အယ်လ်ဂျာဇီးယားက ဒီမိုကရက်တစ် မြန်မာ့အသံ အကူအညီနဲ့ တင်ဆက်ခဲ့တဲ့ Daw Aung San Suu Kyi: At the Crossroads စကားဝိုင်းအစီအစဉ်ကို ဧရာဝတီဘလော့ဂ်မှာလည်း တင်ခဲ့ပါတယ်။ ပရိသတ်အများစုက အဲဒီမှာ ပြောသွားတာကို မြန်မာလို ပြန်လည် ဖော်ပြစေလိုကြောင်း ပြောကြပါတယ်။
ယနေ့မြန်မာမှာ မြင့်လှိုင်က အဲဒီမှာ ပြောထားတာတွေကို ပြန်စုပြီး ဘာသာပြန်ထားတာ တွေ့ရပါတယ်။ အဲဒါကို ပြန်လည် ကူးယူပြီး ဖော်ပြလိုက်ပါတယ်။ မူရင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
အမျိုးသား ပြန်လည် သင့်မြတ်ရေး
ကျမတို့အနေနဲ့ အမြဲတမ်းပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ယုံကြည်ပါတယ်။ မြန်မာပြည်မှာ လိုက်လျောညီထွေမှု မရှိတဲ့ အမြင် နှစ်ခု ရှိပါတယ်။ ကျမတို့က ပြောင်းလဲမှု လုပ်ချင်ပါတယ်။ စစ်အာဏာပိုင်တွေကတော့ ပြောင်းလဲမှု မလုပ်ချင်ပါဘူး။ ဒါဟာ အဓိကပြဿနာ ဖြစ်ပါတယ်။ ကျမတို့က မလွတ်လပ်တဲ့ဘ၀ကနေ လွတ်လပ်ခြင်းကို ပြောင်းလဲချင်ပါတယ်။ ကျမတို့ မြန်မာစစ်အစိုးရနဲ့အတူတူ ပြောင်းလဲမှုတွေ လုပ်ချင်ပါတယ်။
စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ
ရွေးကောက်ထားတဲ့ ဒီမိုကရေစီကို မလိုချင်ပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားပါတယ်။ ဒါဟာ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ ပြန် ရောက်သွားပါတယ်။ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ဒီမိုကရေစီဆိုတာကို ဘယ်လို မြင်သလဲဆိုတာ အမြင်ဖလှယ်ကြရပါမယ်။ သူတို့အနေနဲ့ ဒီမိုကရေစီတခုခုကို လိုလားတဲ့သဘော မြင်ရပါတယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီပုံစံ ဆိုပါစို့။ ကျမတို့က ပြောပြချင်ပါတယ်၊ ကျမတို့ ဘာကို မျှော်လင့်သလဲဆိုတာကို။
စီးပွားရေး ပိတ်ဆို့မှု
စီးပွားရေး ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေရဲ့ လူသားချင်းဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်ပြီး ဘာမှ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီ ပတ်သက်ပြီး ကျမတို့ ပြောတဲ့အခါ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တာဝန်ခံမှု တာဝန်ယူမှု ရှိရတယ်၊ လွတ်လပ်စွာ လေ့လာစောင့်ကြည့်မှု ရှိရမယ်လို့သာ ပြောတာပါ။ ကျမတို့ လူသားချင်းဆိုင်ရာ အကူအညီတွေကို ဘယ်တုန်းကမှ ပိတ်ဆို့မထားပါဘူး။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်ရဲ့ ငါးရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်ဆိုတာကို ကြည့်ရင် လူသားချင်းဆိုင်ရာ အကူအညီတွေ ရဖို့ဆိုတာဟာ စီးပွားရေးပိတ်ဆို့မှုကို ပြောတာထက် အစိုးရမူဝါဒကို ပြောတာက ပိုကောင်းမယ်ဆိုတာကို စဉ်းစားကြည့်နိုင်ပါတယ်။
နိုင်ငံတကာပြည်သူတွေအနေနဲ့ ဘယ်လို ကူညီနိုင်မလဲ
အားလုံးအနေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ကိစ္စကို တောင်းဆိုစေလိုပါတယ်။ ဒါဟာ ပထမဆုံးခြေလှမ်းဖြစ်ပြီး အခုပဲ တောင်းဆိုစေလိုပါတယ်။ နိုင်ငံရေးမှာ အားလုံး ပါဝင်ဖို့ဆိုရင် ပထမအဆင့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ လိုအပ်ပါတယ်။ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲလိုသူ ကမ္ဘာသားတွေအားလုံးအနေနဲ့ ဒီ အချက်အပေါ်မှာ ရပ်တည်စေလိုပါတယ်။ အခုအချိန်ဟာ ကျမတို့အနေနဲ့ အဲဒီအချက်ကို စတင် လုပ်ဆောင်နေပါတယ်။ ကျမတို့အနေနဲ့ လက်တွေ့ကျတဲ့ တိုးတက်မှု ရလိမ့်မယ်လို့ ယူဆပါတယ်။
စစ်အစိုးရရဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ စစ်ဆေးဖို့
ပါမောက္ခ ကင်တားနားက ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ တောင်းဆိုတယ်လို့ ကျမထင်ပါတယ်။ ဒါဟာ လိုအပ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အဲဒီ အတွေးအခေါ်ကို ထောက်ခံပါတယ်။ ဒါဟာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတာပါ။ တချို့လူတွေထင်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို စွဲချက်တင် တရားစွဲဖို့ဆိုတာနဲ့ ကွဲကွဲပြားပြား သိစေလိုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေတွေ ပြောင်းလဲဖို့အတွက်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့ လိုအပ်တယ်လို့ ပါမောက္ခကင်တားနားက ယူဆပါတယ်။
စည်းလုံးညီညွတ်မှု
ကျမတို့ ဘာတွေ ကြိုးစားပြီး လုပ်ကိုင်ချင်သလဲဆိုတော့ တိုင်းရင်းသားများရဲ့ ပြင်းပြတဲ့ဆန္ဒ၊ မျှော်လင့်ခြင်းတွေနဲ့ ဦးတည်ချက်တခုကို သွားပြီး အဲဒီ ပြင်းပြတဲ့ဆန္ဒတွေကို အခြေခံတဲ့ ပြည်ထောင်စုစိတ်ဓါတ်တခုကို တည်ဆောက်ရမှာပါ။ ဆွေးနွေးမှုတွေ၊ တွေ့ဆုံပွဲတွေ အများကြီး လုပ်နေပါတယ်။ ကျမတို့ကို တိုင်းရင်းသားအဖွဲ့အများအပြားက ထောက်ခံနေပါတယ်။ ပိုမို ကျယ်ပြန့်လာအောင်လည်း ကြိုးစားနေပါတယ်။ အားလုံး ပါဝင်ရမယ်ဆိုတာ ဒီကနေ့ ကျမတို့ ပြောနေတဲ့ အချက် ပါ။ အားလုံး ပါဝင်ရမယ်ဆိုတာက တိုင်းရင်းသားတွေတင်မကပါဘူး၊ မြန်မာပြည်က နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူအားလုံး ပါဝင်ပါတယ်။
နောက် ဆယ်နှစ်အကြာ မြန်မာပြည်ကို ဘယ်နေရာမှာ မြင်လိုပါလဲ
ကျမကတော့ ဒီနေရာမှာပဲ ရှိမှာပါ။ နိုင်ငံရေးအရ ဘယ်နေရာမှာ ရှိမလဲဆိုရင်တော့ ကျမအနေနဲ့ ရုပ်ခန္ဓာအရ ဒီနေရာမှာ ရှိနေပေမယ့် မျှော်လင့်တာကတော့ ကျမတို့ ဒိထက် အများကြီး အရှေ့ကို ရောက်နေမှာပါ။ ဆယ်နှစ်အကြာကျရင် ကျမအနေနဲ့ ရဲရင့်တဲ့ မြန်မာလူငယ်တွေအတွက် သူတို့ မျှော်လင့်တဲ့ လွတ်လပ်ခြင်းနဲ့ လုံခြုံခြင်းတွေ ပြည့်စုံတဲ့ မြန်မာပြည်မှာ ပျော်ရွှင်စွာ နေထိုင်နိုင်ကြမယ်လို့ မြင်လိုပါတယ်။
(အခု ဖော်ပြခဲ့တာတွေကတော့ ဆွေးနွေးမှုတွေကို ပြန်လည် ဖြေကြားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေတချို့ ဖြစ်ပါတယ်။ အခုလို ဖော်ပြရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆွေးနွေးမှုကို အပြည့်အစုံ ဘာသာပြန်ဖော်ပြခြင်း မဟုတ်ဘဲ အဓိကအချက်များကိုသာ ကောက်နှုတ်ပြီး အဓိပ္ပါယ် ခြုံငုံအောင် ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။)
မြင့်လှိုင်
ယနေ့မြန်မာ
စီပွားရေးပိတ်ဆို့မှုနဲ့ ပါတ်သက်ပြီး အမေးနဲ့ အဖြေဘာမှ မဆိုင်ဘူးလို့ လွယ်လွယ်မတွေးစေ့ချင်ဘူး.. ကျနော်အစက နားလည်မှု နည်းနည်း လွဲသွားပါတယ်.. အဲဒါကတော့ humanitarian situations နဲ့ humanitarian aides ပါဘဲ.. လက်ရှိဖြစ်ပျက်နေတဲ့ လူတွေရဲ့အခြေအနေနဲ့.. လူသားချင်းဆိုင်ရာ အကူအညီများ -- စသဖြင့် အဓိပ္ပါယ်ကွဲပြားမှုရှိတယ်လို့ ကျနော့ဘာသာကျနော်နားလည်ပါတယ်.. အဲဒီစာလုံးတွေကို အောက်မျဉ်းတားထားပါတယ်.. ကျနော်သူတို့အမေးအဖြေကို transcript ကို အောက်ပါအတိုင်းလိုက် ရိုက်ချပါတယ်.. DASSK ဆိုလိုချင်တာက.. ပိတ်ဆို့မှုရဲ့ အကျိုးဆက်တွေထက် အစိုးရရဲ့ ကိုင်တွယ်ပုံမဟန်လို့ ပြည်သူလူထုက ဒီအခြေအနေတွေရောက်ရတာပါ.. ဥပမာအားဖြင့် နိုင်ငံတော်ဘတ်ဂျက်ကို ပညာရေးနဲ့ကျန်းမာရေးမှာ ၅ % သုံးတဲ့ အချက်ပေါ်ကို မူတည်ပြီးစဉ်းစားကြည့်ရင်.. အစိုးရဟာ ဘယ်လောက်ထိ တိုင်းပြည်ကို mis-management လုပ်နေတယ်ဆိုတာကို ဆိုလိုဟန်ရှိပါတယ်.. နင့်မို့လို့ အဖြေတခြား အမေးတခြား ထင်သွားနိုင်စရာရှိပါတယ်….
Q:
Daw Suu, there are a lot of the advocates on behalf of commercial interests and trade groups saying that sanction has only hampered the democratization further impoverish already poor public. As you know I was critical on blanket sanction at earlier 2003 that hurts garment workers in Rangoon. Looking back the nature of foreign investment that the country attract is primarily almost exclusively natural resources extracted sector, do you think that foreign direct investment in the oil and gas logging and mining will benefit our people?
A:
I don’t think sanction has anything to do with humanitarian situations in Burma. Because, we have never asked to sanction against to do with humanitarian aides. In fact, the only thing we have ever said with regard to humanitarian aides was that it should be transparent accountable and open to independent monitoring. We have never tried to stop humanitarian aides anyway. If you consider the fact that less than 5% of the annual budget is spend on both education and health put together, you can understand that the humanitarian situations in our country has less to do with with sanction than the policy of the Government. We do not think that the sanction have it anyway affected the humanitarian situations in this country.
ပညာရှင်မဟုတ်တော့အမှားရိုက်မိမှာပါ.. တတ်သိသူများကျေးဇူးပြု၍ နားလည်ပေးပါရန်..