ဧရာဝတီက ရရှိတဲ့ အတည်ထပ်မံ မပြုနိုင်သေးတဲ့ သတင်းများအရ ဒီနေ့ နေပြည်တော်မှာ အထူးအစည်းထိုင်ပြီးတော့ မြဝတီက DKBA နဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စကို တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါမလာခင် အပြီးအပြတ် ဖြစ်နိုင်တဲ့နည်းနဲ့ ချေမှုန်းပစ်ဖို့ ဗိုလ်သန်းရွှေက အမိန့်ပေးလိုက်ပြီလို့ သိရပါတယ်။
DKBA ဘက်ကနေ KNU တပ်မဟာ (၆) က ကူမယ်လို့ ဗိုလ်ကြီး စောထဲနေက ဧရာဝတီကို အလွတ်သဘော ပြောကြားသွားပါတယ်။
လောလောဆယ်မှာ ထိုင်ဘက်အခြမ်းကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းဂဏန်းနဲ့ ချီတယ်လို့ သိရပါတယ်။ အခု ဒီပို့စ်ကို ရေးနေတုန်း အရေးပေါ် ဝင်လာတဲ့ သတင်းအရ ထိုင်းအာဏာပိုင်တွေက မြန်မာ စစ်ပြေးဒုက္ခသည် ၃ သောင်းလောက် ရှိနေပြီ၊ မဲဆောက်ဘက်မှာ ပြည့်နေပြီလို့ ပြောကြောင်း သိရပါတယ်။
အင်း...စစ်တိုက်မှာကို မွဲလွန်းတဲ့အ၀တ်နဲ့ သေနတ်ကြောင့် နောက်ကတပည့်က အမဲလိုက်မယ်ထင်ပြီး ပြေးလိုက်နေရှာပါတယ်။ သနားစရာ ....