ဗေဒင်လိုလို ကိုယ်ထင်တာမှန်းပြီး လျှောက်ပြောမယ်။ ပြီးရင် မှားသွားတယ်ဗျာ
ဒီလိုဖြစ်မယ်ထင်တာ မဖြစ်သွားဘူးလို့ ခေါင်းကုတ် ဖင်ကုတ်နဲ့ ပြောလို့ရတယ်။
ဘယ်သူ့မှ မထိခိုက်ဘူး။
မီဒီယာတစ်ခုကနေပြီး သာမန်ပြောတာမျိုးမဟုတ်ဘဲ ကိုယ်ထိလက်ရောက်
လှုံ့ဆော်တဲ့အဆင့်အထိ အများအပြားပြောခဲ့တယ်။ စာအုပ်စာတမ်းထုတ်ခဲ့တယ်။
လူငယ်တွေစုပြီး သင်တန်းပေးတယ်။ အင်္ကျီတွေ လိုက်ဝေတယ်။ ငွေကြေးအလှူငွေတွေ
ထည့်ခဲ့တယ်။ ဒါမျိုးတွေလုပ်ပြီးမှ မှားသွားတယ်ဗျာလို့ တောင်းပန်တာဟာ
ပုံစံမဟုတ်ဘူး။
တစ်ခါက အင်တာဗျူးတစ်ခုမှ သခင်တင်မြက နိုင်ငံရေးမှာ သူတို့မှားခဲ့တာတွေဟာ
အသက်ငယ်ကြလို့ ၃၀ ၀န်းကျင်တွေမို့လို့ ပြောခဲ့ဖူးတယ်။ ဒါကို
ဆရာကြီးဒဂုန်တာရာက နိုင်ငံရေးမှာ အသက်ကြောင့်မှားတယ်ပြောလို့မရဘူး။
မှားခွင့်မရှိဘူးလို့ ပြောဖူးတယ်။ သခင်တင်မြကို ပြန်ပြောတော့ သူကလည်း
သူပြောတာမှားပါတယ်။ အသက်ငယ်လို့ နိုင်ငံရေးမှာ မှားလုပ်တယ်လို့
ပြောလို့မရပါဘူးလို့ ၀န်ခံတယ်။
နိုင်ငံရေးမှာ ကျွန်တော်တို့ထင်တာ ၀င်ပြောမိတာဗျာ မှားသွားတယ်လို့
တောင်းပန်ရုံနဲ့ မရပါဘူး။ စကတည်းက ရပ်တည်ချက် ခိုင်မာရမယ်။ ဘက်စုံ
သုံးသပ်နိုင်ရမယ်။ စကတည်းက ရွေးကောက်ပွဲကို မ၀င်သင့်ဘူး။
မဲသွားမထည့်သင့်ဘူးလို့ နိုင်ငံရေးဦးဆောင်ပါတီက ပြောခဲ့တာကို
ကန့်လန့်တိုက်ပြီး မြှောက်ထိုးပင့်ကော်တွေ ပြောခဲ့တယ်။
ခွဲထွက်တဲ့လူတွေကို သူရဲကောင်းလောက် မြှောက်စားပြခဲ့တယ်။
ငွေကြေးထောက်ပံ့ခဲ့တယ်။ ခုမှ မှားသွားတယ်ဗျာလို့ ပြန်တောင်းပန်တာဟာ
ဒေ၀ဒတ်အနေနဲ့ သံဃာဂိုဏ်းခွဲပြီးမှ ခွင့်လွှတ်ပါလို့ တောင်းပန်တာနဲ့
အတူတူပဲ။
ပိုဆိုးတာက တောင်းပန်ပြီး ဒီဘက်က မှန်ကန်တဲ့လမ်းစဉ်ကို အားပေးမယ် ကူညီမယ်
ပူးပေါင်းမယ်မဟုတ်ဘဲ ထပ်ပြီး လမ်းစဉ်အမှားကို လုပ်ဦးမယ်လို့ ကြေငြာတာဟာ
လွန်လွန်းတယ်လို့ မြင်တယ်ဗျာ။ (ဂျာနယ်ထဲမယ် အောင်ထွဋ်က
ချောတိုင်မှန်းသိလျက်နဲ့ သူတက်ခဲ့တယ် မှားပေမယ့်
ဒီချောတိုင်ထပ်တက်ဦးမယ်လို့ ရေးသကိုးဗျ။)
သိပ်မသိ လို့ အဖြစ်မှန်ရေးပေးပါ