သူ့အတွက် လုံခြုံရေးမလိုအပ်ပါဘူးဆိုပြီးတော့ ဒေါ်စုကပြောပါတယ်။ ကျနော်အထင်တော့ လိုကိုလိုပါတယ်။ အန်တီတခုခုဖြစ်မှာကို စိုးရိမ်တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ အများကြီး မျှော်မှန်းထားလို့ပါ။
ဟိုနေ့ကတော့ လုံခြုံရေးယူတာတွေ လုံးဝကို စနစ်မကျပါဘူး။ ကျနော်က အပြင်မှာပဲ နေရတာဆိုတော့ သတင်းထောက်တွေနဲ့ ဘာဖြစ်ကြလဲ မသိပေမယ့် အပြင်ကနေ ကျနော်မြင်ခဲ့ရတာတွေပါ။ အထူးသဖြင့် I Stand With Aung San Su Kyi ဆိုပြီး T-shirt အဖြူဝတ်ထားတဲ့ သူတွေပါ။ NLD လူငယ်တွေတော့ အ၀ါရောင်တိုက်ပုံဝတ်တယ်လို့ သိပါတယ်။ T-shirt ၀တ်တဲ့သူတွေ ကတော့ ကုန်ဈေးနှုန်းကျဆင်းရေးအုပ်စုလို့ သိရပါတယ်။
အသုဘပို့ဖို့ ဒေါ်စုကားနဲ့ထွက်လာတော့ လူတွေက သူ့ဟာသူဖယ်ပေးကြတာပါ။ အဲဒီအချိန်မှာ T-shirt ၀တ်ထားတဲ့လူတွေက လက်ချင်ချိတ်ပြီး ကားကို ကာထားပါတယ်။ ကားလည်းထွက်ရော လက်ချင်ချိတ်ပြီး ကာထားတဲ့လူတွေလည်း ပြေးလိုက်တဲ့အခါ လူတွေကများတော့ ဘေးကလူတွေကို တိုက်မိတယ်။ တယောက်ဆို လဲကျသွားလားမသိဘူး။ ဟိုလူတွေ ဘာမှတောင်းပန်စကားမှ မပြောဘူး။ သူဟာသူတော့ ဟုတ်နေကြတာပဲ။ လူတွေကတော့ နားလည်ပေးပါတယ်။
လုံခြုံရေးယူပေးတဲ့အုပ်စုကို အပြစ်ပြောတာ လုံးဝမဟုတ်ပါ။ တကယ်ဆို အရက်ထိုင်သောက် မူးယစ်နေတဲ့ (စွမ်းအားရှင်အုပ်စု) က အဲဒီနားမှာ အများကြီးရှိနေတာ လူတိုင်းသိပါတယ်။ ဒီကောင်တွေက ပြသနာရှာချင်နေတာပါ။မတော် သူတို့နဲ့ထိခိုက်မိပြီး တခုခုဖြစ်ကြရင် အနားမှာရှိတဲ့ အန်တီလုံခြုံရေးက မတွေးဝံ့စရာပါ။
ပြီးတော့ လူအုပ်ထဲကနေ အတင်းထိုးထွက်လာတာ အန်တီစုအတွက် အရမ်းအန္တရယ်များတယ်ဗျာ။ ဒါကိုလူတိုင်းသိမှာပါ။နောက်ဆို လူအရမ်းကျပ်နေတဲ့အခါ အရေးပေါ်ထွက်ပေါက်တွေ စီစဉ်ထားသင့်တယ်လို့ ထင်ပါတယ်။ နောက်ပြီး စနစ်တကျလေ့ကျင့်ထားတဲ့ လူတွေကိုပဲ အန်တီ့လုံခြုံရေးကို ယူစေချင်ပါတယ်။ ကြုံသလိုဝင်ယူတာမျိုး လုံးဝမဖြစ်စေချင်ပါ။လုံခြုံရေးအပြည့်ယူထားတဲ့ အမေရိကန်သမ္မတတွေတောင် သမိုင်းမှာ မကြာခဏ လုပ်ကြံခံခဲ့ရတာပါ။မိမိလုံခြုံရေးအတွက် စစ်အစိုးရကို လုံးဝမယုံကြည်သင့်ပါ။ သူတို့ကိုယုံကြည်ခဲ့ရင်တော့ ဒုတိယ ဒီပဲယင်းတောင်မကဘူး။ ဒုတိယ အာဇာနည်နေ့တောင် ဖြစ်လာနိုင်ပါလိမ့်မယ်။
အန်တီ့မှာ ဒေါသ၊ မာန်မာနမရှိဘဲ အင်မတန် ကျက်သရေရှိလွန်း အင်မတန် ယဉ်ကျေးသိမ့်မွေ့လွန်းလှတဲ့ ဖော်ရွေသော အပြုံးပိုင်ရှင်ဆိုတာ လူတိုင်းသိပါတယ်။ ဘယ်အချိန်ပဲကြည့်ကြည့် အန်တီ့မျက်နှာမှာ အပြုံးတွေဝေနေတာပါပဲ။ကျနော်ဆို အန်တီကိုမြင်ရရင် ကြက်သီးတွေထပြီး ဆံစတွေတောင် ထောင်ကုန်တယ်။ ကျနော်မှ မဟုတ်ပါဘူး။ လူတိုင်းခံစားမိကြမှာပါ။
ဒါကြောင့် အန်တီ့နားမှာ နီးနီးကပ်ကပ်နေတဲ့လူတွေ၊ အလုပ်အတူ လုပ်နေတဲ့လူတွေဟာ အန်တီ့လိုပဲ ဘယ်လောက်ပင်ပန်း ခက်ခဲတဲ့အရာကို ကြုံတွေ့နေပါစေ။ ရိုင်းသောစကားတခွန်းမပါ။ အပြုံးမပျက် ဖြတ်ကျော်နိုင်ပါစေလို့ ဆန္ဒပြုရင်း ...
အန်တီကို အပြည့်အ၀ယုံကြည်တဲ့
ပြည်သူတဦး (ညမင်းသား)
(ဧရာဝတီ သတင်းဆိုဒ်က တခါတလေ Error ဖြစ်ပြီး ကော်မန့် ပေးမရ ဖြစ်တတ်ပါတယ်။ ဧရာဝတီ ဘလော့ဂ်မှာတော့ ရိုင်းပြတာ၊ လူမျိုးရေး၊ ဘာသာရေး ထိပါးတာ မဟုတ်ရင် တင်ပေးပါတယ်။ တခါတလေ အက်ဒမင်လည်း အပြင်ထွက်ရ၊ ခရီးသွားနေရတဲ့ အချိန်လည်း ရှိသေးတာမို့ ကော်မန့်ချက်ချင်း တက်မလာတာ ရှိခဲ့လျှင် နားလည်ပေးစေလိုပါတယ်။)
ပြည်သူတဦး(ညမင်းသား) ပြောတာကို ကျနော်ထောက်ခံပါတယ်၊ ပြည်သူတွေလည်း ဒေါ်စုကိုချစ်ရင် ကာကွယ်ပေးကြပါ၊ ကျနော်တို့ ကတော့ မီဒီယာ(မြန်မာပြည်ပြင်ပ)ကပဲမြငရတာပါ၊ အရမ်းကြောက်စရာကောင်းပါတယ်၊ အနားကပ်ပြီး တခုခုနဲ့ တောင် ထိုးလို့ ရပါတယ်၊ ဒုတိယအာဇာနည်နေ့ မလိုချင်ပါ၊ ဒုတိယ ပင်လုံပဲလိုချင်ပါတယ်၊
ဖိုးဇီဝ(အမေရိကန်နိုင်ငံ)