်ကတည်းက ဒီအရုပ်ကလေးတွေကို စွဲလန်းခဲ့ကြသူတွေလည်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သူတို့နှစ်ဦးလက်ထပ်ခဲ့ကြပြီး နောက် နည်းလမ်းအမြောက်အများကို ကျော်ဖြတ်ကာ အခုလို ခွဲစိပ်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်တယ်လို့ Daily Mail ရဲ့ဖော်ပြချက်အရ သိရပါတယ်။


ခွဲစိပ်ပြုပြင်မှုရဲ့ နောက်ဆက်တွဲ အစီအစဉ်တရပ်အနေနဲ့ သူတို့ရဲ့ နာမည်တွေကိုပါ Doll နဲ့ Ken လို့ ပြောင်းလဲချင်တယ်လို့ သိရပါတယ်။





Ref:Global Times

၁၂၅ နိုင်ငံမှ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ တံဆိပ်များပါဝင် ပြသမယ့်ပွဲ မလေးရှားတွင် ကျင်းပမည်

0 comments




မလေးရှားနိုင်ငံရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ဆိုင်များ၊ အလှပြင်ဆိုင်များ၊ အနုပညာနှင့် အရည်အသွေးကောင်း လူနေမှု အတွက်လိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ဆိုင်များကို တနေရာထဲတွင် ရရှိနိုင်သော Starhill Gallery မှ A Journey Through Time (အချိန်ကာလတစ်လျှောက် ခရီးနှင်ခြင်း) အမည်ဖြင့် ကိုးကြိမ်မြောက်ပြုလုပ် သွားမည့် အာရှ၏အရည်အသွေးပြည့်မှီသော လက်ပတ်နာရီများနှင့် ကျောက်မျက်ရတနာပစ္စည်းများ ပြပွဲကို လက်ခံ ကျင်းပသွားမည်ဖြစ်တယ်လို့ သိရပါတယ်။

၎င်းခေတ်မှီအတွေ့အကြုံများကို တွေ့ကြုံ ခံစားနိုင်ရန်အတွက် နှစ်စဉ်နှစ်တိုင်း ကျင်းပနေကျဖြစ်သော အဲ့ဒီပြပွဲကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်မှ (၂၇) ရက်နေ့အထိ Starhill Gallary တွင်ခင်းကျင်းပြသသွားမှာဖြစ်ပြီး နိုင်ငံပေါင်း (၁၂၅)နိုင်ငံမှ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာ တံဆိပ်များရဲ့ဆက်လက်တီထွင် ဆန်းသစ် သွားမယ့်ပုံစံများကို ယခုနှစ်တွင် ကြိုတင်လေ့လာကြည့်ရှုကြရမှာဖြစ်ပါတယ်။

မနှစ်က ၈ ကြိမ်မြောက်ကျင်းပခဲ့တဲ့ A journay Through Time ပြပွဲမှ နာရီပြသနေပုံ

ပြပွဲမှာ လက်ပတ်နာရီနှင့် ကျောက်မျက်ရတနာများကို စိတ်ပါဝင်စားသူများ၊ နာရီနှင့် လက်ဝတ်ရတနာ စုဆောင်းမှု အတွေ့အကြုံနုသူများ (သို့) စတင်စုဆောင်းလိုသူများအပြင် ဝါရင့်စုဆောင်းသူများအတွက် ယခင်က တခါမျှ မမြင်တွေ့ဖူးတဲ့ ဆင့်ကဲပြောင်းလဲလာမှု ဒီဇိုင်းပုံစံများနှင့် ရွေးချယ်စရာပုံစံ အမျိုးစုံကို လှည့်လည်ကြည့်ရှုနိုင်မှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းနာရီနှင့် ကျောက်မျက်ရတနာ ကုန်ပစ္စည်း တံဆိပ်များမှ ရှားပါး သီးသန့်စုဆောင်း ထားမှုများ၊ ဈေးကွက်တွင် ပထမဆုံးမိတ်ဆက်ထုတ်လုပ်ခဲ့သော ဒီဇိုင်းပစ္စည်းများနှင့် လက်ရာမြောက်ပုံစံများကို ခင်းကျင်းပြသထားမှာပါ။

ဒါ့အပြင် ဇိမ်ခံနာရီများတွင် ကျွမ်းကျင်သူပညာရှင်များ၊ လက်ပတ်နာရီပြုလုပ်သည့် Eric Ong ကဲ့သို့ပညာရှင်များ၊  Dr. Bernard Chong ကဲ့သို့စုဆောင်းသူများက ဦးစီ၍ အလုပ်ရုံဆွေးနွေးပွဲများကိုလဲ ပြပွဲကာလတစ်လျှောက် တွင်ပြုလုပ်ပေးသွားမှာဖြစ်ကာ အဲ့ဒီဆွေးနွေးပွဲများတွင် ဝါသနာဖြင့်စုဆောင်းသည့် ဝါနု-ဝါရင့်သူများ၊ စတင် စုဆောင်း လိုသူများအတွက် လက်ပတ်နာရီနှင့် ပတ်သက်သောအကြောင်းအရာများ၊ အဆင့်မြင့်နာရြီ ပုလုပ်သည့် အနုပညာရပ် များကိုလဲ လေ့လာလိုသူများအတွက် ဟောပြောကြမှာ ဖြစ်ပါတယ်။


ယခုနှစ် A Journey Through Time ပြပွဲတွင် Bedat & Co, Breguet, Cecil Purnell, Hermès, HYT, Jaeger-LeCoultre, Maîtres Du Temps, Moritz Grossmann, Mühle-Glashütte, Omega, Speake-Marin နှင့် Zeitwinkel အစရှိတဲ့ နိုင်ငံတကာလက်ပတ်နာရီ တံဆိပ်များ၊ Ceres, Emperor’s Fine Jewels  နှင့် Gübelin စတဲ့ လက်ရာမြောက် ကျောက်မျက်ရတနာတံဆိပ်များမှ ပါဝင်ပြသကြမယ်လို့ သိရပါတယ်။

A Journey Through Time ပြပွဲ ပိတ်ပွဲအခမ်းအနားတွင် ဂုဏ်သရေရှိ ဒိုင်အဖွဲ့က အဆိုပြုတင်သွင်းထားသော နာရီ ပြုလုပ်သူများနှင့် ကျောက်မျက်ရတနာပညာရှင်များအား ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး Starhill Gallery’s Watch of the Yearနှင့် အခြားသောဆုအမျိုးအစားများကို ချီးမြှင့်သွားမှာပါ။

YTL ဟိုတယ်အဖွဲ့အစည်းနှင့် Starhill Gallery တို့ပူးပေါင်း၍ စွဲဆောင်မှုရှိသော ဟိုတယ်အခန်း package များကို ရောင်းချပေးသွားမည်ဖြစ်ကာ ထိုဟိုတယ်စာရင်းများတွင် JW Marriott Kuala Lumpur, Ritz-Carlton Kuala Lumpur နှင့် Majestic Hotel Kuala Lumpur တို့အပြင် မလေးရှားနိုင်ငံတစ်ဝှမ်းလုံးရှိ ကြယ်ငါးပွင့် အဆင့် အပန်းဖြေဟိုတယ်များ Pangkor Laut Estates, Pangkor Laut Resort, Tanjong Jara Resort, Cameron Highlands Resort နှင့် The Majestic Malacca Hotel တို့ပါဝင်တယ်လို့ သိရပါ တယ်။


သီဟတိုး  


ခေတ်စားနေတဲ့ ခွပ်ဒေါင်းဖက်ရှင်

Friday, October 16, 2015 0 comments


နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့်ရွေးကောက်ပွဲအတွက် ပါတီစုံက အောင်နိုင်ရေးတွေ အပြိုင်အဆိုင် လုပ်လာကြသလို၊ အလွှာပေါင်းစုံက လူပေါင်းစုံဟာလည်း မိမိတို့နှစ်သက်ရာပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ပါတီကိုယ်စားပြုအမှတ်တံဆိပ်တွေ၊ ရင်ထိုး၊ ဦးထုပ်၊ စတစ်ကာ၊ အင်္ကျီ အစရှိသဖြင့် ဆင်မြန်းကြတာ တွေ့ရ  ပါတယ်။




အဲဒီအထဲကမှ လူငယ်တွေအကြား တော်တော်လေး ခေတ်စားနေတာကတော့ အနီရောင်ပေါ်က အဝါရောင်ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါတဲ့ အမျိုးသားဒီမိုကရေစီ အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဆိုရရင် ခွပ်ဒေါင်းဖက်ရှင်ပေါ့။



ခွပ်ဒေါင်းတံဆိပ်ကို လက်သည်းအလှပြင်လာကြသလို၊ မြန်မာအမျိုးသမီးဝတ်စုံလေးတွေမှာလည်း ဖက်ရှင်ကျကျ တီထွင် ထည့်သွင်းချုပ်လုပ်လာကြတာတွေ့ရပါတယ်။ ခွပ်ဒေါင်းဖက်ရှင် မြန်မာအမျိုးသမီးဝတ်စုံ တွေကို နိုင်ငံရေးနဲ့ ဘာမှမပတ်သတ်ဘဲ သူ့စိတ်ကူးထဲပေါ်လာတဲ့အတိုင်း တီထွင်လိုက်ခြင်းဖြစ်တယ်လို့ ရွှေမဒီအမရပူရပိုးထည်၊ ချည်ထည်တိုက်က တာဝန်ရှိသူက ပြောခဲ့ပါတယ်။ အင်္ကျီရဲ့ ရင်ဘတ်နေရာမှာ ခွပ်ဒေါင်းပုံနဲ့ ထဘီဒူးနားချိတ်လေးတွေကလည်း မြန်မာရိုးရာဝတ်စားဆင်ယင်မှုနဲ့ ကိုက်ညီမှုရှိတာမို့ မိန်းကလေး အများစုသဘောကျကြတာ တွေ့ရပါတယ်။




ခုဆိုရင် ခွပ်ဒေါင်းတံဆိပ်ပါတဲ့ အနီ၊ အပြာ၊ အဝါစတဲ့ ချစ်စရာကောင်းတဲ့ အရောင်စုံ မီးပုံးလေးတွေကိုပါ ဟိုမှာဒီမှာတွေ့နေရပါပြီ။ အရောင်ခံပေါ်မှာ အနီရောင်ခွပ်ဒေါင်းပုံနဲ့ ပလတ်စတစ်မီးပုံးလေးတွေကလည်း ဒီနှစ် သီတင်းကျွတ်အတွက် ခေတ်ရေစီးတခုအဖြစ် မြင်ရဦးမှာပါ။





ထက်ဦးဝေ


တွယ်အပ်ခေါင်းဆောင်း ဖက်ရှင်

Thursday, October 15, 2015 0 comments




ပုံမှာမြင်ရတဲ့ တွယ်အပ်တွေနဲ့ ဖန်တီးထားတဲ့ ခေါင်းဆောင်းကို မြင်ရတဲ့သူအဖို့ တော်တော်တော့ ရူးကြောင်ကြောင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဖက်ရှင်ပေကိုး။ ဖက်ရှင်ဆိုမှတော့ သူမတူတဲ့ ဒီ   ဇိုင်းတွေနဲ့ ဆန်းသစ်တီထွင်မှသာ ဖက်ရှင်ပီသမှာလေ။ အခု တွယ်အပ်ခေါင်းဆောင်းဖက်ရှင်ကတော့       ရက်သတ္တပတ် ဂျပန်ဖက်ရှင်ပြပွဲမှာ မြင်တွေ့ရတဲ့ နောက်ဆုံးပေါ် ဒီဇိုင်းလို့ ဆိုရမှာပါ။



ဂျပန်ဒီဇိုင်နာ ခဲအိစုခဲ့ အီမဇာခိ ဖန်တီးထားတဲ့ ဒီဖက်ရှင်အသုံးအဆောင်များဟာ ၂၀၁၆ ခုနှစ် နွေဦးရာသီနဲ့ နွေရာသီတို့အတွက်  ရွေးချယ်ပြသခဲ့တဲ့ ဒီဇိုင်းများဖြစ်ပြီး မော်ဒယ်လ်များမှ အင်္ဂါနေ့က ၀တ်ဆင်ပြသခဲ့တာပါ။



စတိုင်ကျနလှတဲ့ တွယ်အပ်ခေါင်းဆောင်းဟာ ရာနဲ့ချီတဲ့ တွယ်အပ်တွေကို ချိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တွယ်အပ်တွေအကြားမှာ ပြုံးရယ်နေတဲ့ မျက်နှာပုံလေးတွေ၊ ငြိမ်းချမ်းရေး သင်္ကေတ အမှတ်တံဆိပ်ပုံတွေ၊ နောက် အင်္ဂလိပ် Rock ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Rolling Stones အဖွဲ့ရဲ့ အမှတ်တံဆိပ်ဖြစ်သော လျှာပုံစံ၊ နှုတ်ခမ်းပုံစံ အမှတ်အသားပုံလေးတွေကိုပါ တွယ်အပ်တွေနဲ့အတူ ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။



ဒီဖက်ရှင်ပြပွဲမှာ တွယ်အပ်ခေါင်းဆောင်းတခုတည်းကိုသာ အဓိက ပြသသွားတာမဟုတ်ပါဘူး။ ဒီဇိုင်နာရဲ့ တီထွင် ဆန်းသစ်ထားတဲ့ အရောင်တောက်တောက် လည်ပတ်ပ၀ါကြီးတွေ မျက်နှာအပြင်အဆင်တွေကိုပါ ထည့်သွင်း ပြသသွားခဲ့တာပါ။







Ref: CCTVnews


ဆာဟာရ သဲကန္တာရမှာ ကျင်းပတဲ့အမျိုးသားအလှပြိုင်ပွဲ

Tuesday, October 6, 2015 0 comments


(ပြိုင်ပွဲဝင်နေတဲ့ အလှမောင်များ)

အလှပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့ စံနှုန်းထားတွေဟာ တပွဲနဲ့ တပွဲ သိပ်ပြီးကွာခြားလှတယ် မရှိပေမယ့် အာ ဖရိကတိုက်တောင်ပိုင်း၊ နစ်ဂါနိုင်ငံရှိ ၀ိုဒါဘီ လူမျိုးစုတွေရဲ့အလှပြိုင်ပွဲတွေကတော့ အများနဲ့မတူ ထူးခြားလှပါတယ်။ ဒီပြိုင်ပွဲမှာ အမျိုးသမီးများက ဒိုင်လူကြီး ဖြစ်ပါတယ်။ အမျိုးသမီးတွေကသာ ပြင်ပြင်ဆင်ဆင် ထိန်းထိန်းသိမ်းသိမ်းနေတတ်ကြတယ် ဆိုတဲ့ အယူအဆရှိပေမယ့် အဲဒီဝိုဒါဘီ လူမျိုးစုရဲ့အမျိုးသားတွေကို          ကြည့်ခြင်းအားဖြင့် အမျိုးသားများဟာလည်း အချိန်ကုန်၊ ငွေကုန်ကြေးကျခံလို့ မိမိကိုယ်ကိုယ် ပြင်ဆင်ထိန်းသိမ်းတတ်တယ်ဆိုတာကို တွေ့ရမှာပါ။


ရောင်စုံဖောင်းကြွပန်းပွင့်တွေ၊ ပြောင်လက်နေတဲ့ ပစ္စည်းတွေ၊ အာရုံကို ဖမ်းစားနိုင်တဲ့ တွဲဖက်ပစ္စည်းလေးတွေနဲ့ အလှဆင်ထားတဲ့ သူတို့ရဲ့ဝတ်စုံတွေဖြစ်လာဖို့ကို တစ်နှစ်ကြာအချိန်ယူရပါသတဲ့။ မျက်နှာကို    ရောင်စုံဖြစ်အောင်ချယ်သရာမှာသော်၎င်း၊ နှာတံစင်းအောင်ဆွဲတဲ့နေရာမှာသော်၎င်း၊ အသားကို ဖြူဝင်းအောင် ပြုလုပ်ရာမှာသော်၎င်း အ၀ါရောင်ရှိတဲ့ မြေစေးကို ဆိုးစေးအဖြစ် အသုံးပြုထားပါတယ်။


သူတို့ရဲ့ ပြင်ဆင်မှုတွေပြီးပြီဆိုရင်တော့ အလှပြိုင်ပွဲကို စတင်လို့ရပြီဖြစ်ပြီး ပွဲစပြီဆိုတာနဲ့ အကဲဖြတ် ဒိုင်လူ  ကြီးများဖြစ်သူ အမျိုးသမီးတွေရှေ့မှာ ရှေးခေတ်ရိုးရာ သူရဲကောင်း ၀တ်စုံတွေကို ၀တ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တန်းစီလှည့်လည် လမ်းလျှောက်ခြင်း၊ ကခုန်ခြင်း၊ သီချင်းသီဆိုချင်းတွေကို ပြုလုပ်ကြပါတော့တယ်။ ဒီအရာတွေကို ပြုလုပ်နေတာကတော့ ကန္တာရ နေပြင်းပြင်းထဲမှာပဲ ဖြစ်ပါတယ်။ အမျိုးသမီးဒိုင်တွေကလည်း မျက်နှာအလှဆုံး၊ အရပ်ရှည်ပြီး ကျက်သရေအရှိဆုံး၊ အတောက်ပဆုံးမျက်လုံးနဲ့ ညီညာလှပပြီး အဖြူဆုံးသွားတွေရှိသူ၊ ၀တ်စုံအလှဆုံး ၀တ်ဆင်လာသူများကို ရှာဖွေကြပါတယ်။


ဝါဒါဘီ လူမျိုးစုတွေအတွက် ဘ၀မှာ တန်ဖိုးအထားဆုံးသော အရာ (၃)မျိုးရှိပါတယ်။ အဲဒါတွေကတော့ အလှအပ၊ ကျွဲနွားတိရိစ္တာန်အုပ်တွေနဲ့ မိမိရဲ့မိသားစုပဲ ဖြစ်ပါတယ်။ သူတို့တတွေဟာ မိမိရဲ့မျိုးနွယ်စုအပေါ် အင်မတန်မှ သစ္စာရှိသူတွေဖြစ်ပြီး  ကျွဲနွားတိရိစ္တာန်စုနဲ့ ဆေးဖက်ဝင်အပင်များ ကုန်သွယ် ရောင်းဝယ် ဖောက်ကားခြင်းအားဖြင့် စီးပွားရှာသူတွေလည်း ဖြစ်ပါတယ်။ ချက်ရေကန် ကမ်းရိုးတန်းနားမှသည် အတ္တလန်တိတ်သမုဒ္ဒရာ ဆီနီဂေါ ကမ်းရိုးတန်းအထိ တည်ထားသော မြို့များ၊ ရွာများကို စားစရာအသားစိမ်းများ တင်သွင်းနေသော သူများလည်း ဖြစ်ပါတယ်။ သူတို့ဟာ မိမိလူမျိုးအတွက် အင်မတန် ဂုဏ်ယူဝင့်ကြွားတတ်တဲ့ လူမျိုးများလည်း ဖြစ်ပါတယ်။

အလှအပအားဖြင့် လူသိများတဲ့ ၀ိုဒါဘီ လူမျိုးစုကို ဘိုရိုရိုလူမျိုး လို့လည်း ခေါ်ပါတယ်။ သူတို့တတွေရဲ့      ထူးခြားချက်ကတော့ အရုပ်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျတယ်၊ နှာတံရှည်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရည်ရှိတယ်၊ နှုတ်ခမ်းပါးပြီး အခြားအာဖရိကမှာရှိတဲ့ လူမျိုးတွေထက် အသားအရည်ကြည်လင်ကြပါတယ်။


အုပ်စုလိုက် နှစ်စဉ်ရွှေ့ပြောင်းမှုမတိုင်ခင် မိုးကုန်တဲ့ စက်တင်ဘာလ ရောက်ပြီဆိုရင် ရွေ့လျား စားကျက်မြေများနဲ့ရှင်သန်နေထိုင်ကြတဲ့ လူမျိုးစုတွေဟာ ကန္တာရထဲမှာ လာရောက်စုဝေးကြပြီး သူတို့ရဲ့ စားကျက်တိရိစ္တာန်တွေနဲ့ ပွဲတော်များကို ဆင်နွှဲသလို ပြိုင်ပွဲတွေကိုလည်း ပြုလုပ်ကြပါတယ်။ ရက်သတ္တပတ် တစ်ပတ်လုံးတိုင်အောင် ကျင်းပတဲ့ ပွဲတော်ကိုတော့ ဂီရောဝယ် လို့ ခေါ်ပြီး အဲဒီပွဲတော်မှာ ရိုးရာဓလေ့နဲ့ ပတ်သက်တဲ့  အကြောင်းအရာများစွာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ လူမျိုးစုစည်းဝေးပွဲ၊ ကုလားအုပ်စီး ပြိုင်ပွဲ၊ ကခုန်ပွဲ၊ သီချင်းသီဆိုပွဲ၊ လက်ထပ်ထိမ်းမြားဖို့ တောင်းရမ်းပွဲတွေကို အဲဒီပွဲတော်  ကာလအတွင်း ပြုလုပ် ကြပါတယ်။ အဲဒီပွဲတော်အတွင်း အထူးခြားဆုံးပြုလုပ်တဲ့ ပွဲကတော့ လူမျိုးစုတွေထဲကမှ အချောအလှဆုံး အမျိုးသား ရွေး    ချယ်တဲ့ပွဲပဲဖြစ်ပါတယ်။

ပြိုင်ပွဲဝင်များကို အမှတ်ပေး အကဲဖြတ်နေတဲ့ အကဲဖြတ်ဒိုင် အမျိုးသမီးတဦး

အနောက်အာဖရိကပိုင်းမှာ အလှဆုံးလို့ သတ်မှတ်ခြင်းခံရတဲ့ ၀ိုဒါဘီ အမျိုးသမီးတွေဟာ ရှက်ရွံ့ဟန်ပြပေမယ့် အကဲဖြတ်ဒိုင်သူကြီးများအဖြစ်  မည်သူ့ကို မစ္စတာ ၀ိုဒါဘီအဖြစ် သရဖူဆောင်းပေးရမလဲဆိုတာ အဝေးကနေ ကြည့်ရှုအကဲခတ်လို့နေပါတယ်။ ဒီပွဲမှာတော့ အကဲဖြတ်တွေဟာ လက်မထပ်ရသေးသူ အမျိုးသမီးများ ဖြစ်ပြီး သူတိုရဲ့ခင်ပွန်းသည်ဖြစ်ဖို့ အလားအလာရှိတဲ့ သူတွေကို အကဲခတ်နိုင်မှာဖြစ်ကာ သူတို့နှစ်သက်တဲ့ သူတွေကို စခန်းချထားတဲ့ တဲတွေမှာ ပြန်လည်ပြီး အနီးကပ် အကဲခတ်နိုင်ဖို့ အခွင့်အရေးလည်း ရှိပါ တယ်။

ကမ္ဘာ့မယ်ရွေးပွဲတွေမှာလိုပါပဲ၊ ပြိုင်ပွဲဝင်တဲ့ အမျိုးသားတွေဟာ သူတို့မှာ အလှဆုံးအပြုံး၊ အတောက်ပဆုံး
မျက်လုံးရှိကြောင်း လူမျိုးစုတွေထဲမှာ နှစ်လိုဖွယ်အကောင်းဆုံးလက္ခဏာရှိသူများဖြစ်ကြောင်း                လမ်းလျှောက်ပြခြင်း၊ မျက်လုံးကစားပြခြင်း၊ ဖြူစင်တဲ့သွားတွေ ပေါ်အောင်ပြုံးရယ်ပြရခြင်းတွေကို ပြုလုပ်ရပါတယ်။  တချိန်တည်းမှာပဲ အမျိုးသမီးတွေ အထင်ကြီးလာအောင် အမျိုးသားတွေဟာ သူတို့ရဲ့ကြံ့ခိုင်မှု    ရှိကြောင်း အလွန်ပူပြင်းတဲ့ သဲကန္တာရနေပူထဲမှာ နာရီပေါင်းများစွာ နေပြရတဲ့အပြင် အင်မတန် ရီဝေမူး   ယစ်စေတဲ့ ကစော်တမျိုးကိုလည်း သောက်ပြရပါသေးတယ်။ ရိုးရာအကတစ်ခုဖြစ်တဲ့ ရာကီအကကို ကပြရချိန်မှာတော့ ပြိုင်ပွဲဝင်အမျိုးသားတွေဟာ သူတို့ရဲ့ကျော့ရှင်းမှုကို အမှတ်ပေးခံရပါတယ်။


ဘယ်လိုပဲ ဖြစ်ဖြစ် ပြိုင်ပွဲဝင်အမျိုးသားတွေဟာ ဒီအလှပြိုင်ပွဲကို စိတ်ပါလက်ပါ ၀င်ပြိုင်ကြပြီး ပြိုင်ပွဲရဲ့         အောင်မြင်မှုအပေါ်မှာလည်း ဂုဏ်ယူဝင့်ကြွားတတ်ကြပါတယ်။ အချို့အမျိုးသားများဆိုရင် မျက်နှာချယ်သရာမှာ အင်မတန်တော်ပြီး မိမိခန္ခာကိုယ်ကို လှပကျော့ရှင်းအောင် ဖော်ပြတတ်ပါတယ်။ အချို့သော အမျိုးသားများမှာ လှပလွန်းတာကြောင့် အမျိုးသမီးလူမျိုးစုဝင်များနဲ့ပင် ဆင်တူပြီး ခွဲခြားရခက်ပါတယ်။
အခုဖော်ပြထားတဲ့ဓါတ်ပုံများကိုတော့ ဓါတ်ပုံဆရာ စတိမက်ကယ်ရီက ရိုက်ကူးခဲ့ပါတယ်။  အဲဒီဓါတ်ပုံများရဲ့အမည်ကိုတော့ “ငယ်ရွယ်တဲ့ ၀ိုဒါဘီ အမျိုးသားသူရဲကောင်း”လို့ ပေးခဲ့ပါတယ်။

(၂၀၀၁) ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာရေးဆရာမ မက်တေး ဘိုဗင် ရဲ့ “Nomads Who Cultivate Beauty” ဆိုတဲ့စာအုပ်ထဲမှာ ၀ိုဒါဘီ အမျိုးသားတွေရဲ့ အလှပြိုင်ပွဲတွေဟာ လိင်တူဆက်ဆံခြင်း၊ မိန်းမလျာကိစ္စများနဲ့ ဆက်နွယ်နေတယ်လို့ တဖက်သက်ရေးသားဖော်ပြခဲ့ပါတယ်။ သို့ပေမယ့် ဒီအလှပြိုင်ပွဲဟာ ၀ိုဒါဘီအမျိုးသားများအတွက် အမျိုးသမီးများကို စွဲဆောင်ဖို့မိမိကိုယ်ကို ထုတ်ဖော်ပြသကြတဲ့ပွဲတော်ဖြစ်ပြီး ထိမ်းမြားလက်ထပ်ဖို့ ဖူးစာဖက်ပေးတဲ့ပွဲလည်း ဖြစ်ပါတယ်။

ဒီ ၀ိုဒါဘီလူမျိုးစုရဲ့ကိုးကွယ်မှုဘာသာကတော့ ပတ်ဝန်းကျင်အနေအထားနဲ့ယှဉ်ရင် သဟဇာတ မဖြစ်ပေမယ့် အစ္စလမ်ဘာသာကို ကိုးကွယ်ကြပြီး အလှအပရေးရာနဲ့ ပတ်သက်လို့ ကျားမဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ရင်ဆိုင်နေရတဲ့လူမျိုးလည်း ဖြစ်ပါတယ်။ တကယ်တော့ ၀ိုဒါဘီ ဆိုတဲ့ စကားလုံးဟာ သူတို့လူမျိုးစုစကားအရ “ဖိနှိပ်ထားမြစ်ချက်များနှင့် နေထိုင်ရသော လူစု” လို့ အဓိပ္ပါယ်ရပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://www.messynessychic.com/2015/09/29/the-male-beauty-contest-of-the-sahara-desert/ 



 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved