www.popularmyanmar.com
အားလုံးက ကြံ့ဖွံ့ပါတီကို မဲမထည့်ချင်ပဲ ထည့်လိုက်ရတဲ့ အခြေအနေမှာ တမူထူးတဲ့ မင်းသားလွင်မိုးက ကြံ့ဖွံ့ပါတီကို လိုလို လားလား ရက်ရက်ရောရောနဲ့ တကူးတကလေယာဉ်စီးပြီး မဲသွားထည့်ခဲ့တယ်လို့ ကြားသိရပါတယ်။
ကြံ့ဖွံ့ပါတီကနေ ၀င်အရွေးခံတဲ့ ယုဇန ဦးဌေးမြင့်ရှိရာ မြိတ်ကို သွားပြီး မဲပေးခဲ့သလို ဇနီးသည်နဲ့ အတူ မေသန်းနု၊ ဇူးဇူးမောင် တို့ ပါ ခေါ်သွားသေးတယ်လို့ လျှက်တပြက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
“ကျွန်တော်တို့ ဦးဌေးမြင့်ကို လာအားပေးတာ။ ဒီမြို့ကကျနော့် ဇာတိပဲလေ။ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက အင်အားကြီးပဲလေ။ နိုင်မယ် ဆိုတာ သိပြီးသား အဲဒါကြောင့် ရန်ကုန်ကနေ ဒီ မြိတ်ကို ပြောင်းပြီး ဆန္ဒမဲ လာပေးတာ” ဟူသော လွင်မိုးက လျှက်တပြက်မှာ ပြောဆိုထားပါတယ်။
ဒီလို မင်းသားလွင်မိုးက လူတကာမထည့်ချင်တဲ့ စစ်အစိုးရ ပါတီ ဘက်ကနေ မဲထည့်ခဲ့တာကြောင့် ဝေဖန်မှုတွေ တော်တော် ခံနေရတယ်လို့ သိရပါတယ်။
လွင်မိုးရဲ့ ရွေးကောက်ပွဲနေ့ မဲပေးမှု အတွေ့အကြုံတွေအပြင် မဲပေးစဉ်မှာ လွတ်လပ်တဲ့ အရသာကို ခံစားရတယ်လို့ လည်း ပြည်တွင်းထုတ် ပေါ်ပြူလာဂျာနယ်ရဲ့ အင်တာနက်စာမျက်နှာမှာ ဖြေဆိုထားပါတယ်။
“ မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ မဲပေးကြ ပါတယ်။ ကျနော် ပေးတဲ့ အချိန်ကဆို မဲတွေတောင် ပြည့်နေပြီ။ နေ့လယ် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးက ပြည့်နေ တာပဲ။ သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီ လို့ ကျနော် ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ် ဆိုပြီး မြန်မာနိုင်ငံရဲ့အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်” ဟု မင်းသားလွင်မိုးက ပြောဆိုထားပါတယ်။
မင်းသားလွင်မိုးရဲ့ ရောင်းရင်းတွေဖြစ်တဲ့ သရဲလေးကောင်ကိုလည်း မဲပေးတဲ့ ခရီးစဉ်မှာ ပါဝင်သွားတယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် TRUS NEWS ဂျာနယ်ကနေ ပြန်ရှင်းထားတာတွေ့ရပါတယ်။
ဧရာဝတီက သရဲလေးကောင်ထဲက လူရွှင်တော် ငှက်ပျော်ကြော်ကို လွင်မိုးကိစ္စမေးကြည့်တော့ သူက “ ရှုတင်ရှိတော့ မအား လို့ မလိုက်ဖြစ်ဘူး။ သူက တချိန် က အနုပညာသမား ၊ ခုက စီးပွားရေးသမားဖြစ်နေတော့ သူလုပ်ငန်း တွေနဲ့ နွှယ်နေတော့ စီးပွားရေးနည်းနည်းပါသွားပြီပေါ့။ သူ့ဘ၀အတွက် စီးပွားရေးနဲ့ လှုတ်ရှားတာဆိုတော့ မှားတယ်မှန် တယ် ပြော လို့မရဘူးပေါ့။ တချိန်ကတော့ လက်တွဲလုပ်လာပေမယ့် မထင်မှတ်တဲ့ အချိုးအကွေ့တွေကို သွားအပြစ်တင်လို့တော့ မရဘူး ” လို့ ပြန်ပြော ပါတယ်။
ငှက်ပျော်ကြော်ကတော့ ရှုတင်ကြောင့် ရွေးကောက်ပွဲမှာ မဲသွားမပေးဘူးလို့ သိရပါတယ်။
ရွေးကောက်ပွဲမတိုင်မီက ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေးတွေ လုပ်ခဲ့တုန်းက “ဒီခရီးစဉ် တွေကို လိုက်ပါတဲ့အတွက် ကျနော့်အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။ အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင် ဖြစ်လာနိုင်တာပေါ့လေ” လို့ သူက ဧရာဝတီကို ပြန်ဖြေခဲ့ပါတယ်။
ကြံ့ဖွံ့ပါတီ ကိုယ်စား မြိတ်မြို့ကနေ ၀င်ပြိုင်တဲ့ ဦးဌေးမြင့်ဟာ ရွေးကောက်ပွဲ မတိုင်ခင်က ကချင်ပြည်နယ်မှာ မြေယာအသိမ်း ခံရတဲ့ တောင်သူ ၄၆ ဦးက တရားစွဲတာကို ခံခဲ့ရပေမယ့် ကချင် ပြည်နယ်တရားရုံးက တရားခံအမည် နေရာတွင် ကြံ့ဖွံ့အမတ် လောင်း ဦးဌေးမြင့်ကို ဖြုတ်ပြီး သူရဲ့ လက်ထောက်တဦးရဲ့ နာမည်နဲ့ အစားထိုးခဲ့တဲ့ လုပ်ရပ်တွေပြု လုပ်ခဲ့သူဖြစ်ပါတယ်။
မင်းသားလွင်မိုးနဲ့ ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့တဲ့ သူ့ရဲ့ စိတ်ကူးကို တင်ပြနိုင်ဖို့ ဧရာဝတီက ဆက်သွယ်မေးပေမယ့် ဂေါက်ရိုက် နေတာကြောင့် မအားဖူး ညမှ ဖုန်းပြန်ဆက်ခိုင်းခဲ့ပါတယ်။
လွင်မိုးနဲ့ အင်တာဗျုး နောက်ဆက်တွဲ သတင်းကို ဧရာဝတီသတင်းစာမျက်နှာမှာ ဆက်လက်ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။
နရီလင်းလက်
မင်းသားလုပ်ဖို့ဆိုတာကလည်းအရွယ်လွန်.လုပ်သမျှအလုပ်ကလည်းမအောင်
ုမြင်ဆိုတော့လည်းကြံဖွတ်အရိုးအကြွင်းအကျန်ကိုအရှက်မရှိလျှက်ရတော့တာပေါ့
သနားစရာမင်းသား.အို့ အို့...