ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ကနေ ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်အတွက်ဝင်တဲ့ ဒေါက်တာ တင်ထွန်းဦးဟာ NDF က ပြိုင်ဘက် ဦးအောင်ဇင်ကို ရှုံးသွားပါတယ်။ ဒေါက်တာ တင်ထွန်းဦးက သုတစွယ်စုံ စာအုပ်တိုက်ပိုင်ရှင်၊ လောလောဆယ် မြန်မာတိုင်းမ်ဂျာနယ်ရဲ့ ဟန်ပြထုတ်ဝေသူ တယောက်ပါ။
သူကတော့ သူ့ဟာသူ နိုင်မယ်ထင်ထားပုံရပါတယ်။ ဒါပေမယ့် မဲတွေလည်း ရေတွက်ရော ကြိုတင်မဲတောင် မကယ်နိုင်တော့ဘဲ NDF ကို ရှုံးတာလို့ သိရပါတယ်။
အငြင်းပွားဖွယ်ရာ မဲရေတွက်မှုများအပြီးမှာ ဦအောင်ဇင် အနိုင်ရတာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။
သူ့ကို မြို့တော်ဝန် ဦးအောင်သိန်းလင်းက အကြံအဖန် ကြည့်လိုက်ခိုင်းပေမယ့် အချိန်မရတော့ဘဲ ရှုံးသွားတာပါတဲ့။
မျှော်လင့်ချက် တအားထားခဲ့တာကြောင့် ဒေါက်တာ တင်ထွန်းဦးဟာ တော်တော်ထိသွားတယ်လို့ သိရပါတယ်။
သူဟာ သူထုတ်တဲ့ စာစောင်တွေမှာ အယ်ဒီတာချုပ် ရာထူးယူထားတာမို့ စာနယ်ဇင်းသမားနဲ့ နိုင်ငံရေး ရောထွေးပြီး ရပ်တည်ချက် မပြတ်သားမှုကို လူထုစိန်ဝင်း၊ မောင်ဝံသတို့က ဝေဖန်ခဲ့ကြဖူးပါတယ်။
သူဟာ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနဲ့ အလွန်နီးစပ်သူ တဦးဖြစ်ပါတယ်။
နောက်ပြီး စမ်းချောင်မြို့နယ်မှာ ဝင်တဲ့ ကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာ ပိုင်စိုးဟာလည်း ရှုံးတယ်လို့ သိရပါတယ်။
The less USDP the better for our country.