- ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့် မိန့်ခွန်းကို နားထောင်ရန်အတွက် NLDရုံးချုပ်ရှေ့တွင် လူ တထောင် ခန့် လာရောက် စုဝေးနေပြီး “ We Love Su” ဆိုသည့် စာတန်းများကို ကိုင်ဆောင်၍ ကြိုဆိုနေကြကြောင်း၊ ပူပြင်းသည့် နေရောင်အောက်တွင် မြို့နယ်အသီးသီးမှ ထောက်ခံသူများက မိသားစုလိုက်၊ အုပ်စုလိုက် ရောက်ရှိနေပြီဖြစ်ကြောင်း။
- ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်သို့ ရောက်ရှိလာပြီး လူထုကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” ဟု ကြွေးကြော်၍ လက်ခုပ်တီး ကြိုဆိုကြသည်။ လူထုကြီးမှာ များပြားသည့် အတွက် ရွှေဂုံတိုင် လမ်းမကြီးတလျောက် ကားအသွားအလာ ရပ်ဆိုင်းထားရပြီး NLD အဖွဲ့ဝင်များက လူထုကို နောက်သို့ဆုတ်ပေးရန် မေတ္တာရပ်ခံနေသည်။ လူတွေများလွန်းလို့ ကားပေါ်က ဆင်းမရ။ အနီးနားက ဆိုင်တွေ အကုန်ပိတ်ရ။ စုဝေးနေတဲ့ လူဦးရေ သိန်းချီမယ် ခန့်မှန်း။
- ဒေါ်အောင်ဆန်းစုကြည် အကျီနက်ပြာရောင် ဝတ်ထားတယ်။ သံတမန်တွေကို စကားအရင်ဆုံး ပြောလိမ့်မယ်လို့ ယူဆရတယ်။ လူတွေက များလွန်းလို့ တိုးမပေါက်။
-ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန်လာသည့် လူအုပ်ကြီးနှင့် ကားများမှာ အလွန်များပြားပြီး အုတ်လမ်း၊ လင့်ခ်လမ်းထိပ်အထိ ရောက်ရှိနေကြောင်း၊ လူများသည် ပူပြင်းသည့် နေရောင်အောက် လမ်းမပေါ်တွင် ထီးမဆောင်းဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြောင်း။
-၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း လူသတ်ပွဲကြောင့် ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို ပိုမိုပြီး အထူး သတိ ထား ရမည်ဖြစ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြော။
အချိန်တွေကို ဖေါ်ပြရာမှာ မြန်မာ စံတော်ချိန်နဲ့ ဖေါ်ပြပေးစေလိုပါတယ်
သတင်းမှာ ဖေါ်ပြတာ လွဲနေသလားလို့