၈ လပိုင်းက တပ်မတော်ခန်းမက ပွဲမှာ MRTV-4 ကရောင်းတဲ့ Digital Receiver ကို ၃၉၀၀၀ နဲ့ ၀ယ်လိုက်ပါတယ်...။
Digital ရုပ်သံလိုင်း ၁၀လိုင်းကို ၁လ ၃၀၀၀ကျပ်နဲ့ ၆ လမကြည့်မနေရကြည့်ရပါမယ်တဲ့...။ ရတယ်... ကြည့်မယ်ပေါ့။
ပြီးတော့ စက်ဖိုးနဲ့ ကတ်ဖိုး အတွက်ဆိုပြီး ၁ လ ၃၀၀၀ ကျပ်နဲ့ ၆ လ သွင်းရပါမယ်တဲ့...။ ဟုတ်ကဲ့ သွင်းမယ်ပေါ့...။
အထူးအစီအစဉ်နဲ့ အခပေးလိုင်းတွေကို ( e.g; Star Movies, ESPN) ၅၀ % လျှော့ဈေးနဲ့ ၆ လ ကြည့်ရှုခွင့်ပေးပါမယ်တဲ့...။
ပိုကောင်းတာပေါ့ ဆိုပြီး ၀ယ်တာပေါ့။
၈ လပိုင်းကုန်တော့ ပိုက်ဆံမသွင်းရသေးဘူးဗျ။ ၉ လပိုင်းကုန်တော့ ပိုက်ဆံ သွားသွင်းတော့လည်း အဆင်ပြေ သေးတယ်။
အဆင်ပြေတယ် ဆိုတာတောင်မှ ငွေသွင်းပြီး ၁၀ ရက်လောက်ကြာမှ လိုင်းကလာတယ်။ ဒါတောင် ဖုန်းဆက်လို့။
အောက်တိုတာလ ကုန်မှ ဇာတိကပြတော့တယ်...။ အခပေးလိုင်းကို ၀ယ်တော့ ၅၀% လျှော့ဈေး မရတော့ပါဘူးတဲ့။
ဟာ ဘာလို့လဲပေါ့... ပြောတုန်းက ၆ လအထိ ၅၀% Discount ပေးမယ်ပြောပြီး အခုမှ ၂ လပဲရှိသေးတယ် ဘာလို့ မရတာလဲမေးတော့ မရလို့ မရတာပါတဲ့...။ ကဲ ပြောတုန်းက ၆ လတဲ့။ ခုတော့ ၂ လနဲ့ အဲဒီ့ အစီအစဉ် မရှိတော့ဘူး...။ ဘယ်သူ့ကို ဘာသွားပြောပြီး ဘာဆက်လုပ်ရတော့မှာလဲ။ ဒီလိုပဲ ခံရုံပေါ့...။
အဲဒီတော့ သူငယ်ချင်းများလည်း MRTV-4 တို့ Family Entertainment တို့က ပြောရင် သိပ်ပြီး မယုံကြပါနဲ့လို့ သတိပေး လိုက်ပါတယ်။
အမှန်တကယ် ဖြစ်ရပ်ပါ။ ကြုံခဲ့ရတဲ့ လူတွေလဲ သိကြမှာပါ။
အားလုံးပဲ ဒါကို ဖတ်ရရင် သူငယ်ချင်းတွေကို Forward လုပ်ပေးကြပါ...။
ကျုပ်တို့ ဗမာတွေ စာနဲ့ ပေနဲ့ စာချုပ်နဲ့ လုပ်ကြပါဗျာ ပါးစပ်ဂတိဆို တာ သိတဲ့ အတိုင်း ဘိုးတော်ဘုရားလက်ထက်ကလို နှီးဆစ်တွေ ချိုးပြီး ဦးက နှစ်ကျပ် ဦးခတစ်ကျပ်ဆိုပြီး လုပ်နေရင် စည်းနဲ့ ဘောင်နှင့် လုပ်တတ်တဲ့ အကျင့် ဘယ်တော့မှရမှာ မဟုတ်ဖူး ပါးစပ်ဂတိက မြန်မာမှ မဟုတ်ဖူး တခြားနိုင်ငံတွေ လဲ အဲလို ပါပဲ ညာစားနေကြတယ် ကိုယ်ရပြိးရောဆိုပြီး