အခမ်းအနားတွင် ဂျပန်နိုင်ငံရှိ ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာမှုကို ကြိုဆိုထောက်ခံသော ထုတ်ပြန်ချက်များကိုဖတ်ကြားကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ထံသို့ အရောက်ပို့မည့် AUTOစာအုပ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား ပြောချင်သော မိမိတို့၏ ဆန္ဒများ၊ဆုတောင်းများ၊တောင်းဆိုမှုများ...အစရှိသည်တို့ကိုလည်း ရိုးသားပွင့်လင်းစွာရေးခဲ့ကြပါသည်။ထို့အပြင် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲက အမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´ သီချင်းကို PRMG တေးဂီတအဖွဲ့နှင့်အတူ တက်ရောက်လာသူများအားလုံးမှ သီဆိုဟစ်ကြွေးကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့ပါသည်။
အခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများမှ လူဦးရေ(၃၀၀)ကျော်ပါဝင်ဆင်နွှဲခဲ့ပါသည်။
အခမ်းအနားတွင် သက်ဆိုင်ရာတာဝန်ရှိသူတချို့နှင့်တက်ရောက်လာသူ တချို့အားလည်း ဂျပန်နိုင်ငံNHKသတင်းဋ္ဌာနမှ အင်တာဗျူးများပြုလုပ်သွားကြောင်းလည်း သိရပါသည်။
သတင်းမျှဝေခဲ့သော ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ မနန္ဒာကို ကျေးဇူးတင်ကြောင်းပါ။ မူရင်းအတိုင်း ပြန်လည် ဖော်ပြပေးပါတယ်။
0 comments :
Post a Comment