ပြန်ကြားရေးဝန်ကြီးဌာနမှ အနုပညာရှင်များထံသို့ စာပို့ အကြောင်းကြားခြင်းမရှိသော်လည်း ပြန်ကြားရေးဝန်ကြီးဌာန လက် အောက်ရှိ MRTV နှင့် FM လိုင်းများတွင် ဖော်ပြခွင့်မရှိကြောင်း အကြောင်းကြားစာရရှိခဲ့သည် ဟု မြန်မာ့ ရုပ်မြင်သံကြားနှင့် နီးစပ်သူတဦးက ပြောသည်။
“ ပြီးခဲ့တဲ့ သောကြာနေ့ က စာရောက်တာ။ စာရင်းနဲ့ ဒီအနုပညာရှင်တွေ မဖော်ပြရဘူး ဆိုပြီးပါတယ်။ ထင်တာကတော့ ဒါရိုက် တာ မောင်မျိုးမင်းက ထာဝရနှင်းဆီ အငြိမ့်မှာ တော်တော် အစိုးရကို သရော်တာတွေပါသွားလို့ လို့ ကြားတယ်။ တခြားလူတွေ ကတော့ NLD က စောင့်ရှောက်ထားတဲ့ ဝေဒနာ သည်တွေကို သွားကြည့်လို့။ ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ အကန့် အသတ်မပါဘူး ” ဟုချယ်ရီ FM မှ ၀န်ထမ်းတဦးက ပြောသည်။
တန်ဆောင်မုန်းလပြည့်နေ့က ကျင်းပသွားသော ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်သည့် ထာဝရနှင်းဆီ အငြိမ် ဖျော်ဖြေပွဲတွင် မြန်မာပြည်တွင် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေများနှင့် ပြည်သူလူထု၏ နေ့စဉ်ဘဝကို ထင်ဟပ် စေသော ပြက်လုံး များဖြစ်သည့် တယ်လီဖုန်း၊ ဆင်ဆာနှင့် ကျင်းပသွားသည့် ရွေးကောက်ပွဲအပေါ် သရော်ထားသည့် ပြက်လုံး များကြောင့် ပရိတ်သတ်အားပေးမှုရရှိခဲ့သည်။
“ အနုပညာရှင်တွေကို လှန့်လိုက်တဲ့ သဘောပါပဲ။ ဒီလို ဖော်ပြခွင့်မပေးပေမယ့် အနုပညာလုပ်ခွင့်မပေး တော့တာ ဆိုတော့ အရမ်းဖိအားပေးတာမဟုတ်သေးဘူး။ အနုပညာရှင်တွေမှ မဟုတ်ဘူး။ ဘယ်သူက ဘယ်နေရာကိုပဲ သွားလှူလှူ ဒီအတွက် ဟန့်တားခွင့်မရှိသလို ပိတ်ခွင့်မရှိဘူး။ ဒီလိုပြောမရလို့ တဖက်လှည့်နဲ့ မသွားရဲအောင်လုပ်တာ ” ဟု ပြည်တွင်း ဂျာနယ်သတင်း ထောက်တဦးက ပြောသည်။
ပြီးခဲ့သည့် လအတွင်းကလည်း HIV ၊ AIDS ဝေဒနာရှင်များအား ရွှေ့ပြောင်းရန် အာဏာပိုင်များမှ ဖိအားပေးမှု များပြုလုပ်ခဲ့
သည်။
လက်ရှိ အချိန်ထိ အနုပညာရှင်များနှင့် ဆက်သွယ်မေးမြန်း၍ မရသေးပေ။
နရီလင်းလက်
ဟိုဟာလိုက်ပိတ်၊ ဒီဟာလိုက်ပိတ် နဲ့၊ဘာ ဒီမိုကရေစီ လမ်းကြောင်းကိုသွားနေတာလည်း။ လုပ်တော့လည်း ကလေးကလားဆန်လိုက်တာ၊ သောက်အဆင့်အတန်း လည်းမရှိဘူး။