နိုဝင်ဘာလ ၅ ရက်နေ့လောက်ကတည်းက ကိုယ့်ဖာသာ ကိုယ်မယုံဖြစ်ပြီး စိတ်ညစ်နေတဲ့ မြို့ဝန် အောင်သိန်းလင်းဆီ နေပြည်တော်ကနေ ညွှန်ကြားချက်အသစ်တွေ ရောက်လာပါသတဲ့။
ညစ်နေတဲ့ အောင်သိန်းလင်းဟာ ညွှန်ကြားချက်ကြောင့် အတော်ပျော်သွားပြီး သူ့တပည့်တွေကို “ငါနိုင်ပြီ” ဆိုပြီး ကြွေးကြော်ပါသတဲ့။
ညွှန်ကြားချက်က တခြားမဟုတ်ပါဘူး။
ဗိုလ်သန်းရွှေက ရန်ကုန်မှာ တခြားပါတီတွေ အမတ်နေရာ ၃၀ ရာခိုင်နှုန်း မကျော်စေနဲ့၊ မကျော်အောင်လုပ်လို့ ညွှန်ကြားပါသတဲ့။
ဗိုလ်သန်းရွှေရဲ့ အမိန့်ကို ရုပ်သေးအဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ခေါင်းဆောင် ဦးသိန်းစိုးတောင် မသိလိုက်ပါဘူးတဲ့။
ကျန်တဲ့ စစ်တပ်အသိုင်းအဝိုင်း တိုင်းမှူးတွေတောင် မသိလိုက်ဘူးတဲ့။
တခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ ပထမရလဒ် အခြေမဟန်ရင် မဲရုံပိတ်ပြီး မဲပုံးတွေကို မြို့နယ် ကော်မရှင်တွေဆီပို့ဆိုပြီး သန်းရွှေက သိန်းစိုးကို တိုက်ရိုက်ညွှန်ကြားခဲ့ပါတယ်တဲ့။
အဲလိုနဲ့ပဲ အခု သတင်းတွေ၊ အထောက်အထားတွေ ရရှိတဲ့အတိုင်း မြို့နယ်ကော်မရှင်က ညဘက်မှာ ကြိုတင်မဲတွေ ရသလောက် မဲပုံးတွေထဲ ထည့်ကြတယ်လို့ တိုင်းကော်မရှင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။်
ဒီမိုကရေစီ အင်အားစု ဖြစ်တဲ့ ပါတီတွေကလည်း မိုးပေါ်က ကျလာတဲ့ ကြိုတင်မဲတွေ ပေါ်လာတာ၊ မိုးလင်းလို့ မဲရုံစဖွင့်ကတည်းက မဲပုံးထဲမှာ မဲတွေ ပါလာတာကို မီဒီယာတွေကို ထုတ်ပြီး ပြေနေကြပါပြီ။
စစ်အရာရှိကြီးတယောက်ကတော့ ကြံ့ဖွံ့က ဒီလို ရာခိုင်နှုန်းအများကြီးနဲ့ နိုင်တာကို စိတ်မသက်မသာဖြစ်ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရမ်းကလေးဆန်ကြောင်း သူ့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေကို ပြောပါတယ်။
ပန်းသေတဲ့ သန်းရွှေ၊ ဂေါင်တွေးတဲ့ မောင်အေး၊ လေဖြန်းတဲ့ ရွှေမန်း၊ ဒီမိစ္ဆာတွေရှိနေသမျှ မြန်မာပြည်ကကျက်သရေမဲ့နေအုံးမှာပဲ။။။