နောက် “E” တခုကတော့ Egress ပါတဲ့။
ရရှိတဲ့ သတင်းတွေအရ ရန်ကုန်မှာရှိတဲ့ ဥရောပသံရုံးတရုံးက အမျိုးသမီး ဝန်ထမ်းတဦးက ဒေါ်အောင်ဆန်းစုကြည်နဲ့ Egress တို့ တွေ့ဆုံဖို့ အစီအစဉ်ကို ကြားဝင် ပွဲစားလုပ်ပေးပေမယ့် မအောင်မြင်ဘူးလို့ သိရပါတယ်။
Egress က ကြံ့ဖွံ့လူငယ်တွေကို သင်တန်းပေးဖို့ ရှိတယ်လို့လည်း ကြားရပါတယ်။
Egress က ကြံ့ဖွံ့လူငယ်တွေကို သင်တန်းပေးမယ့် သတင်း အမှန်ဆိုရင် ကြိုဆိုတယ်။ ဒီလို အလုပ်မျိုးကို အဆဲခံရမှာ သိရဲ့သားနဲ့ လုပ်ဝံ့တဲ့ Egress ကိုလည်း ချီးကျူးပါတယ်။ သူတို့လေ့ကျင့်ပေးတဲ့ ကြံ့ဖွံ့လူငယ်တွေကနေ ပါတီတွင်း ဒီမိုကရက်တစ် ကျင့်စဉ်တွေ ထွန်းကားအောင်၊ ပြည်သူအပေါ် ပါတီရဲ့ ရှုမြင်ပုံ မှန်ကန်အောင် လုပ်ဆောင်နိုင် ကြပါစေလို့ မျှော်လင့်တယ်။